တနင်္သာရီတိုင်းနေ လူသုံးသောင်းအား ကိုယ်ခံစွမ်းအားမြင့်စေသည့် ဗီတာမင် D3 တိုက်မည်
diz_admin
August 7, 2021ကိုယ်ခံစွမ်းအားမြင့်တက်စေသည့် ဗီတာမင် D3 အား တနင်္သာရီတိုင်းနေ လူဦးရေသုံးသောင်းအား တိုက်ကျွေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။ တိုက်ကျွေးမည့် ဗီတာမင် D3 ကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးအသင်းချုပ်မှ ထောက်ပံ့ပေးခြင်းဖြစ်ပြီး ထားဝယ်ဒေသ၌ သြဂုတ်လ ၆ ရက်နေ့တွင် စတင်တိုက်ကျွေးမည်ဖြစ်ကြောင်း ကူညီဆောင်ရွက်ပေးနေသည့် တိုင်းဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းဝင်တစ်ဦးက ဆိုသည်။ သြဂုတ်လ ၆ ရက်နေ့တွင် ထားဝယ်စည်ပင်သာယာဈေးကြီးနှင့် ကမ်းနားဈေးတွင် ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်းကာ အခမဲ့တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တစ်ခါသုံးခွက်နဲ့ လူတစ်ယောက် ခွက်တစ်လုံးထည့်ပြီးတော့ တစ်ခါတည်း တိုက်မယ်ခင်ဗျား” ဟု အထက်ပါ အသင်းဝင်က ဆိုသည်။ ယင်းအပြင် ရဟန်း၊ သီလရှင် စာသင်တိုက်များတွင်လည်း တိုက်ကျွေးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဗီတာမင်D3 မှာ လူတစ်ယောက်အတွက် […]


