ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

PDF ထောက်ပံ့သူဟုဆိုကာ သပြေဇွန်းရွာသားတစ်ဦးကို လာဖမ်းစဉ် ထွက်ပြေးလွတ်မြောက်

diz_admin

May 16, 2022

PDF အား ထောက်ပံသည်ဟု စွပ်စွဲ၍ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု သပြေဇွန်းရွာသားတစ်ဦးကို အရပ်ဝတ် လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ဒေသခံများက ပြောသည်။ အသက် ၃၃နှစ်အရွယ် ကိုအောင်အောင်ဆိုသူကို မေလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းက ယင်းသို့ လာရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ “အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက ကားနဲ့ ရောက်လာတာနဲ့ ကိုအောင်က အိမ်နောက်က ထွက်ပြေး သွားတယ်” ဟု သပြေဇွန်းရွာသားတစ်ဦးက ပြောဆိုသည်။ ယင်းနောက် ကိုအောင်အောင်ကို သေနတ်ဖြင့် လိုက်လံပစ်ခတ်သော်လည်း မဖမ်းမိသဖြင့် နေအိမ်ရှိ ကိုအောင်အောင်၏ဖုန်းနှင့် ဆိုင်ကယ်ကို သိမ်းဆည်းသွားကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။ PDF ကို ထောက်ပံ့သဖြင့် လာရောက်ဖမ်းဆီးခြင်းဖြစ်သည်ဟု အရပ်ဝတ် လက်နက်ကိုင်အုပ်စုက ပြောဆိုခဲ့ပြီး ၎င်းတို့မှာ […]

တနင်္သာရီမြို့အနီး ဘန်းလမွတ်တွင် တိုက်ပွဲဖြစ်

diz_admin

May 16, 2022

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ မေလ ၁၅ ရက်နံက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဘန်းလမွတ် ကျေးရွာအနီး ပနပ်ငယ်ရွာတွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်ဒဏ်ရာရသူရှိခဲ့သည်ဟု ကြားရကြောင်း ဒေသခံများက ပြောသည်။ “စစ်တပ်ဖက်က တချို့ဒဏ်ရာရတယ်လို့ကြားတယ် အရေအတွက်တော့မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ မြိတ်မြို့မှ တနင်္သာရီသို့ သွားရောက် ဈေးရောင်းချနေသူတစ်ဦးက ဘန်းလမွတ်ရွာတွင် တိုက်ပွဲဖြစ်နေသည့်အတွက် ကားများ တုံးဗျောကျေးရွာမှ ပြန်လှည့်ကာ မြိတ်မြို့သို့ ပြန်လာခဲ့ရကြောင်း မေလ ၁၅ ရက်နေ့က ပြောသည်။ “လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်။ ကားတွေဆိုင်ကယ်တွေ လုံးဝ ပေးမသွားဘူး” ဟု ၎င်းက ဆိုသည်။ […]

အသက် (၁၈)နှစ်အရွယ် လူဖြူကောင်လေးက လူမည်းရပ်ကွက်ကို သေနတ်ဖြင့်ဝင်ပစ်၍ ၁၀ ဦးသေဆုံး

diz_admin

May 15, 2022

အမေရိကန်ပြည်ထောင်စု နယူးယောက်တွင် အသက် (၁၈)နှစ်အရွယ် လူဖြူကောင်လေးက နယူးယောက်မြို့ လူမည်းများနေထိုင်ရာ ရပ်ကွက်သို့ ဝင်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သောကြောင့် လူ (၁၀)ဦး သေဆုံး ရပြီး လူမျိုးရေး မုန်းတီး တိုက်ခိုက်မှုဟု အာဏာပိုင်များက ဆိုသည်။ ဘက်ဖလိုးမြို့နယ် ဈေးဝယ်စင်တာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ခဲ့ပြီး ပေတန်ဂန်ဒရွန် ဆိုသည့် အဆိုပါ လူငယ် အဖမ်းခံလိုက်ရသည်။ တရားခံဟု သတ်မှတ်ခံရသူသည် စနေနေ့လည်ခင်းက ဈေးဝယ်စင်တာထဲကို ဝင်ရောက်လာပြီး သေနတ်ထုတ်ကာ လိုက်ပစ်ခြင်း ဖြစ်သည်။ ၎င်းသည် သွားလာနေကြသူများကို လိုက်လံပစ်ခတ်နေစဉ် အွန်လိုင်းမှနေ၍ Live လွှင့်ခဲ့သေးသည်။ ရွံစရာလုပ်ရပ်ဖြစ်သည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ “ဒီဖြစ်ရပ်ကို ကျွန်တော်တို့က အမုန်းကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုအဖြစ်ရယ်၊ လူမျိုးရေးအကြမ်းဖက် အစွန်းရောက် ဖြစ်စဉ်ရယ်အဖြစ် သတ်မှတ်စုံစမ်းနေပါတယ်” ဟု […]

