ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သံဖြူဇရပ် အထက(၁) တွင် လက်လုပ်မိုင်း ၃ လုံးတွေ့

diz_admin

June 3, 2021

မွန်ပြည်နယ် သံဖြူဇရပ်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းဆောင်တစ်ခုအတွင်း ဇွန်လ ၃ ရက်နေ့ နံနက် ၆ နာရီအချိန်ခန့်က လက်လုပ်ချိန်ကိုက်မိုင်း ၃ လုံး တွေ့ရှိကြောင်း မြို့ခံတို့ထံမှ သိရသည်။ ချိန်ကိုက်မိုင်းများကို ကျောင်းဝင်းအတွင်းရှိ ကျောင်းဆောင်တစ်ခု၏ အမှိုက်ပုံးနေရာတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာမှ အချိန်မီလာရောက် ရှင်းလင်းခဲ့သည်ဟုလည်း သိရသည်။ အလားတူ ဇွန်လ ၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် ရေးမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်းတစ်ခုတွင်လည်း မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ထိုကဲ့သို့ ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းအချို့တို့တွင် ဗုံးတွေ့ရှိမှု ဆက်တိုက်ရှိလာသည့်အတွက် ကျောင်းသူ ကျောင်းသားမိဘများအကြား စိုးရိမ်ထိန့်လန့်စရာဖြစ်လာသည်။ “အခုက ကျောင်းဖွင့်နေပြီးလေ ကျောင်းမတက်ကြတာရှိသလို ကျောင်းတက်နေတဲ့ ကလေးတွေလည်း ရှိတယ်၊ ဒီကလေးတွေအတွက် […]

သောကြာပြင်မှ အဖမ်းဆီးခံ ကိုချစ်သိန်းအား ကိုဗစ် စင်တာပို့

diz_admin

June 3, 2021

ထားဝယ်ခရိုင်၊‌ လောင်းလုံးမြို့နယ် သော့ကြာပြင်ကျေးရွာတွင် မေလ ၂၉ ရက်နေ့ ‌နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရသော ကိုချစ်သိန်း အား တရားမစွဲမီ ကိုဗစ် စင်တာသို့ ပို့ဆောင်ထားကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးထံမှ သိရသည်။ ကိုချစ်သိန်းအား မောင်းမကန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ မေးမြန်းစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲမည်ဟု သိထားကြောင်း ၎င်းကဆိုသည်။ ခေတ္တခေါ်ယူပြီး ပြန်လွှတ်ပေးမည်ဟုဆိုသော်လည်း ဇွန်လ ၃ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိကြောင်း သူက ဆိုသည်။ “ကျွန်မအနေနဲ့ မထင်ထားဘူး အရမ်းခံစားရတယ်”ဟု ဆွေမျိုးတော်စပ်သူအမျိုးသမီး ကဆိုသည်။ ကိုချစ်သိန်းသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ကူညီတတ်သူတစ်ဦးဖြစ်ပြီး သမီးသုံးဦးရှိသည်။

သေနတ်ထိ သေဆုံးသွားသူ သဘော့ဆိပ်ရွာမှ အမျိုးသမီးနှစ်ဦး အလောင်းပြန်မရတော့

diz_admin

June 3, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သဘော့ဆိပ်ကျေးရွာအုပ်စု ဒေသအခေါ် ချောင်းဝပြင်ရွာတွင် စစ်သား‌တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားသူ မအေးချိုနှင့် ဒေါ်ဆန်းပိုတို့နှစ်ဦး၏ အလောင်းပြန်မရတော့ကြောင်း မိသာစုဝင်တစ်ဦးက ပြောသည်။ ၎င်းအမျိုးသမီးနှစ်ဦးစလုံးကို မီးသဂြိုဟ်လိုက်ပြီဖြစ်ကြောင်းနှင့် အလောင်းဓာတ်ပုံများကို မိသာစုဝင်တို့ထံ မေလ ၃၁ ရက် ညနေပိုင်းတွင် ပေးပို့ အကြောင်းကြားလာကြောင်း ဒေါ်စန်းပို၏ အမျိုးသား ဦးစိုးစိုးက ပြောသည်။ “အလောင်းမရဘဲနဲ့ပဲ ရက်လည်ဆွမ်းကျွေးရတော့မှာပေါ့” ဟု ဦးစိုးစိုးက ဆိုသည်။ ဇွန်လ ၅ ရက်နေ့တွင် သေဆုံးသူနှစ်ဦးအတွက်ရည်စူးပြီး ရက်လည်ဆွမ်းကျွေးမည်ဖြစ်‌သည်။ မအေးချိုနှင့် ဒေါ်ဆန်းပိုသည် မေလ ၂၉ ရက်ညက စစ်သားများ ချောင်းဝပြင်ရွာထဲဝင်လာသဖြင့် ကြောင့်လန့်ပြီး ထွက်ပြေးရာ သေနတ်ဖြင့် အပစ်ခံလိုက်ရကာ သေဆုံးသွားခြင်းဖြစ်သည်။ မိသားစုဝင်တို့က ထားဝယ်စစ်တပ်ဆေးရုံသို့သွားရောက်ကာ အလောင်းပြန်ရရှိရေး ကြိုးပမ်းခဲ့ကြသေးသည်။ သေဆုံးသူ အသက် […]

