ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတိုင်းအတွင်း မိုးကြီး၍ မြေပြိုနိုင်ဟု မိုးဇလ သတိပေး

diz_admin

June 6, 2021

တနင်္သာရီတိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးရွာသွန်းမှုများပြားသည့်အတွက် မြေပြိုသည့်အန္တရာယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန်လ ၆ ရက် နေ့လယ်က ထုတ်ပြန်ထားသည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအား အလွန်ကောင်းလာနိုင်သဖြင့် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မအထက်ရွာသွန်းနိုင်ကြောင်း ဖော်ပြထားသည်။ မိုးရွာသွန်းမှုများသဖြင့် မြေပြိုခြင်း၊ ရုတ်တရက်ရေကြီးခြင်းများ ဖြစ်လာနိုင်သဖြင့် ကုန်းမြင့်ဒေသအနီးနေထိုင်သူများက မြေပြိုသည့်အန္တရာယ်နှင့် မြစ်ချောင်းအနီးနေထိုင်သူများက ရေကြီးရေလျှံဘေးဖြစ်လာနိုင်ဂြောာင်း အသိပေးထားသည်။ ပြီးခဲ့သည့်နှစ်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနင်္သာရီတိုင်းအတွင်းရှိ နေရာအချို့တွင် မြေပြိုခြင်း၊ ရေကြီး ရေလျှံခြင်းများဖြစ်ခဲ့ပြီး ရက်အနည်းငယ်အကြာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့ဖူးသည်။ ထို့အပြင် လူသူထိခိုက်သေဆုံးမှုအချို့လည်း ဖြစ်ပွားခဲ့သည်။ တနင်္သာရီတိုင်းအပြင် ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်လည်း ဖြစ်ပွားနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

တနင်္သာရီတိုင်းတွင် ၂၄ နာရီအတွင်း ကိုဗစ်ပိုးတွေ့သူ ၇ ဦးရှိ

diz_admin

June 6, 2021

တနင်္သာရီတိုင်းတွင်၂၄ နာရီအတွင်း ကိုဗစ်ရောဂါပိုးတွေ့သူ ၇ ဦးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ဇွန်လ ၄ ရက် ည ၈ နာရီမှ ဇွန်လ ၅ ရက် ညအထိ ကိုဗစ်ပိုးတွေ့သူ အရေအတွက်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ ထားဝယ်မြို့နယ်တွင် ၃ ဦး၊ သရက်ချောင်းတွင် ၂ ဦး၊ တနင်္သာရီနှင့် ကော့သောင်းမြို့နယ်တို့တွင် ၁ ဦးစီ ဖြစ်ကြောင်း ဖော်ပြထားသည်။ ထားဝယ်နှင့် သရက်ချောင်းမြို့နယ်မှ ကိုဗစ်ပိုးတွေ့လူနာ ၄ ဦးကို သီတဂူဆေးရုံတွင် ကုသပေးနေကြောင်း ယင်းဆေးရုံတွင် ကူညီပေးနေသည့် ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ “အရပ်သား(ကိုဗစ်လူနာ) ဆိုရင် သီတဂူဆေးရုံကိုလာတယ်၊ အချုပ်သားဆိုရင် ဆေးရုံမှာထားတယ်”ဟု မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူးက ပြောသည်။ လက်ရှိတွင် သီတဂူဆေးရုံ၌ […]