မြိတ်ညမထွက်ရအမိန့် အချိန်နှစ်နာရီ လျှော့ချ

diz_admin

May 14, 2022

မြိတ်မြို့တွင် ညမထွက်ရအမိန့်ကို မေလ ၁၃ ရက်နေ့တွင် အချိန်ပြောင်းလဲ သတ်မှတ်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနက ထုတ်ပြန်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၆ ရက်နေ့က ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်အား ထုတ်ပြန်ထားခြင်း ဖြစ်သည်။ ယင်းနောက် နှစ်ဝက်ခန့်အကြာ ယခု မေလ ၁၃ ရက်နေ့တွင် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ အချိန်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၏ ထုတ်ပြန်တွင် ဖော်ပြသည်။ “အချိန်ပြောင်းတာ မသိရသေးဘူး။ ပြောင်းပြောင်း မပြောင်းပြောင်း (ည) ရှစ်နာရီနောက်ပိုင်းဆို လမ်းမထွက်ရဲ‌ဘူး။ စစ်ဆေးတာတွေ တအားများတာ” ဟု ကန်ဖျားရပ်‌နေ အသက် ၄၀ နှစ်ရှိ […]

မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာ ၁၇ဦး ထိုင်းတွင် အဖမ်းခံရ

diz_admin

May 14, 2022

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန် စက်လှေဖြင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။ မြန်မာအလုပ်သမား ၁၇ ဦးနှင့် ထိုင်းလူမျိုး လမ်းပြသုံးဦးတို့သည် ရနောင်းခရိုင် ပါ့က်နမ်ဒေသ စင်းဟိုင်းကျွန်းအနီး လှေတစ်စီးပေါ်တွင် ရှိနေသည်ဟု သတင်းရသဖြင့် မေလ ၁၂ ရက်ညတွင် ထိုင်းအာဏာပိုင်များက မော်တော် ဘုတ်များဖြင့် အလစ်ဝင်ဖမ်းခြင်းကြောင်း အာဏာပိုင်များက ပြောဆိုထားသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး ပါဝင်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။ မြန်မာများသည် ကော့သောင်းမှတစ်ဆင့် ထိုင်းမြန်မာနယ်စပ်ဖြစ်သော ကောလမ်ကျွန်းမှ လှေဖြင့် လာကာ ရနောင်းခရိုင် ကော့ဖရာမ်ကျွန်းသို့ ဦးတည်သွားနေစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။ […]

