ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်အခြေစိုက် သတင်းထောက် တစ်ဦး အဖမ်းခံရ

diz_admin

September 1, 2021

Eleven မီဒီယာ၏ မြိတ်အခြေစိုက် သတင်းထောက်ဖြစ်သူ ကိုဇော်မိုးဦးအား ယနေ့ မနက်အစောပိုင်းက နေအိမ်တွင် လာရောက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်း၏မိသားစုဝင်ထံမှသိရသည်။ စက်တင်ဘာလ ၁ ရက် နံက် ၁ နာရီခွဲတွင် စစ်သားနှင့် ရဲသားများ ပါဝင်သော ကားသုံးစီးဖြင့် ရောက်ရှိလာပြီး တံခါးဖွင့်ခိုင်းကာ လာရောက်ခေါ်ဆောင်သွားကြောင်း ၎င်း ၏ ဇနီးဖြစ်သူ ကပြောသည်။ “ရိုက်တာနှက်တာတော့မလုပ်ဘူး။ ဒီအတိုင်းပဲ  လိုက်ခဲ့ဖို့ခေါ်သွားတယ်”ဟုကိုဇော်မိုးဦး၏ ဇနီး ကပြောသည်။ လက်ရှိအချိန်တွင် ဦးဇော်မိုးဦးအား မြိတ်မြို့၊ မြို့မရဲစခန်းတွင် ထိမ်းသိမ်းထားသည်ဟု ကြားသိရပြီး ဆက်သွယ်ခွင့်ရရေး ကြိုးစားနေကြောင်း သူမကဆိုသည်။ ကိုဇော်မိုးဦးသည် မြိတ်အခြေစိုက် ထုံးဖိုလူငယ်များ ပရဟိတနာရေးကူညီမှုအသင်းတွင်လည်း အသင်းဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေသူ ဖြစ်သည်။ Eleven မီဒီယာသည် နေ့စဉ်ထုတ် သတင်းစာ၊ အပတ်စဉ်ထုတ် သတင်းဂျာနယ်နှင့် […]

လောင်းလုံးမြို့နယ် ဝေဒီရွာတွင် စစ်သားများက လူစိမ်းဝင်စစ်

diz_admin

August 31, 2021

လောင်းလုံးမြို့နယ်အတွင်း ထားဝယ်မြစ်ကမ်းဘေးရွာတစ်ရွာဖြစ်သည့် ဝေဒီကျေးရွာတွင် စစ်သားများက လူစိမ်းရှိ မရှိကို ဝင်ရောက်စစ်ဆေးနေကြောင်း ‌ယင်းကျေးရွာသားအချို့ထံမှ သိရသည်။ ဩဂုတ်လ ၃၁ ရက် နေ့လယ် ၁ နာရီခန့်တွင် လာရောက်စစ်ဆေးနေခြင်းဖြစ်ပြီး မြစ်ကမ်းနံဘေး နေအိမ်များကို အဓိကထား ရှာဖွေ စစ်ဆေးခဲ့‌ကြောင်း ဒေသခံအချို့က ဆိုသည်။ “PDF တွေ ရေလမ်းကနေလာပြီး ဒီရွာမှာများ လာပုန်းနေတယ်ထင်ပြီး ရှာနေတာလို့ထင်တယ်။ ကမ်းနားက ထောင့်ကျတဲ့ အိမ်တွေကို စစ်ဆေးတာများတယ်။ အိမ်ထောင်စုစာရင်းပြခိုင်းပြီးတော့ စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ညနေ ၅ နာရီကျော်အချိန်အထိ မေးမြန်းချက်အရ စစ်သားများ ရွာထဲတွင် ရှာဖွေစစ်ဆေးနေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများမရှိသေးကြောင်း အဆိုပါဒေသခံက ဆိုသည်။ ဩဂုတ်လ ၂၇ ရက်က နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းတစ်ဦး […]