တနင်္သာရီတိုင်းမှ INGO အဖွဲ့များ ခေတ္တရုံးပိတ်ထားရန် ညွန်ကြား

diz_admin

June 5, 2021

တနင်္သာရီတိုင်းအတွင်းရှိ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေသည့် အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်း INGO အဖွဲ့များ လတ်တလောအခြေအနေများအရ ခေတ္တရုံးပိတ်ထားပြီး ရုံးချုပ်တွင်သွားရောက်အခြေပြုရန် တိုင်းလူမှုဝန်ထမ်း ဦးစီးဌာနက ညွှန်ကြားလိုက်သည်။ တနင်္သာရီတိုင်းစီမံအုပ်ချုပ်ရေးကောင်စီ၏ ဆုံးဖြတ်ချက်ဖြင့် ညွန်ကြားခြင်းဖြစ်ပြီး မည်သည့်အတွက် ယင်းသို့ညွန်ကြားခဲ့ရသည်ကိုမူ မသိရကြောင်း အထက်ပါဌာန တိုင်းဦးစီးမှူး ဦးထွန်းထွန်းနိုင်က ပြောသည်။ “ဘာကြောင့် လုပ်ငန်းရပ်နားခိုင်းရတာလဲဆိုတာကိုတော့ ကျွန်တော့ အနေနဲ့ ရှင်းပြလို့မရနိုင်ဘူး။ အစိုးရအဖွဲ့က စာထုတ်လို့ တို့ဌာနက ညွန်ကြားချက်ပြန်ထုတ်တာပါ” ဟု ဦးထွန်းထွန်းနိုင်ကဆိုသည်။ တိုင်းအတွင်းလူသားချင်းစားနာမှု အကူအညီများဆောင်ရွက်ရန် လူမူဝန်ထမ်း ဦးစီးဌာနနှင့် လက်မှတ်ရေးထိုးထားသော ဝေါဗီရှင် (World Vision Myanmar၊ ကလေးသူငယ်ရန်ပုံငွေအဖွဲ့ (Child Fund Myanmar)၊ မြေမြှုပ်မိုင်းရှင်းလင်းရေးလုပ်ဆောင်နေသည့် (Mines Advisory Group Myanmar) တို့လည်း ခေတ္တရုံးပိတ်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ […]

ကိုဗစ်ကု သီတဂူဆေးရုံ စေတနာ့ဝန်ထမ်းများ စားသောက်ရေး အခက်ကြုံ

diz_admin

June 5, 2021

ကိုဗစ်ရောဂါ ကုသပေးနေသည့် ထားဝယ်မြို့ရှိ သီတဂူဆေးရုံတွင် ကူညီလုပ်ကိုင်နေသည့် စေတနာ့ဝန်ထမ်းများ ထမင်းစားသောက်ရေးအတွက် အခက်ကြုံနေကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ထံမှ သိရသည်။ ကြက်ခြေနီတပ်ဖွဲ့က အထက်ပါဆေးရုံတွင် တက်ရောက်ကုသနေသည့် ကိုဗစ်လူနာများအား စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ အဆိုပါ တပ်ဖွဲ့၏ စေတနာ့ဝန်ထမ်း ၁၀ ဦးက ကိုဗစ်လူနာဆေးရုံလာတက်ချိန်တွင် နေရာထိုင်ခင်းစီစဉ်ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ လူနာမိသားစုလာပို့သည့် ထမင်းဟင်းများ သွားပို့ပေးခြင်း အစသဖြင့် ကူညီပေးနေကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် အဆိုပါ စေတနာ့ဝန်ထမ်း ၁၀ ဦးအတွက် တစ်ရက်လျှင် ထမင်းသုံးနပ်ကျွေးမွေးရန် ရန်ပုံငွေမရှိသဖြင့် အခက်ကြုံနေရကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင်က ဆိုသည်။ “စေတနာ့ဝန်ထမ်းတွေ စားဖို့ အရမ်းအခက်အခဲဖြစ်နေတယ်၊ ကျွန်တော်တို့ဆီမှာ ရန်ပုံငွေလည်း မရှိဘူး” ဟု ဦးကိုကိုနိုင်က ပြောသည်။ […]

ကမြောကင်းကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင် သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

June 4, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦး ဇွန်လ ၄ ရက်နေ့ နံနက်က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ကျေးရွာအုပ်စု အတွင်းရေးမှူးဖြစ်သူ ဦးဉာဏ်သိန်း ခေါ် ဦးအာလူးကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က ကမြောကင်းကျေးရွာအုပ်စု၊ သောကြာပြင်ရွာရှိ ၎င်းနေအိမ်ရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။ “သူ့အိမ်ရှေ့မှာ ရပ်နေတုန်းမှာ ပစ်သွားတယ်လို့ သိရတယ်၊ သေနတ်သံ လေးချက်ကြားရတယ်၊ အခုထိ အရေးပေါ်ကားက ရပ်ထားတုန်းရှိသေးတယ်” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ လက်ရှိတွင် သေနတ်ပစ်ခံရသည့် ဦးအာလူးမှာ သေဆုံးသွားပြီဖြစ်ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။ ဦးအာလူးမှာ ယခင်စစ်အစိုးရလက်ထက်ကလည်း ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ယူခဲ့ဖူးသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ “ဆိုင်ကယ်ပေါ်ကနေ […]

