အချိန်မဆိုင်းဘဲ NATO အဖွဲ့သို့ ဝင်မည်ဟု ဖင်လန် အစိုးရပြောဆို
diz_admin
May 12, 2022ရုရှားက အိမ်နီးချင်းယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေမှုကြောင့် အခြားရုရှားအိမ်နီးချင်းဖြစ်သော ဖင်လန်နိုင်ငံကလည်း NATO စစ်အုပ်စုသို့ အမြန်ဆုံးဝင်ရတော့မည်ဟု ပြောကြားလိုက်သည်။ NATO စစ်စာချုပ် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် ဖင်လန်အစိုးရက ပါလီမန်၏ သဘောတူညီချက်ကို လာမည့် သီတင်းပတ်တွင် တောင်းခံရန် ရှိနေသည်။ ဖင်လန်နိုင်ငံသည် ရုရှားနှင့် နယ်နမိတ်ချင်း ၁၃၄၀ ကီလိုမီတာ ထိစပ်လျက်ရှိကာ ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်သည့် သတင်းများကြောင့် ဖင်လန်တွင် NATO သို့ ဝင်ရန်အတွက် လူထုထောက်ခံမှုများ မြင့်တက်လျက်ရှိသည်။ ဖင်လန် က မဟာမိတ်ထဲသို့ ဝင်ရန် စီစဉ်နေခြင်းအပေါ် နွေးထွေးစွာ ကြိုဆိုပါကြောင်း NATO ၏ အထွေထွေ အတွင်းရေးမှူး ဂျန်စ်စတော်တန်ဘာ့ဂ် က ပြောကြားသည်။ ဖင်လန် ဝင်ရောက်လာမည်ဆိုပါက ဝင်ခွင့်လုပ်ငန်းစဉ်သည် ချောမောမြန်ဆန်စေရမည် ဟု အဆိုပါ စစ်အုပ်စု ခေါင်းဆောင်က ကတိပြုသည်။ ရုရှားအစိုးရ ပြောခွင့်ရ အရာရှိဖြစ်သူ ဒီမီထရီပက်စကော့ က […]


