ရုရှား၏ နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ ဖင်လန်နယ်စပ်သို့ ရွှေ့နေသည့် သတင်းထွက်ပေါ်
diz_admin
May 18, 2022Iskander ဒုံးကျည်ကြီးများ တင်ဆောင်လာသော ကား (၇)စီးအပါအဝင် ရုရှားစစ်ယာဉ်တန်းများ သွားလာနေသော ဗီဒီယိုကို Reuters သတင်းတစ်ရပ်က ထုတ်ပြန်ခဲ့ပြီး ဖင်လန်နယ်စပ်ဘက်သို့ နျူကလီးယား ဒုံးကျည်များ ရွှေ့နေကြောင်း ဖော်ပြထားသည်။ ဖင်လန်သည် NATO သို့ ဝင်ရောက်ရန်အတွက် ဆောင်ရွက်နေပြီး ရုရှားက အဆိုပါ ကိစ္စရပ်အပေါ် သတိပေး ခြိမ်းခြောက်မှုများ မြှင့်တင်ထားသည်။ ဖင်လန်သမ္မတက NATO သို့ ပူးပေါင်းရေး အမြန်ဆုံး ဆောင်ရွက်မည်ဟု ပြောကြားထားပြီးနောက် ဖင်လန်နယ်စပ် ရုရှားမြို့ ဗီဘော့ သို့ ဒုံးကျည်များ ရွှေ့နေခြင်းဖြစ်ကြောင်း မည်သူမှန်းမသိရသည့် အဆိုပါ ဗီဒီယို ရိုက်ကူးသူက ဗီဒီယိုထဲတွင် ပြောကြားခဲ့သည်။ “ဗီဘော့မြို့မှာ တပ်ချတော့မယ် ထင်တယ်” လို့ အဆိုပါ ဗီဒီယိုကို ရိုက်ကူးနေသူက ပြောကြားသည်။ ရုရှားသည် တာတိုပစ် ဒုံးကျည်များကို အသုံးပြုလေ့ရှိပြီး ၎င်းတို့တွင် နျူကလီးယားထိပ်ဖူး တပ်ဆင်ကာ ပစ်နိုင်ပေသည်။ […]