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ပစ်ခတ်မှုဖြစ်ပွား

diz_admin

June 4, 2021

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာတွင် ဇွန်လ ၄ ရက်နေ့ နေ့လယ်ပိုင်းခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ ယနေ့ နေ့လယ် ၁၁ နာရီခွဲအချိန်ခန့်က တံခွန်တိုင် ရဲစခန်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA နှင့် ရဲနှင့် နယ်ခြားစောင့်တပ် BGF ပူးပေါင်းအဖွဲ့တို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ ယင်းဒေသမှာ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူ) ၏ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ် လည်း ဖြစ်သည်။ တိုက်ပွဲကြောင့် တံခွန်တိုင်ကျေးရွာခံများ ဘေးလွတ်ရာ ရွာအပြင်ဘက်သို့ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ “ပစ်ခတ်မှုဖြစ်တာက နေ့လယ် ၁၁ နာရီနဲ့ ၁၂ နာရီ ဝန်းကျင်လောက်မှာ ဖြစ်တယ်၊ လက်နက်ကြီးတွေရော အသေးတွေရော […]

ထားဝယ်အထူးစီးပွားရေးဇုန် ဆက်လုပ်မည်ဟုဆို

diz_admin

June 4, 2021

တပ်အာဏာသိမ်းပြီးနောက် ထားဝယ်အထူးစီးပွားရေးဇုန် အပါအဝင် မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန် စီမံကိန်းများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်း တပ်ကောင်စီ ခေါင်းဆောင်က ပြောကြားလိုက်သည်။ ဇွန်လ ၁ ရက်နေ့က ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးတွင် ထုတ်ပြန်ပြောဆိုခဲ့ ခြင်းဖြစ်သည်။ ယခင်က ဒုတိယ သမ္မတ က တာဝန်ယူထားသော မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌအဖြစ် နကစကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက တာဝန်ယူထားသည်။ လက်ရှိတွင် အထူးစီးပွားရေးဇုန် အဖွဲ့အစည်းအားလုံး ပြန်လည်ပြင်ဆင်ဖွဲ့စည်းပြီးဖြစ်ကြောင်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဗဟိုအစည်းအဝေးတွင် ပြောသည်။ အထူးစီးပွားရေးဇုန်များအတွက် ဗဟိုအဖွဲ့၊ ဗဟိုလုပ်ငန်းအဖွဲ့နှင့် သက်ဆိုင်ရာဇုန်အလိုက် စီမံခန့်ခွဲမှုကော်မတီများ ရှိသည်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် အထူးစီးပွားရေးဇုန်များဖွံ့ဖြိးတိုးတက်ရေးအတွက် ဆက်လုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အထက်ပါအစည်းအဝေးတွင် ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွင်း ထိုင်းနိုင်ငံနှင့် ဆက်သွယ်ထားသည့် […]

မြိတ်သတင်းထောက်နှစ်ဉီး ထောင်ဒဏ် ၂ နှစ်စီ အမိန့်ချခံရ

diz_admin

June 3, 2021

မြိတ်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် DVB သတင်းထောက် ကိုအောင်ကျော်နှင့် မဇ္ဈိမ အလွတ်တန်းသတင်းထောက်ဖြစ်သူ ကိုဇော်ဇော် တို့ အား ဇွန်လ ၂ ရက်နေ့ နေ့လယ်တွင် တစ်ဉီးကို၂ နှစ်စီအမိန့်ချလိုက်ကြောင်း ကာယကံရှင် မိသားစုထံမှသိရသည်။ DVB သတင်းထောက် ကိုအောင်ကျော် ကို မတ်လ ၁ ရက်နေ့က တပ်ကောင်စီကဖမ်းဆီးခဲ့ပြီး ထောင်တွင်းယာယီတရားရုံး၌ ရုံးချိန်း ၇ ကြိမ် ခေါ်ယူပြီးနောက် ယနေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်သည်။ “သူတို့လုပ်ရပ်တွေ သတင်းအမှောင်ချချင်လို့ မီဒီယာတွေကို မတရားဖမ်းဆီးတာလို့မြင်တယ်။ လက်ရှိတရားဉပဒေစိုးမိုးမှုကို သူရော၊ ကျွန်မပါမယုံကြည်တဲ့အတွက် ဆက်လက်ပြီးအယူခံဝင်သွားဖို့ ဆန္ဒလည်းမရှိပါဘူး”ဟု ကိုအောင်ကျော်၏ဇနီးဖြစ်သူ မနေခြည်မိုးထက် ကပြောသည်။ အလားတူ ဧပြီလ ၆ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည် မဇ္ဈိမ သတင်းဌာန၏ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော် ကိုလည်း […]