ထားဝယ်မြို့အဝင်အထွက်ဂိတ် ပိုတင်းကျပ်
diz_admin
August 19, 2021ထားဝယ်မြို့အဝင်အထွက် ဂိတ်များတွင် ယခင်ရက်များထက် လုံခြုံရေးပိုမိုတင်းကျပ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်တွင် မြို့အဝင်အထွက်ဂိတ် လေးခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်၊ ကမြောကင်းတံတားဂိတ်၊ ပေါက်တိုင်းတံတားဂိတ်နှင့် ဗျောတော၀ဂိတ် တို့တွင် သြဂုတ်လ ၁၉ ရက်နေ့က စစ်ဆေးမှုတင်းကျပ်နေခြင်းဖြစ်သည်။ ကမြောကင်းတံတားဂိတ်တွင် ယခင်က ဘယ်ရီဂိတ် ၃ခုခန့်သာချထားရာမှ ယနေ့တွင် ခြောက်ခုအထိချထားပြီး ဆိုင်ကယ်အားလုံးကို မဖြစ်မနေစစ်ဆေးနေကြောင်း သိရသည်။ ယခင်က ၎င်းတို့မသင်္ကာသည့်ဆိုင်ကယ်များကိုသာ ရပ်တန့်စစ်ဆေးနေခြင်းဖြစ်ကြောင်း လောင်းလုံးဒေသခံအချို့က ဆိုသည်။ ယနေ့စစ်ဆေးမှုမှာ တင်းကျပ်လွန်းနေပြီး အင်အားလည်း ပိုများနေကြောင်း လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။ “အင်အားများတယ် အရင်နေ့တွေထက်ဆိုးတယ်။ လှည့်ပြန်နေရတာတွေ မနည်းတော့ဘူး။ ရဲ စစ်သား အင်အား နှစ်ဆယ်လောက်ရှိမယ်” ဟု ၎င်းက ဆိုသည်။ အခြားမြို့ဝင်ဂိတ်တစ်ခုဖြစ်သည့် အိမ်ရှေ့ပြင်ဂိတ်တွင်လည်း အင်အားပိုချထားပြီး ညနေပိုင်းအထိ စစ်ဆေးနေဆဲဖြစ်ကြောင်း […]