မြိတ်တွင်ကိုဗစ်ကြောင့် သေဆုံးမှုလျော့ကျ

diz_admin

August 31, 2021

မြိတ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးမှုလျော့ကျလာကြောင်း နာရေးကူညီမှုပရဟိတအသင်းများ ထံမှ သိရသည်။ မြိတ်မြို့တွင် သြဂုတ်လ‌အစောပိုင်းကသေဆုံးမှုမြင့်တက်ခဲ့သော်လည်း လက်ရှိတွင် သိသိသာသာ လျော့ကျလာသည်ဟု နာရေးကူညီနေသည့် ပရဟိတအသင်းတာဝန်ရှိသူများက ပြောသည်။ “အခုက သိသိသာသာ လျော့ကျလာတာ သုံးရက်လောက်တော့ ရှိပြီပေါ့”ဟု ဂရုဏာနာရေးကူညီမှုအသင်းမှ ကိုထိုက် ကပြောသည်။ မြိတ်မြို့တွင် ဇူလိုင်လအထိ ပိုးတွေ့လူနာ သေဆုံးမှု တစ်နေ့လျှင် သုံးဦးခန့်သာရှိခဲ့ရာမှ သြဂုတ်လအစောပိုင်းတွင် သေဆုံးသူ ဆယ်ဂဏန်းအထိမြင့်တက်လာခဲ့သည်။ အဆိုပါ အရေအတွက်မှာ ဆေးရုံနှင့်နေအိမ်များတွင် သေဆုံးသည့် ပမာဏဖြစ်သည်။ လက်ရှိတွင်မူ သေဆုံးမှု ထက်ဝက်နီးပါး လျော့ကျ ကြောင်း ၎င်းတို့ထံမှ သိရသည်။ “မနေ့ကဆို ဆေးရုံရော ရပ်ကွက်ပါပေါင်းမှ ခြောက်ဉီးပဲရှိတော့တယ်”ဟု ကိုထိုက် ကပြောသည်။ မြိတ်မြို့တွင် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး ကိုဗစ်ရောဂါကူးစက်မှု ထိန်းချုပ်ရန် […]

ရွှေတံဆိပ်ဆုရှင် နိုင်ငံလက်ရွေးစင် ဘောလုံးသမားဟောင်း ဦးစိန်ဝင်း ကွယ်လွန်

diz_admin

August 31, 2021

နိုင်ငံတကာ ရွှေတံဆိပ်ဆုရှင်လည်းဖြစ်၊ မြန်မာ့ဘောလုံးအသင်းရွှေခေတ်က နိုင်ငံ့လက်ရွေးစင်အားကစားသမားတစ်ဦးဖြစ်သူ ဦးစိန်ဝင်း ကွယ်လွန်သွားပြီဖြစ်သည်။ ထားဝယ်မြို့ ကရပ်ပြင်ရပ်ကွက်ရှိ နေအိမ်မှာပင် ယနေ့ ဩဂုတ်လ ၃၁ ရက်က ကွယ်လွန်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်အရွယ် ဦးစိန်ဝင်းသည် လူကြီးရောဂါဖြင့် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း တူတော်စပ်သူတစ်ဦးက ပြောသည်။ “နေမကောင်းဖြစ်နေတာတော့ တစ်ပတ်လောက်ဖြစ်နေပြီ။ ကိုဗစ်ရောဂါစစ်ဆေးတော့လည်း ပိုးမတွေ့ဘူး။ ကြားထဲမှာ ဝမ်းလျှောတာဖြစ်ပြီးတဲ့နောက် အားပြတ်သွားတယ်ထင်တယ်” ဟု ၎င်းက ဆိုသည်။ ထားဝယ်သား ဦးစိန်းဝင်သည် ၁၉၇၀ ခုနစ်မှစပြီး နောက်တန်းခံစစ်မှူးအဖြစ် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းတွင် စတင်ပါဝင်ကစားခဲ့သည်။ သူပါဝင်ကစားခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းသည် ၁၉၇၁ ခုနှစ်တွင် အာရှအမြင့်ဆုံးဆုဖလားသုံးခုကို တစ်နှစ်တည်း ဆွတ်ခူးနိုင်ခဲ့သည်။ ယင်းဆုဖလားများမှာ ဂျာကာတာဖလား၊ တောင်ကိုးရီးယား ပတ်ချုံဟီးဖလား၊ မလေးရှားမာဒေးကားဖလားတို့ဖြစ်သည်။ တောင်းကိုးရီးယားပတ်ချုံဟီးဖလားကို […]

