ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တောင်ကိုရီးယား ဟောလိုးဝင်းပွဲတော်ည လူအုပ်ပြိုသဖြင့် သေဆုံးသူ ၁၅၀ ကျော်ပြီ

diz_admin

October 30, 2022

တောင်ကိုရီးယားနိုင်ငံ မြို့တော် ဆိုးလ် တွင် ပွဲတော်ည လူအုပ်ကြီးပြိုရာမှ အသက်ရှူကျပ်ပြီး သေဆုံးသူ (၁၅၁) ဦး ရှိသွားကာ ၈၂ ဦးဒဏ်ရာရရှိသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် နိုင်ငံခြားသား (၁၉) ဦးလည်း ပါဝင်ကြောင်း အရေးပေါ်ကယ်ဆယ်ရေး လုပ်သားများက ပြောကြားကြသည်။ ဆိုးလ်မြို့ရှိ ညဘက် အများသူငါ ထွက်ပြီး ပျော်ပွဲဆင်ရာ နေရာ အီတေးဝမ် တွင် ဟောလိုးဝင်းပွဲအတွက် လူအုပ်ကြီး ညပ်သွားခြင်း ဖြစ်သည်။ သေဆုံးသူ အများစုမှာ အသက် ၂၀ ဝန်းကျင် လူငယ်လေးများ၊ ဆယ်ကျော်သက်များ ဖြစ်ကြောင်း မီးသတ်ဌာနက ထုတ်ပြန်ထားသည်။ သေဆုံးသူများထဲတွင် တရုတ်နိုင်ငံသား သုံးဦးပါဝင်သွားကြောင်း Xinhua သတင်းဌာနက ထုတ်ပြန်ထားသေးသည်။ လမ်းကျဉ်းလေးတစ်ခုထဲတွင် လူအများလဲကျရာမှ အလွန်ကြီးမားသော […]

ထိုင်းတွင် လုပ်ခတိုးမြှင့်မှု စက်ရုံက မြန်မာလုပ်သားများခံစားခွင့်ရ၊ နယ်စပ်နှင့် ခြံအလုပ်အချို့တွင် မရသေး

diz_admin

October 30, 2022

ထိုင်းနိုင်ငံအစိုးရက နိုင်ငံ၏ တစ်ရက်အခြေခံလုပ်အားခကို တိုးမြှင့်လိုက်ပြီးနောက် စက်ရုံအများအပြားရှိ မြန်မာ အလုပ်သမားများ ယခုအောက်တိုဘာလမှစတင်ကာ ခံစားခွင့်ရရှိပြီး နယ်စပ်နှင့် ခြံလုပ်ငန်းအချို့တွင်မူ မရရှိကြသေး ကြောင်း စုံစမ်းသိရှိရသည်။ ထိုင်းတွင် ၁၄ နှစ်အကြာ၌ အမြင့်ဆုံးပြန်ရောက်လာသည့် ငွေကြေးဖောင်းပွမှုနှုန်းကို ရင်ဆိုင်ကျော်လွှားနိုင်ရန် အလုပ်သမားများ၏ တစ်ရက်လုပ်အားခနှုန်းထားကို တိုးမြှင့်ပေးရန် ထိုင်းအစိုးရအဖွဲ့မှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယခု အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ ယခင်သတ်မှတ်ထားသော တစ်ရက်လုပ်အားခနှုန်း၏ ပျမ်းမျှ ၅ ရာခိုင်နှုန်းခန့်ကို ခရိုင်အလိုက် တိုးမြှင့်ခံစားနိုင်ရန် ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့သည်။ အခြေခံလုပ်အားခတိုးမြှင့်မှုကို စမူစခွန်ခရိုင်ရှိ စက်ရုံအများစုက မြန်မာအလုပ်သမားများ စတင်ခံစားခဲ့ရကြပြီဖြစ်ပြီး ခရိုင်အသီးသီးရှိ လုပ်အားခ တိုးမပေးသော စက်ရုံများကို စောင့်ကြည့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ထံမှ သိရသည်။ “လုပ်အားခတိုးတာ မြန်မာအလုပ်သမားတွေ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