မြိတ်ဒေသထွက် ကဏန်းမဲဈေးထိုးကျ

diz_admin

May 14, 2022

တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ် ပိတ်ထားသည့်အတွက် မြိတ်ဒေသထွက် ကဏန်းမဲဈေး ထိုးကျကြောင်း ကဏန်းအဝယ်ဒိုင်များနှင့် ရောင်းချသူများထံမှ သိရသည်။ ကိုဗစ်မဖြစ်ခင်က ကဏန်းမဲ နံပါတ် ၁ ဆိုဒ် တစ်ပိဿာ ကျပ်နှစ်သောင်းရှစ်ထောင်အထိ ဈေးပေါက်ခဲ့ပြီးနောက် ကိုဗစ်တတိယလှိုင်း ၂၀၂၁ ခုနှစ် ဩဂုတ်၊ စက်တင်ဘာလတို့တွင် တစ်ပိဿာ ကျပ်တစ်သောင်းရှစ်ထောင်သို့ ကျဆင်းခဲ့သည်။ ယင်းနောက် လက်ရှိအချိန်တွင် တစ်ပိဿာကျပ် ကိုးထောင်သာ ဈေးရှိတော့ကြောင်း မြိတ်မြို့ရှိ ကဏန်းအဝယ်ဒိုင် လုပ်ငန်းလုပ်သူများက ပြောသည်။ “ကဏန်းဈေးက သုံးစားလို့တောင် မရတော့ဘူး။ တရုတ်ကလည်းပိတ်။ ဗမာမောတောင်ဂိတ်ကလည်းပိတ်။ ကော့သောင်းလမ်းကလည်း ကုန်းတစ်တန်ရေတစ်တန်ဆိုတော့ ကဏန်းတွေသေပြီး ဆုံးရှုံးမှုများတယ်” ဟု မြိတ်မြို့၊ မြို့သစ်ရပ်မှ အဝယ်ဒိုင်လုပ်ငန်းလုပ်သူက ပြောသည်။ စစ်ရေးအခြေအနေကြောင့် တနင်္သာရီမြို့နယ်ရှိ ထိုင်း-မြန်မာ မောတောင်နယ်စပ်ဂိတ် ပိတ်ထားသည်မှာ တစ်လနီးပါးကြာလာပြီဖြစ်ကြောင်း ကုန်ကားမောင်းသူများထံမှ […]

ထားဝယ်မြို့ ကျောက်မဲတောင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်

diz_admin

May 14, 2022

ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄) နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ကျောက်မဲတောင်နယ်မြေရဲစန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မနေ့ညပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်နှင့် ၈ နာရီ ၅၁ မိနစ်ခန့်တို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့် အသံများကြားရကြောင်း ဒေသခံအချို့ကပြောသည်။ “ပစ်တာကတော့ ညကတည်းက လက်နက်ကြီးသံတွေ ကြားနေတယ်။ ကျွန်တော်လည်း တိုက်ပွဲဖြစ်မယ်ထင်လို့ တစ်နာရီကျော်ကပဲ ရွာကနေထွက်လာခဲ့တာ” ဟု ကျောက်မဲတောင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မနေ့ည ၁၀ နာရီခွဲခန့်တွင် ကျောက်မဲတောင်နယ်မြေရဲစခန်းမှ လက်နက်ကြီး သုံးလုံးပစ်သံကြားခဲ့ရပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်ခန့်တွင်လည်း လက်နက်ကြီး ၁၀ […]

တနင်္သာရီတိုင်းကို လာမည့် ခရီးသည်များ ရေးမြို့တွင် သောင်တင်နေ

diz_admin

May 13, 2022

တနင်္သာရီတိုင်းကိုလာမည့် ခရီးသည်များ မွန်ပြည်နယ်ရေးမြို့တွင် သောင်တင်နေသည်မှာ ၇ ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း ကားသမားအချို့ထံမှ သိရသည်။ တနင်္သာရီတိုင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေ သဖြင့် ခရီးမဆက်ရဲကြဘဲ သောင်တင်နေခြင်းဖြစ်ကြောင်း ကားသမားအချို့က ပြောဆိုသည်။ “ဂိတ်တွေက မဖွင့်ပေးလို့ မသွားရတာ မဟုတ်ဘူး။ အခုက ထီးခီးလမ်းဘက်ကိုသွားရမှာ ကြောက်လို့ ရေးမှာပဲ သောင်တင်နေကြတာ။ (သောင်တင်နေတဲ့) ခရီးသည်တွေကတော့ တော်တော်များတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။ တနင်္သာရီတိုင်း ထားဝယ်နှင့် အခြာမြို့များသို့သွားမည့် ခရီးသည်များမှာ ပုံမှန်အတိုင်း သွားလာနေကြ သော်လည်း ထားဝယ် – ထီးခီးလမ်းဖြတ်ပြီးသွားမည့် ခရီးသည်များမှာ မသွားရဲဘဲဖြစ်နေကြောင်း ကားသမားအချို့က ပြောဆိုသည်။ ထားဝယ်-ထီးခီးလမ်းပိုင်းရှိ သဗျာ၊ ပကာရီ၊ ကျောက်မဲတောင်၊ တောင်သုံးလုံး စသည့်နေရာများတွင် ဧပြီလ နောက်ဆုံးအပတ်ကစပြီး […]