မွန်တွင် ကိုဗစ်ကြောင့် သေဆုံးသူ တစ်ထောင် ကျော်

diz_admin

August 31, 2021

မွန်ပြည်နယ်တွင် ကိုဗစ်ရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက် တစ်ထောင်ကျော် အထိရှိလာသည်ဟု ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မွန်ပြည်နယ်တွင် ဇွန်လဆန်းပိုင်းခန့်မှစပြီး ကိုဗစ်ကူးစက်မှု ဆက်တိုက်မြင့်တက်လာခဲ့ပြီး ကိုဗစ်ကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်လည်း မြင့်တက်လာခဲ့သည်။ ပြည်သူ့ကျန်းမာရေးဌာန၏ ထုတ်ပြန်သည့်စာရင်းများအရ ဇွန်လမှ သြဂုတ်လ ၃၀ ရက်နေ့အထိ မွန်ပြည်နယ်အတွင်း၌ ကိုဗစ်အတည်ပြုလူနာ တစ်ထောင်ဦးကျော် သေဆုံးသွားခဲ့သည်။ “ဇွန်လကနဲ့စာရင် ဒီလ(သြဂုတ်)မှာတော့ ကျလာပါတယ်။ ဒါပေမယ့်လည်း တချို့မြို့နယ်တွေမှာတော့ ကူးစက်မှုရော သေဆုံးမှုရော များနေဆဲပဲ။ မပေါ့ဆကြဖို့လိုတယ်” ဟု မြို့နယ်တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်သေဆုံးလူနာ အရေအတွက်သည် ဆေးရုံတွင် တက်ရောက်ဆေးကုသရင်း သေဆုံးသွားသူများစာရင်းသာဖြစ်ပြီး နေအိမ်တွင် သေဆုံးသွားသူများစာရင်းပါ ပေါင်းလိုက်ပါက သေဆုံးလူနာသည် ထုတ်ပြန်ထားသည့်အရေအတွက်ထက် များနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “အိမ်မှာ ကုနေရင်းနဲ့ […]

ထားဝယ် ကနက်သီရိတွင် နှစ်ဦး အသတ်ခံရ

diz_admin

August 31, 2021

ထားဝယ်ဒေသ၊ သရက်ချောင်းမြို့နယ်၊ ကနက်သီရိကျေးရွာတွင် ယမန်နေ့ညက လူနှစ်ဦး အသတ်ခံရကြောင်း ယင်းရွာသားအချို့ထံက သိရသည်။ ကနက်သီရိကျေးရွာတွင် ဩဂုတ်လ ၃၀ ရက်ညက လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့အား အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက်ပစ်ခတ်ခဲ့သဖြင့် အသက် ၃၀ ကျော် အမျိုးသားတစ်ဦးနှင့် အသက် ၄၀ ကျော်အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ယင်းကျေးရွာနေထိုင်သူတို့ထံမှ သိရသည်။ ယမန်နေ့ည ၁၀ နာရီ ၄၀ မိနစ်ခန့်က လက်လုပ်မိုင်းသံတစ်ခု ကြားရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများ ကြားခဲ့ရသည်ဟု ကျေးရွာတွင်းနေထိုင်သူ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့ ပစ်ခတ်မှုတွေဖြစ်ပွားပြီး ညနက်ပိုင်းတွင် စစ်တပ်မှ စစ်အား ၈ စီး ရောက်လာပြီး ကျေးရွာတွင် တပ်စွဲထားလိုက်သည်ဟု ၎င်းက ပြောသည်။ ယင်းနောက် နံနက် ၄ […]

