ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်မြို့‌ဟောင်းရွာမှ မီးလောင်ခံရသည့်မိသားစုနှစ်ဦး ထပ်မံသေဆုံး

diz_admin

April 20, 2021

လောင်းလုံးမြို့နယ် မြို့ဟောင်းကျေးရွာအုပ်စု ဒေသအခေါ် ဂန်တောင်ရွာ၌ နေအိမ်မီးလောင်ခံရသည့် မိသားစုတွင် သေဆုံးသူ သုံးဦးရှိသွားပြီဖြစ်သည်။ မတ်လ ၂၁ ရက်ညက နေအိမ်မီးလောင်မှုတွင် မိသားစုဝင်ခုနှစ်ဦး မီးလောင်ခံရပြီး လက်ရှိအချိန်ထိ သုံးဦး အသက်ဆုံးပါးသွားခြင်းဖြစ်သည်။ မီးလောင်ရာတွင် အသက် ငါးဆယ်ဝန်းကျင်အရွယ် ‌ဒေါ်ရီရီမွန်၊ အသက် ၂၄ နှစ်အရွယ် ကိုထက်လင်းစိုး၊ တက္ကသိုလ်ကျောင်းသူ မအိမြတ်မော်၊ အသက် ၁၇ နှစ်အရွယ် မယွန်းနဒီမော်၊ အသက် ၅ နှစ်အရွယ် မောင်အောင်ပိုင်ထွေး၊ အသက် ၃၀ အရွယ် ဖိုးစီ(ခ) ကို‌ဟဲအောင်နှင့် (၇)အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထိုက်တို့ မီးလောင်ဒဏ်ပြင်းထန်စွာရရှိခဲ့ပြီး တပ်ဆေးရုံတွင် ဆေးကုသမှုခံယူနေခဲ့သည်။ အသက် ၁၄ နှစ်အရွယ် မောင်ကျော်မင်းထိုက်မှာ မီးလောင်မှုဖြစ်ပြီး နောက်တစ်နေ့မှာပင် သေဆုံးသွားခဲ့သည်။ ကျန်သူများ […]

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း

diz_admin

April 20, 2021

ထားဝယ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းသည် ဧပြီလ ၂၀ ရက်နေ့ ညနေပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ဓာတ်ပုံ – Dawei Watch

မိုးရေထဲ စစ်အာဏာရှင်စနစ်အား ဆန့်ကျင်‌နေဆဲဖြစ်သည့် ကံပေါက်သပိတ်

diz_admin

April 18, 2021

ကံပေါက်သပိတ်စစ်ကြောင်းဟာ မိုးရွာနေတာကို အံတုရင်း ဧပြီလ ၁၉ ရက်နံနက်ပိုင်းက ရက် ၇၀ ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

ကံပေါက်ဒေသရဲ့ အတာအိုးသပိတ်

diz_admin

April 17, 2021

ကံပေါက်ဒေသရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်‌ရေးအတာအိုးသပိတ်ကို မြန်မာနှစ်ဆန်းတစ်ရက်နေ့ ညနေပိုင်းက ပြုလုပ်ခဲ့ပါတယ်။ အဲဒီသပိတ်မှာ ဆန္ဒပြသူတွေက အတာအိုးတွေကို ပစ်ခွဲပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ပါတယ်။

တနင်္သာရီတိုင်းအတွင်း အကျဉ်းသားတစ်ထောင်ကျော် လွတ်

diz_admin

April 17, 2021

တနင်္သာရီတိုင်းအတွင်းရှိ အကျဉ်းသား ၁၂၂၄ ဦးကို လွတ်ငြိမ်း သက်သာခွင့်ပေးခဲ့ကြောင်း တိုင်းဒေသကြီး အကျဉ်းဦးစီးဌာနထံမှ သိရသည်။ ထားဝယ်အကျဉ်းထောင်မှ ၁၉၉ ဦး၊ မြိတ်အကျဉ်းထောင်မှ ၃၅၇ ဦး၊ ကော့သောင်းအကျဉ်းထောင်မှ ၃၇၅ ဦးနှင့် အလုပ်စခန်းများမှ ၂၉၃ ဦးကို ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ကြောင်း ယင်းဌာနထံမှ သိရသည်။ လက်ရှိလွတ်ငြိမ်းသက်သာခွင့်မှာ ပြစ်ဒဏ်၏ လေးပုံတစ်ပုံကို လျော့ရက်အဖြစ်သတ်မှတ်ပြီး လွှတ်ပေးကြောင်း တနင်္သာရီတိုင်းဒေသကြီး အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဆိုသည်။ “လျော့ရက်ပေးတာကို နှုတ်လိုက်လို့ရှိရင် လွတ်တဲ့လူတွေကို လွှတ်ပေးတာပေါ့နော်၊ ပြီးရင် စည်းကမ်းသတ်မှတ်ချက်ပေါ့ နောင်ကို ပြစ်မှုတစ်ခုခုမကျူးလွန်ရဘူး” ဟု ၎င်းက ပြောသည်။ အဆိုပါ စည်းကမ်းချက်မှာ နောက်ပိုင်းပြစ်မှုတစ်ခုခုထပ်မံကျူးလွန်ပါက လျော့ပေးလိုက်သည့် လက်ကျန်ပြစ်ဒဏ်ကိုပါ ပေါင်းပြီးခံရမည်ဖြစ်ကြောင်း အထက်ပါ […]