October 29, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၃ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဒုက္ခသည် ၁၄သိန်းကျော်လာပြီ မြန်မာနိုင်ငံတွင် အောက်တိုဘာလ ၂၇ ရက်အထိ အိုးအိမ်စွန့်ခွာထွက်ပြေးရသည့် ဒုက္ခသည် ၁ ဒသမ ၄ သန်းကျော် ရှိလာပြီဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA) က အောက်တိုဘာလ ၂၆ ရက်တွင် ထုတ်ပြန်သည်။ ယင်းဒုက္ခသည်များအနက် တစ်သန်းကျော်သည် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့် မလုံခြုံမှုတို့ကြောင့် ဖြစ်ပြီး ကျန်သုံးသိန်းသုံးသောင်းကျော်မှာ အာဏာမသိမ်းခင်ကပင် နေရပ်စွန့်ခွာ ထွက်ပြေးနေရ သူများဖြစ်သည်ဟု ဖော်ပြသည်။ ယင်းသုံးသိန်းကျော်တွင် ရခိုင်ပြည်နယ်က အများဆုံးဖြစ်သည်။ နိုင်ငံတဝှမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် အရပ်သားသေဆုံးမှုများ၊ အရပ်သားပြည်သူပိုင် […]

လောင်းလုံးတွင် တစ်ရက်တည်း လူသုံးဦး ပစ်သတ်ခံရ

diz_admin

October 29, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ ကျေးရွာနှစ်ရွာတွင် အောက်တိုဘာလ ၂၈ ညက ဒလန်ဟုဆိုသူ သုံးဦး ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ပစ်သတ်ခံရသူများမှာ လောင်းလုံးမြို့အထက်ဘက် မောင်းမကန်ကမ်းခြေအနီးရှိ ကျောက်ဆင်းရွာသား အသက် ၆၀ ကျော်အရွယ် ဦးဟန်သိန်းဆိုသူနှင့် လောင်းလုံးမြို့အောက်ဘက် ထားဝယ်-ရှင်မော်သွားလမ်းပိုင်းရှိ သကျက်တော ကျေးရွာနေ ဇနီးမောင်နှံနှစ်ဦးဖြစ်သူ အသက် ၅၀ ကျော်အရွယ် ဦးအောင်စိုး၊ ဒေါ်ကြည်စန်းတို့ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ ၎င်းတို့ သုံးဦးစလုံးအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ဦးဟန်သိန်းမှာ စစ်ကောင်စီခန့် ကျောက်ဆင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး(၂၀၂၁ စက်တင်ဘာလက ပစ်သတ်ခံရပြီး သေဆုံး) ၏ ဖခင်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ “ကျောက်ဆင်ရွာက သူ့အိမ်မှာပဲ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ အောက်တိုဘာလ […]

ပုလော ပစ်ခတ်မှုအတွင်း အရပ်သားနှစ်ဦးဒဏ်ရာရ

diz_admin

October 29, 2022

ပုလောမြို့နယ်၊ မင်းထိန်၊ တပို၊ တန်းရှင်း စသည့်ကျေးရွာများအနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တို့အကြား ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံများထံမှ သိရသည်။ အောက်တိုဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ထားဝယ်မြို့မှ မြိတ်မြို့သို့ဆင်းလာသည့် စစ်ကောင်စီ ယာဉ် တန်းအား မင်းထိန်ကျေးရွာအနီး ကျောက်ပုဇွန်တောင်တွင် တစ်ကြိမ်၊ ညနေ ၅ နာရီခွဲခန့်တွင်လည်း ကဒဲကျေးရွာအနီး တစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း ၁ (ပုလော) က ထုတ်ပြန်သည်။ ယင်းနောက် စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန် ထားသည်။ “တပို တောင်ပေါ်ကနေပြီးတော့လည်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ လှမ်းလှမ်းပစ်ခဲ့သေးတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနောက် […]

ထားဝယ်ထောင် ထောင်ဝင်စာပါဆယ်ပို့ခွင့် အောက်တိုဘာ ၃၁ရက်တွင် ပြန်လက်ခံမည်

diz_admin

October 29, 2022

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝင်စာပါဆယ်ပို့ခွင့်ကို အောက်တိုဘာလ ၃၁ ရက်နေ့ကစပြီး ပြန်လည် လက်ခံမည်ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်ရှေ့တွင် ယနေ့ စာကပ်ကြေညာထားသည်။ ထောင်ဝင်စာပါဆယ်ပို့ခွင့်အား ပိတ်ပင်ထားပြီး ၁၃ ရက်အကြာတွင် ပြန်လည်ခွင့်ပြုရန် လုပ်ဆောင်ခြင်း ဖြစ်သည်။ ထောင်ဝင်စာလာပို့သည့် ပါဆယ်ပစ္စည်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ လက်ခံမည် ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ ထောင်ဝင်စာပါဆယ်ပစ္စည်းများကို နံနက် ၇ နာရီခွဲမှ နေ့လယ် ၁၁ နာရီအထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ စိစစ်လက်ခံမည်ဖြစ်ကြောင်း ဖော်ပြသည်။ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ပေးသွင်းခွင့်ကို တစ်ပတ် တစ်ကြိမ်သာ ခွင့်ပြုမည်ဟု ဆိုသည်။ အကျဉ်းသား၊ အကျဉ်းသူများ၏ ပါဆယ်ပစ္စည်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် […]

