တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံသုံးပုံတစ်ပုံ မဖွင့်နိုင်သေး
diz_admin
April 21, 2021တနင်္သာရီတိုင်းအတွင်းရှိ ဆေးရုံအားလုံး၏ သုံးပုံတစ်ပုံ မဖွင့်နိုင်သေးကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး/ ကုသရေးဦးစီးဌာနထံမှ သိရသည်။ တပ်အာဏာသိမ်းပြီးချိန်မှစ၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအများစုက အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည်။ လက်ရှိတွင် ခရိုင်ဆေးရုံကြီးများက ပြန်ဖွင့်နေပြီဖြစ်ပြီး တိုက်နယ်ဆေးရုံအများစုသာ မဖွင့်နိုင်သေးကြောင်း အထက်ပါဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ တနင်္သာရီတိုင်းအတွင်း ခရိုင်၊ မြို့နယ်နှင့် တိုက်နယ်ဆေးရုံ စုစုပေါင်း ၄၀ ခန့်ရှိသည်။ ဆေးရုံအများစု ပြန်ဖွင့်နေပြီဖြစ်သော်လည်း ကုသရေးအပါအဝင် လုပ်ငန်းအားလုံးမလည်ပတ်နိုင်သေးကြောင်း ၎င်းက ပြောသည်။ “လည်ပတ်နေတာတော့ မဟုတ်ဘူးပေါ့၊ ရှိတဲ့လူနဲ့တော့ လူနာကြည့်ပေးနေတာပေါ့၊ အရေးပေါ်ကြည့်တယ်၊ အတွင်းလူနာကလည်း ထားနိုင်သလောက်ထားပေးတယ်” ဟု တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ လက်ရှိတွင် CDM လုပ်နေသည့် ဆရာဝန်များအား ပုဒ်မ-၅၀၅(က) ဖြင့် နကစ […]


