ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်သပိတ်အဖွဲ့ဝင် ကိုကျော်ထွေးအမှု မစစ်ဖြစ်သေး

diz_admin

May 1, 2021

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုထားသည့် ထားဝယ်သပိတ် အဖွဲ့ဝင် ကိုကျော်ထွေးအမှုအား ဧပြီလ ၂၇ ရက်နေ့က ချိန်းဆိုထားသော်လည်း မစစ်ဖြစ်သေးကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေထံမှ သိရသည်။ တရားစွဲခံထားရသည့် ကိုကျော်ထွေးမှာ နှင့် ဆက်စပ် အခြားသူတစ်ဉီး၏ တရားခံပြေးအမှုမပြီးသေးသည့်အတွက် မစစ်ဖြစ်သေးကြောင်း ၎င်းက ဆိုသည်။ ကိုကျော်ထွေးမှာ မတ်လ ၁၀ ရက်နေ့က ထားဝယ်မြို့သစ် ၄ လမ်းရှိ ကားဝပ်ရှော့တစ်ခုတွင် အဖမ်းခံရခြင်းဖြစ်သည်။ ၎င်းအမှုကို မတ်လ ၂၄ ရက်နေ့ရုံးချိန်းတွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ထားဝယ်မြို့နယ်တရားရုံးတွင် တရားစွဲတင်ထားသည်။ ယင်းအမှုနှင့် ပတ်သက်၍ ဧပြီလ ၂၁ ရက်နေ့နှင့် ၂၇ ရက်ရုံးချိန်းတို့တွင် မစစ်ဆေးဖြစ်ကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အမှုအား […]

နောက်အစိုးရဖွဲ့ပြီးချိန်မှ မြို့နယ်စည်ပင်သာယာရေးကော်မတီများ ပြန်ဖွဲ့စည်းမည်ဟု ထုတ်ပြန်

diz_admin

April 30, 2021

တနင်္သာရီတိုင်းအတွင်း သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်းမည့် စည်ပင်သာယာရေးဥပဒေပါ အခန်းကို ရုတ်သိမ်းကြောင်း တပ်ကောင်စီက ထုတ်ပြန်ထားသည်။ တိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေပါ အခန်း ၄ အား မတ်လ ၂၃ ရက်နေ့က ရုပ်သိမ်းလိုက်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။ တနင်္သာရီတိုင်းစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း ယင်းဥပဒေပါ အခန်း ၄ ကို ရုပ်သိမ်းထားကြောင်း Dawei Watch သို့ အတည်ပြုပြောဆိုသည်။ အဆိုပါ ဥပဒေအခန်း ၄ မှာ မြို့နယ်စည်ပင်သာယာရေးကော်မတီဖွဲ့စည်ခြင်းကို ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ ရုပ်သိမ်းသည့်ကာလကို နကစ ကောင်စီက အရေးပေါ်ကာလဆိုင်ရာပြဋ္ဌာန်းချက်များနှင့်အညီ တာဝန်များပြီးမြောက်ပြီးနောက် ရွေးကောက်ပွဲကျင်းပပြီး အစိုးရအဖွဲ့များ ဖွဲ့စည်းပြီးသည့်နေ့အထိ အာဏာတည်ရမည်ဟု ထုတ်ပြန်ထားသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီကို အဖွဲ့ဝင် ခုနှစ်ဦးဖြင့် ဖွဲ့စည်းရန်ပြဋ္ဌာန်းထားပြီး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တစ်ဦး (မြို့မိမြို့ဖကိုယ်စားလှယ်) ကို […]

ထားဝယ်မြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်းနှစ်ဆယ်ကျော်ကို ရဲစခန်းတွင်ထိန်းသိမ်းထား

diz_admin

April 30, 2021

ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဟောင်း နှစ်ဆယ်ကျော်ကို ဧပြီလ ၂၉ ရက်နေ့မှစကာ ထားဝယ်မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။ အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးများကို ကိုယ်ရေးအချက်အလက်မေးမြန်းသည်မှအပ ဧပြီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအထိ မည်သည့်စစ်ဆေးမှုမှ မလုပ်သေးကြောင်း သိရသည်။ ထားဝယ်မြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူး သုံးဆယ်ကျော်ရှိသော်လည်း အချို့မှာ တိမ်းရှောင်နေသဖြင့် နှစ်ဆယ်ဦးခန့်ကိုသာ ထိန်းသိမ်းထားကြောင်း သိရသည်။ ထိန်းသိမ်းခံထားရသည့် အုပ်ချုပ်ရေးမှူးဟောင်းအချို့ကို ရဲကားဖြင့်ခေါ်ဆောင်ခံရသူများရှိသကဲ့သို့ အချို့ကိုမူ ရဲစခန်းသို့လာရန် ဖုန်းဆက်ခေါ်ယူခြင်းဖြစ်သည်။ လက်ရှိတွင် ထားဝယ်မြို့မရဲစခန်းအတွင်းရှိ ဓမ္မရုံတွင်ထားရှိပြီး ထမင်းကျွေး၊ လက်ဖက်ရည် တိုက်ထားကြောင်း သိရသည်။ ထားဝယ်ဒေသအတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပြင် မြိတ်၊ ကော့သောင်းရှိ အုပ်ချုပ်ရေးမှူးအချို့ကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့မှာ ဖမ်းဆီးခံရမည်ကိုစိုးရိမ်သဖြင့် ကြိုတင်တိမ်းရှောင်နေကြသူများလည်း ရှိသည်။ ပုံစာ – […]