နတလ ဒုညွှန် အသတ်ခံရပြီးနောက် ထားဝယ်တွင် လူသုံးဆယ်နီးပါးအဖမ်းခံရ ဟုဆို

diz_admin

August 30, 2021

နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး နှင့် ဝန်ထမ်းတစ်ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ထားဝယ်မြို့တွင် လူသုံးဆယ်နီးပါး အဖမ်းခံထားရကြောင်း မြို့ခံတို့ထဲမှ သိရသည်။ ဒုညွှန်မှူး ဦးသောင်းတန်နှင့် ဝန်ထမ်းတစ်ဦး၏ အလောင်းနှစ်လောင်းကို ကြက်စားပြင်ရပ်ကွက်ရှိ ဆိပ်ကမ်းဘူတာရုံအနီးတွင် ဩဂုတ်လ ၂၈ ရက်ကတွေ့ရှိခဲ့ရပြီးနောက် ယင်းနေ့ ညပိုင်းတွင်  ရပ်ကွက်အတွင်း အင်အားအလုံးအရင်းဖြင့် တစ်အိမ်တက် တစ်အိမ်ဆင်း ဝင်ရောက်ရှာဖွေစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ယင်းရပ်ကွက်နေထိုင်သူအချို့က ပြောသည်။ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက တစ်အိမ်တက် တစ်အိမ်ဆင်းရှာဖွေစဉ် အိမ်ထောင်စု၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကို တောင်းယူစစ်ဆေး မေးမြန်းပြီး သင်္ကာမကင်းသူများကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရပ်ကွက်နေ လူငယ်တစ်ဦးက ပြောကြားသည်။ “စစ်သားအင်္ကျီရော၊ အရပ်ဝတ်တွေရောပါတယ်၊ သူတို့တွေက လူလာရှာတယ်ဆို ပြောပြီးစစ်တယ်” ဟု လူငယ်အမျိုးသားက ဆိုသည်။ ဝန်ထမ်းနှစ်ဦး အသတ်ခံရသည့်ညက […]

စစ်ပြဲရွာမှ ဖမ်းဆီးခံ အမျိုးသမီးလေးဦး ပြန်လွတ်လာ

diz_admin

August 30, 2021

ထားဝယ်ဒေသ လောင်းလုံးမြို့နယ် စစ်ပြဲရွာတွင် ဩဂုတ်လ  ၂၉ ရက်နေ့က ဆန္ဒပြရာတွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသော အမျိုးသမီးလေးဦးကို ယင်းနေ့ညပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း မိသားစုဝင်တို့ထံမှ သိရသည်။ လောင်းလုံးမြို့မ ရဲစခန်းတွင် စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ နောက်ဆန္ဒပြပါက လွှတ်ပေးတော့မည်မဟုတ်ကြောင်း စစ်ဆေးသူများက ပြောဆိုကြောင်း ဖမ်းဆီးခံရသူ၏ မိသားစုဝင်ဖြစ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ညကတော့ လက်မှတ်မထိုးခိုင်းဘူး။ မနက်ကျမှ လက်မှတ်သွားထိုးရတယ် နောက် ဆန္ဒမပြဖို့ မှာလိုက်တယ်”ဟု အထက်ပါအမျိုးသမီးကဆိုသည်။ အဆိုပါအမျိုးသမီး လေးဦးမှာ ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ယင်းနေ့က ဆွေမျိုးတော်စပ်သူထံ သွားရောက်ရာမှ စစ်ဆေးဖမ်းဆီးခံရခြင်းဖြစ်ပြီး အချို့ကမူ  နာရေးကူညီမှုအသင်းမှ အပြန်တွင် စစ်ဆေးဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဆိုသည်။