ကံပေါက်ဒေသရှိ ကျန်းမာရေးမှူး အပါအဝင် ဇာဒီရွာသားနှစ်ဦး အဖမ်းခံရ

diz_admin

June 1, 2021

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ကျန်းမာရေးမှူး အပါအဝင် ဇာဒီရွာသားနှစ်ဦးကို ရဲနှင့် စစ်တပ်က မေလ ၃၁ ရက် ညက ဖမ်းဆီးခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၄၈ နှစ်အရွယ်ရှိ ကျန်းမာရေးမှူးဟောင်း ဦးအောင်မင်းနှင့် အသက် ၃၁ နှစ်အရွယ်ရှိ ဒေါ်သီသီမာတို့ကို ယမန်နေ့ည ၁၀ နာရီခန့်က ၎င်းတို့၏ နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။ ဦးအောင်မင်းမှာ ကျန်းမာရေးမှူးအဖြစ်မှ အနားယူထားသည်မှာ ငါးနှစ်ခန့်ကြာပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ဒေါ်သီသီမာကို ကံပေါက်နယ်မြေရဲစခန်းတွင် ဖမ်းဆီးထားပြီး ဦးအောင်မင်းကိုမူ ခြေလျင်တပ်ရင်းတစ်ခုတွင် ဖမ်းဆီးထားသည်ဟု သိရကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ “သူတို့အိမ်နှစ်ဆောင်က မျက်စောင်းထိုးမှာရှိတယ်”ဟု ၎င်းက ပြောသည်။ဖမ်းဆီးခံရသူနှစ်ဦးမှာ ဇွန်လ ၁ ရက်နေ့ […]

ထားဝယ်တက္ကသိုလ် ဆရာ၊ ဆရာမ နှင့် ဝန်ထမ်း ၁၅၀ နီးပါး အလုပ်ထုတ်ခံရ

diz_admin

June 1, 2021

ထားဝယ်တက္ကသိုလ်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပါဝင်သည့် ဆရာ၊ ဆရာမ ၁၀၈ ဦး၊ ဝန်ထမ်း ၄၀ ဦး စုစုပေါင်း ၁၄၈ ဦးအား ရာထူးမှထုတ်ပယ်လိုက်ကြောင်း ယင်းတက္ကသိုလ် စီမံဌာနထံမှ သိရသည်။ ထားဝယ်တက္ကသိုလ်တွင် ဆရာ၊ ဆရာမနှင့် ဝန်ထမ်း စုစုပေါင်း ၃၈၀ ခန့်ရှိသည့်အနက် ၁၄၈ ဦးကို ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အစကတည်းက ဒီလိုဖြစ်လာမယ်ဆိုတာကို သိထားပြီးဖြစ်တဲ့အတွက် ဘာမှတော့ အထွေအထူးမခံစားရပါဘူး။ ဘယ်သူ့တိုက်တွန်းချက်ကြောင့်မှမပါဘဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်တာပါ” ဟု အလုပ်မှ ထုတ်ပယ်ခံရသည့် ယင်းတက္ကသိုလ်က ဆရာမတစ်ဦးက ဆိုသည်။ ယင်းရာထူးမှထုတ်ပယ်သည့်စာရင်းကို ပညာရေးဝန်ကြီးဌာနက မေလ ၂၀ ရက်ထုတ်ပြန်ထားခြင်းဖြစ်ပြီး ခွင့်စည်းကမ်းဖောက်ဖျက်ခြင်း၊ ထုတ်ပြန်ထားသည့် အမိန့်၊ ညွန်ကြားစာများကို လိုက်နာရန်ပျက်ကွက်သဖြင့် […]

ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ကိုဖြိုးဝေဦး အဖမ်းခံရ

diz_admin

June 1, 2021

ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းမှ ကိုဖြိုးဝေဦးကို မေလ ၂၉ ရက်နေ့က သောကြာပြင်ရွာအနီးတွင် အဖမ်းခံခဲ့ရကြောင်း သိရသည်။ ကိုဖြိုးဝေဦးမှာ အင်ဂျင်နီယာကျောင်းဆင်းတစ်ဦးဖြစ်ပြီး အင်ဂျင်နီယာနှင့် ပညာရေးသပိတ်စစ်ကြောင်းတွင် အမြဲလို လိုက်ပါနေသူ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးဖြစ်သည်။ မေလ ၂၉ ရက်က မောင်းမကန်လမ်းပေါ်တွင် တပ်ကောင်စီ၏အဖွဲ့ဝင်များက တားဆီးစစ်ဆေးရာ ကိုဖြိုးဝေဦးမှာ ၎င်းတို့ အလိုရှိနေသူဖြစ်သဖြင့် တစ်ခါတည်းဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။ “သူက မနေ့ကအထိ တရားရုံး အချုပ်မှာ‌ရှိနေတယ်၊ ရုံးထုတ်နေတာ တွေ့လိုက်တယ်၊ အခုတော့ ထောင်ချုပ်ကိုရောက်သွားပြီ” ဟု မိသားစုဝင်က ဆိုသည်။ ကိုဖြိုးဝေဦးကို ၅၀၅ (က)၊ ၅၀၅ (ဂ) အမှုနှစ်ခုဖြင့် အမှုဖွင့်ထားပြီး လက်ရှိအချိန်ထိ မိသားစုဝင်များနှင့် တွေ့ခွင့်မရသေးသည်အပြင် မည်သည့်နေ့တွင် ရုံးထုတ်မည်ကိုလည်း မသိရသေးကြောင်း မိသားစုဝင်က ပြောသည်။ […]