လောင်းလုံးတွင် နှစ်ဦးအဖမ်းခံရ

diz_admin

April 29, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ဝေဒီကျေးရွာအမျိူးသားတစ်ဦးနှင့် ပန်းဒလဲကျေးရွာအုပ်စု ကြေးနုပ်ပြင်ရွာနေသူ အမျိုးသားတစ်ဦးတို့ ဧပြီလ ၂၈ ရက်က အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။ ဝေဒီကျေးရွာနေ ကိုညီညီ(ခ) စိုးညီညီထံတွင် လက်လုပ်ဂစ်သေနတ်ရှိသည်ဟု သတင်းပေးသဖြင့် ရဲတပ်ဖွဲ့က ရောက်ဖမ်းဆီးခဲ့ကြောင်း ယင်းကျေးရွာသားတစ်ဦးက ပြောသည်။ ယင်းလက်လုပ်သေနတ်အား‌ ကြေးနုပ်ပြင်ရွာနေသူထံမှ ဝယ်ယူသည်ဟုထွက်ဆိုခဲ့သဖြင့် ယင်းကျေးရွာနေ ကိုဝင်းထွန်းအား ထပ်မံဖမ်းဆီးခံရကြောင်း ပန်ဒလဲရွာသားတစ်ဦးကဆိုသည်။ ၎င်းတို့နှစ်ဦးအား လောင်းလုံးမြို့မရဲစခန်းတွင်ဖမ်းဆီးထားပြီး တရားစွဲရန် လုပ်ဆောင်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်း သိရှိရသည်။

ဦးမြင့်မောင်အား ဘေးစီမံဥပဒေဖြင့် ထပ်တရားစွဲ

diz_admin

April 29, 2021

တပ်အာဏာသိမ်းပြီးနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅-ခ ဖြင့် တရားစွဲခံထားရသည့် ဝန်ကြီးချုပ် ဦးမြင့်မောင်အား ဘေးစီမံဥပဒေပုဒ်မဖြင့် ထပ်မံတရားစွဲထားပြီး ဧပြီလ ၂၉ ရက်နေ့ ရုံးချိန်းကို မစစ်ဆေးဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ဦးမြင့်မောင်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့် ကော့သောင်းမြို့နယ် တရားရုံးတွင် တရားစွဲထားကြောင်း ၎င်းက ဆိုသည်။ ထိုကဲ့သို့ စွဲဆိုထားသည့်အတွက် တရားလိုဘက်မှ ထားဝယ်မြို့နယ်တရားရုံးသို့ ပြောင်းရွေ့စစ်ဆေးရန် လျှောက်ထားသည်ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ တရားစွဲအဖွဲ့အစည်းမှ တိုင်းတရားလွှတ်တော်ထံ ရုံးပြောင်းလျှောက်ထားခြင်းဖြစ်ပြီး ယင်းအမှုကိုကြားနာရန် လက်ရှိ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အမှုအား မစစ်ဆေးဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ “ထားဝယ်မြို့နယ်တရားရုံးမှာ လက်ရှိရှိနေတဲ့အမှုကို တောင်းခေါ်လိုက်တယ် တိုင်းဒေသကြီးတရားလွှတ်တော်မှာ ကြားနာပြီးမှ အမှုဆက်ပြီးတော့ စစ်ဆေးမှာ ဖြစ်တဲ့အတွက် မေလ […]

မွန်တွင် ကိုဗစ်လူနာ ၃ ဦးတွေ့

diz_admin

April 29, 2021

မွန်ပြည်နယ် သထုံမြို့ရှိ ညောင်လေးပင်ဘုန်းပြီးကျောင်းမှ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စ လုပ်ဆောင်နေသည့် အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိသည်ဟု သထုံမှ အဖြူရောင်နှလုံးသား လူမှုကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ သထုံမြို့ နန်းခဲရပ်ကွက်ရှိ ညောင်လေးပင်ဘုန်းကြီးကျောင်းမှ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စလုပ်ဆောင်နေသည့်အမျိုးသမီးတစ်ဦးတို့သည် သီတင်းတစ်ပတ်ခန့် အနံ့မရဖြစ်ကြရာမှ ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုးတွေ့ရှိခြင်းဖြစ်သည်။ ကိုဗစ်ပိုးတွေ့ သံတော်နှစ်ပါးနှင့် ဝေယျာဝစ္စလုပ်ဆောင်နေသည့်အမျိုးသမီးတို့ကို ကိုဗစ်အတည်ပြုလူနာများထားရှိရာ မော်လမြိုင် တပ်ဆေးရုံသို့ ပို့ဆောင်ထားသည်။ “ပိုးတွေ့ သံနှစ်ပါးနဲ့ အမျိုးသမီးကို ကျွန်တော်တို့အသင်းက မော်လမြိုင် (၅၃၅) တပ်ကို ပို့ဆောင်ပေးခဲ့တယ်” ဟု အဖြူရောင်နှလုံးသားလူမှုကယ်ဆယ်ရေးအဖွဲ့အသင်း တာဝန်ရှိသူက ပြောသည်။ ပိုးတွေ့လူနာတွေ့ရှိခဲ့သည့် ညောင်လေးပင်ဘုန်းကြီးကျောင်းကို လော့ဒေါင်းချထားပြီး ပိုးတွေ့လူနာတို့နှင့် ထိတွေ့ခဲ့သူများကိုလည်း ကန့်သတ်စောင့်ကြည့်နေသည်ဟုလည်း သိရသည်။ မွန်ပြည်နယ်တွင် တပ်အာဏာမသိမ်းခင်အချိန်အထိ ကိုဗစ်ပိုးတွေ့လူနာ ၃၀၀၀ ကျော်ရှိခဲ့ပြီး သေဆုံးမှုလည်း ရှိခဲ့သည်။ တပ်အာဏာသိမ်းပြီးနောက်ပိုင်း […]

