ကိုဗစ်ကာကွယ်ဆေးများပေးပို့မည့် အစီအစဉ်ကို မြောက်ကိုရီးယား အကြောင်းမပြန်ဟု အမေရိကန်သမ္မတဆို
diz_admin
May 22, 2022Covid-19 ကာကွယ်ဆေးများ ပေးပို့ရန် အမေရိကန်ပြည်ထောင်စုက ကမ်းလှမ်းချက်ကို မြောက်ကိုရီးယားက ပြန်လည်တုံ့ပြန်ခြင်း မရှိဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ မြောက်ကိုရီးယားတွင် Covid-19 ရောဂါပြန့်နှံ့မှုက ပြင်းထန်နေပြီး၊ ပထမဆုံးအကြိမ် ပြင်ပကမ္ဘာသို့ ပေါက်ကြားလာသော အလုံပိတ်နိုင်ငံအတွင်းရှိ ကပ်ရောဂါ ပြန့်နှံ့မှု ဖြစ်သည်။ မြောက်ကိုရီးယားနိုင်ငံတွင် ပြည်သူ ၂ဒသမ၅သန်း ဖျားနာနေပြီး တစ်နိုင်ငံလုံး အသွားအလာကန့်သတ် ပိတ်ဆို့ lockdown ပြုလုပ်ထားကြောင်း အစိုးရ မီဒီယာက ထုတ်ပြန်ထားသည်။ မြောက်ကိုရီးယားနိုင်ငံအတွင်း ရောဂါစစ်ဆေးမှုများ၊ ကာကွယ်ဆေးများ နည်းနေသောကြောင့် အခြေအနေသည် ထိခိုက်လွယ်လျက်ရှိကြောင်း BBC သတင်းက ဖော်ပြထားသည်။ “ကာကွယ်ဆေးကျွန်တော်တို့ ကမ်းလှမ်းပါတယ်။ မြောက်ကိုရီးယားကိုမှ မဟုတ်ပါဘူး။ တရုတ်ကိုလည်း ပြောထားပါတယ်။ ဒါကို ကျွန်တော်တို့ ချက်ခြင်း ပြင်ဆင်လုပ်ပေးနိုင်ပါတယ်” ဟု သမ္မတဘိုင်ဒင် က တောင်ကိုရီးယားသမ္မတနှင့် ပြုလုပ်သော ဆိုးလ်မြို့ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ […]


