ထားဝယ်မြို့ ကျောက်မဲတောင်တွင် တိုက်ပွဲဖြစ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်
diz_admin
May 14, 2022ထားဝယ်မြို့နယ်၊ ကျောက်မဲတောင်ကျေးရွာအနီးတွင် ယနေ့ (မေ ၁၄) နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ကျောက်မဲတောင်နယ်မြေရဲစန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် မနေ့ညပိုင်းတည်းက လက်နက်ကြီးနှင့် ပစ်ခတ်နေခြင်းဖြစ်ပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်နှင့် ၈ နာရီ ၅၁ မိနစ်ခန့်တို့တွင်လည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်နေသည့် အသံများကြားရကြောင်း ဒေသခံအချို့ကပြောသည်။ “ပစ်တာကတော့ ညကတည်းက လက်နက်ကြီးသံတွေ ကြားနေတယ်။ ကျွန်တော်လည်း တိုက်ပွဲဖြစ်မယ်ထင်လို့ တစ်နာရီကျော်ကပဲ ရွာကနေထွက်လာခဲ့တာ” ဟု ကျောက်မဲတောင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မနေ့ည ၁၀ နာရီခွဲခန့်တွင် ကျောက်မဲတောင်နယ်မြေရဲစခန်းမှ လက်နက်ကြီး သုံးလုံးပစ်သံကြားခဲ့ရပြီး ယနေ့ နံနက်ပိုင်း ၇ နာရီကျော်ခန့်တွင်လည်း လက်နက်ကြီး ၁၀ […]