သပိတ်ဦးဆောင်သူ အပါအဝင် ဖမ်းဆီးခံရသူဆယ်ဦးအမှု တရားလိုပြစစ်ဆေး

diz_admin

April 29, 2021

ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်တွင် သပိတ်ခေါင်းဆောင်အပါအဝင် ဆယ်ဦးအဖမ်းခံရသည့်ဖြစ်စဉ်တွင် အမှုတွဲသုံးခုခွဲကာ သီးခြားစီတရားစွဲဆိုထားပြီး ဧပြီလ ၂၇ ရက်နေ့ ရုံးချိန်းတွင် တရားလိုပြသက်သေများကို စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေတစ်ဦးက ဆိုသည်။ ၎င်းတို့ကို မတ်လ ၁၈ ရက်နေ့လယ်ပိုင်းက ဝဲကျွန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမှုအား အချိန်ခြောက်လအတွင်း အပြီးစစ်ဆေးရန် ဆုံးဖြတ်ထားသည်။ အဆိုပါအမှုတွင် တရားလို အပါအဝင် လိုပြသက်သေ ၈ ဦးတင်သွင်းထားကြောင်း အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ နောက်ရုံးချိန်းကို မေလ ၆ ရက်နေ့တွင် ပြန်လည်ချိန်းဆိုထားကြောင်း ၎င်းက ပြောသည်။ “လာမယ့်ရုံးချိန်းမှာ ကျန်ရှိတဲ့ တရားလိုပြသက်သေတွေ ဆက်ပြီးစစ်ဆေးမယ်” ဟု အထက်ပါ တရားလွှတ်တော်ရှေ့နေက ဆိုသည်။ အဖမ်းခံရသူ ဆယ်ဦးအနက် ကိုအောင်ဝေယံကျော်ပါ ခုနှစ်ဦးကိုတစ်မှု၊ ကိုဝင်းလတ်ထွေးပါ […]

မော်လမြိုင်တွင် ငွေထုတ်ရန် ဘဏ်ရှေ့တန်းစီနေစဉ် သေနတ်ဖောက်

diz_admin

April 29, 2021

မော်လမြိုင်မြို့ Ocean ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ငွေထုတ်ရန် တန်းစီနေစဉ် ဘဏ်လုံခြုံရေးယူနေသော ရဲမှ သေနတ်ပစ်ဖောက်ခဲ့ကြောင်း ယင်းနေရာသို့ ရောက်ရှိနေသူတို့၏ ပြောပြချက်အရ သိရသည်။ ဧပြီလ ၂၉ ရက်နေ့ နေ့လယ် ၁၁ နာရီဝန်းကျင်ခန့်က မော်လမြိုင် Ocean ကမ္ဘောဇဘဏ်ခွဲရှေ့တွင် ငွေထုတ်ရန် တန်းစီနေသည့်လူ ရာနှင့်ချီရှိနေခဲ့သည်။ “Ocean ပတ်လည်မှာ လူအပြည့်ပဲ တန်းစီနေကြတယ် လူတွေကလည်း တဖြည်းဖြည်းများလာတော့ တိုးကြ၊ ဘာကြဖြစ်တော့ အဲမှာ ရှိနေတဲ့ ရဲကနေ သေနတ်ဖောက်လိုက်တယ် လူတန်းကြီးကို ထိန်းနိုင်ဖို့ ခြိမ်းခြောက်ပစ်လိုက်တဲ့သဘောပါ” ဟု အဆိုပါနေရာသို့ ငွေထုတ်ရန် ရောက်ရှိနေသူတစ်ဦးက ပြောသည်။ မော်လမြိုင်တွင် ပုဂ္ဂလိက ဘဏ်အချို့ဖြစ်သည့် ကမ္ဘောဇ၊ ဧရာဝတီ၊ CB အစရှိသည့်ဘဏ်တို့က ဧပြီလဆန်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီး အလှည့်ကျစနစ်ဖြင့် ငွေထုတ်ပေးနေသည်။ […]