တနင်္သာရီတိုင်းတွင် ပညာရေးဝန်ထမ်း ခြောက်ထောင်ကျော် ရာထူးမှထုတ်ပယ် ခံရ

diz_admin

June 1, 2021

တနင်္သာရီတိုင်းတွင် အခြေခံပညာကျောင်းမှ ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမ ခြောက်ထောင်ကျော်ကို ရာထူးမှ အပြီးသတ်ထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။ ၂၀၂၁ ခုနှစ် မေလ ၂၄ ရက်တွင် ကျင်းပပြုလုပ်သော အခြေခံပညာဦးစီးဌာန စီမံခန့်ခွဲရေးကော်မတီ၏ သဘောတူဆုံးဖြတ်ချက်အရ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၁၆၁၊ နည်းဥပဒေ ၁၆၂၊ နည်းဥပဒေခွဲ(ဃ)တို့ပါ ခွင့်စည်းကမ်းများကို ဖောက်ဖျက်ပြီး ခွင့်မဲ့ပျက်ကွက်ခြင်း၊ ဥပဒေနှင့်အညီထုတ်ပြန်ထားသောအမိန့်၊ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခြင်းကြောင့် နိုင်ငံဝန်ထမ်းဥပဒေ၏ ပုဒ်မ ၅၃၊ ပုဒ်မခွဲ(ဇ)အရ ရာထူးမှထုတ်ပယ်ကာ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ ယင်းသို့ ရာထူးမှ ထုတ်ပယ်ခြင်းကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ဆုံးဖြတ်ထုတ်ပယ်ခြင်းဖြစ်ပြီး ပြစ်ဒဏ်အတွက် ကာယကံရှင်ဝန်ထမ်းများအနေဖြင့် ကျေနပ်မှုမရှိပါက အမိန့်စာရရှိပြီးနေ့မှ ခြောက်လအတွင်း အယူခံဝင်နိုင်သည်ဟု တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အစတုန်းကတော့ ယာယီရပ်ထားတယ်လေ၊ ယာယီရပ်ထားစဉ်မှာ […]

စောမိညိုတွင် ကြက်စားပြင်ရပ်ကွက်သားနှစ်ဦးကို ဖမ်းမိကြောင်း ထုတ်ပြန်

diz_admin

June 1, 2021

ထားဝယ်မြို့၊ စောမိညိုရပ်ကွက်တွင် ကြက်စားပြင်ရပ်ကွက်သားနှစ်ဦးကို ဖမ်းမိခဲ့ကြောင်း တပ်ကောင်စီက ထုတ်ပြန်ကြေညာထားသည်။ မေလ ၃၁ ရက် ညနေပိုင်းက စောမိညိုရပ်ကွက်လယ်တဲတွင် အုပ်စုဖွဲ့ထိုင်နေစဉ် ပစ်ခတ်ဖမ်းဆီးခဲ့ရာ ကြက်စားပြင်ရပ်ကွက်သား ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းတို့နှစ်ဦး အဖမ်းခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ဖမ်းဆီးမှုကြောင့် နှစ်ဦးစလုံးတွင် သေနတ်ဒဏ်ရာရရှိထားပြီး လက်ရှိအချိန်ထိ မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မိသားစုဝင်များက မသိရသေးကြောင်း ၎င်းတို့က ပြောဆိုသည်။ “ကိုယ့်အိမ်က ထိသွားပြီဆိုတာ ဝမ်းကွဲအစ်မအိမ်ကိုရောက်မှ သိတယ်၊ အဲဒီချိန်မှ ဟိုလူလိုက်မေး ဒီလူလိုက်မေးနဲ့ ပစ်တဲ့နေရာမှာပဲ ပွဲချင်းပြီးသွားပြီလိုလို၊ ကားပေါ်ရောက်မှပဲ ပွဲချင်းပြီးသွားပြီလိုလိုနဲ့ အကြီးအကျယ်ပဲ သတင်းတွေတက်လာတာက၊ ကိုယ့်အိမ်ကလူတွေကလည်း ဘယ်နားကိုလိုက်ရမှန်းမသိဘူး၊ အခု မနက်မှပဲ အရဲစွန့်ပြီးသွားလိုက်မှ စစ်တပ်ဆေးရုံမှာရှိနေတယ်” ဟု ကိုဝေယံဖြိုး၏ အစ်မဖြစ်သူက ပြောသည်။ ကိုဝေယံဖြိုးမှာ လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိထားသည်ဟု […]