လောင်းလုံးတွင် သပိတ်စစ်ကြောင်းလိုက်သည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်၊ အမျိုးသားတစ်ဦး အဖမ်းခံရ

diz_admin

April 17, 2021

လောင်းလုံးမြို့နယ် အင်းဇောက်ကျေးရွာ သပိတ်စစ်ကြောင်းတွင် လိုက်ပါနေသည့် ဆိုင်ကယ်အား ကားဖြင့်ဝင်တိုက်ပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့‌ကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူအချို့ထံမှသိရသည်။ ဧပြီလ ၁၇ ရက်နံနက်ပိုင်းက စစ်အာဏာရှင်ဆန်ကျင်ရေး ဆိုင်ကယ်ဖြင့် စီတန်းလှည့်လည်နေစဉ် သပိတ်‌စစ်ကြောင်းအနောက်ဘက်တွင် ကျန်နေခဲ့သည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်‌သေနတ်ကိုင်များက အိမ်စီးကားဖြင့်ဝင်တိုက်ခဲ့ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်နေသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။ ထိုနောက် ဆိုင်ကယ်ပေါ်ပါ အင်းဇောက်ကျေးရွာနေ ဦးခင်ဇော်လွင်ကို ဖမ်းဆီးသွားကြောင်း အထက်ပါ အမျိုးသားက ပြောသည်။ “ကားနဲ့ဆိုင်ကယ်ကို တိုက်လိုက်တယ်။ ကျွန်‌တော်တို့ ထွက်ပြေးတဲ့အချိန်မှာ သေနတ်ထုတ်ချိန်ပြီး သူငယ်ချင်းကို ဖမ်းသွားတယ်” ဟု အဆိုပါ အမျိုးသားကပြောသည်။ ထိုဖြစ်စဉ်တွင် သေနတ်ပစ်ဖောက်ခြင်း မရှိခဲ့ပေ။ ဦးခင်ဇော်လွင်သည် အင်းဇောက်ကျေးရွာသပိတ်စစ်ကြောင်းနှင့်အတူလိုက်ပါလာစဉ် သာယာကုန်းကျေးရွာနှင့် မင်းရပ်ကျေးရွာအကြားတွင် အဖမ်းခံရခြင်းဖြစ်သည်။

သေနတ်သုံးချက်ပစ်ဖောက်ပြီး လူစုခွဲခံရတဲ့ ကံပေါက်သပိတ်

diz_admin

April 16, 2021

စစ်အာဏာရှင်ဆန့်ကျင်ရေး ၆၈ ရက်မြောက် ဝမ်းနည်းခြင်းသပိတ်ကို ဧပြီလ ၁၆ ရက်နေ့က ကံပေါက်ဒေသတွင် ပြုလုပ်ခဲ့သည်။ အဆိုပါသပိတ်စစ်ကြောင်း လူစုခွဲနေစဉ် ရဲနှင့် စစ်တပ်ရောက်လာပြီး သေနတ် သုံးချက်ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း ဒေသခံထံမှ သိရသည်။ သေနတ်ပစ်ဖောက်ခြင်းနှင့်ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရရှိခြင်း ၊ ဖမ်းဆီးခံရခြင်း မရှိကြောင်း ဒေသခံများက ဆိုသည်။

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး အဖမ်းခံရ

diz_admin

April 13, 2021

ဆိုင်ကယ်သွားထုတ်သည့် ကျောင်းဆရာမတစ်ဦးနှင့် သားဖွားဆရာမတစ်ဦး ဧပြီလ ၁၀ ရက်နေ့လယ်ပိုင်းက အဖမ်းခံခဲ့ရကြောင်း ထားဝယ်ကုသိုလ်ဖြစ်ဆေးအဖွဲ့ထံမှ သိရသည်။ ဖြစ်စဉ်မှာ မတ်လ ၂၇ ရက်က ကျည်ဆန်ထိမှန်ခဲ့သည့် လူနာအမျိုးသားတစ်ဦးကို သွားရောက်ကုသပေးစဉ် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆိုင်ကယ်သုံးစီးကို ရဲတပ်ဖွဲ့နှင့် စစ်သားများက သိမ်းယူသွားပြီး ဧပြီလ ၁၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ ဆိုင်ကယ်လာထုတ်ရန် တိုင်းရဲရုံးသို့ ခေါ်ယူသဖြင့် သွားရောက်ထုတ်ယူစဉ် အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု အထက်ပါ‌ဆေးအဖွဲ့မှ အမျိုးသားတစ်ဦးက ပြောသည်။ တိုင်းရဲရုံးတွင် ဆိုင်ကယ်သွားထုတ်ရန် ကျောင်းဆရာမက ဦးစွာရောက်ရှိခဲ့ခြင်းဖြစ်ပြီး ညီမဖြစ်သူ သားဖွားဆရာမအား တိုင်းရဲရုံးကိုလာခဲ့ရန် ခေါ်သဖြင့် ညီမဖြစ်သူနှင့် ကုသိုလ်ဖြစ်ဆေးခန်းမှ ဆေးဝါးအကူ သူနာပြုဆရာတစ်ဦး ရောက်ရှိစဉ် ဖုန်းများကို စစ်ဆေးပြီး သုံးဦးစလုံးကို တိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားလိုက်ခြင်းဖြစ်သည်။ သူနာပြု အမျိုးသားကိုမူ ညနေပိုင်းတွင် ခံဝန်ဖြင့် […]