ကင်ဂျုံအန် ဘာဖြစ်ချင်နေတာလဲ

diz_admin

October 29, 2022

(Jean Mackenzie ၏ BBC သတင်းဆောင်းပါးကို ဘာသာပြန်သည်) မြောက်ကိုရီးယား နှင့် တင်းမာမှုများက ဖြစ်လိုက်၊ ပြီးသွားလိုက် ချည်းပင်။ သို့သော် ယခု ကိုရီးယားကျွန်းဆွယ် အခြေအနေက ငါးနှစ်အတွင်း သွေးအဆူဆုံး ဖြစ်ကာ၊ ထို့ထက် ပိုဆိုးသွားရန်သာ ရှိပေသည်။ ပြီးခဲ့သည့် လ က မြောက်ကိုရီးယား သည် ဂျပန်ပေါ်က ကျော်ပြီး ဒုံးပျံပစ်လွှတ်လိုက်ရာ ဒေသခံများ ဗုံးခိုကျင်းသို့ ပြေးဝင်လိုက်ရသည်။ ကြမ်းတမ်းသော ရန်လိုသည့် လုပ်ရပ် ဖြစ်သည်။ မြောက်ကိုရီးယားသည် ပဲ့ထိန်းဒုံးပျံလက်နက်များစွာ ပစ်ခဲ့ကာ တောင်ကိုရီးယား နယ်စပ်နားအထိ တိုက်လေယာဉ်များ ပျံခဲ့ပြီး ပင်လယ်ထဲသို့ ဒုံးလက်နက် ရာနဲ့ချီကာ ကျဲချခဲ့လေရာ ငြိမ်းချမ်းရေး ထိန်းသိမ်းရန် ၂၀၁၈ က သက်မှတ်ခဲ့သော စစ်မဲ့ဇုန်ထဲအထိ ကျခဲ့သည်။ […]

မြိတ်အခြေခံရေလုပ်သားများ လုပ်ခလစာအနည်းငယ်တိုးလာ

diz_admin

October 29, 2022

မြိတ်ခရိုင်အတွင်းရှိ အခြေခံရေလုပ်သားများ လုပ်ခလစာအနည်းငယ်တိုးလာကြောင်း ရေလုပ်သားများ ထံမှသိရသည်။ ပြီးခဲ့သည့်နှစ်က အခြေခံရေလုပ်သားတစ်ဦး တစ်လလုပ်ခလစာ ကျပ်နှစ်သိန်းခွဲရှိရာမှ လက်ရှိတွင် ကျပ်သုံးသိန်းသို့တိုးလာသည်ဟု ရေလုပ်သား များကပြောသည်။ “လခကတိုးလာတယ်ဆိုပေမယ့် ခုခေတ်ကုန်စျေးနှုန်းနဲ့ မလောက်ငဘူး။ တစ်နေ့တစ်နေ့ အလျဉ်မီအောင် မနည်းကိုချွေတာပြီး စားနေရတယ်”ဟု မြိတ်မြို့နေ၊အခြေခံရေလုပ်သား တစ်ဦး၏ အိမ်ရှင်မကပြောသည်။ ပြီးခဲ့သည့်နှစ်က လစာနှစ်သိန်းခွဲရပြီး ဆန်ကြမ်းတစ်ပြည် တစ်ထောင်ကျပ်ဖြင့်ဝယ်စားရကာ လက်ရှိအချိန်တွင် ဆန်ကြမ်းတစ်ပြည်ကို နှစ်ထောင့်နှစ်ရာကျပ်ဖြင့် ဝယ်စားနေရသည်။ ယင်းအပြင် အခြားသော အခြေခံစားသောက်ကုန်များလည်း အလားတူ နှစ်ဆသုံးဆဈေးတက်နေသဖြင့် ရသည့်လစာ တစ်ခုတည်းဖြင့် မလုံလောက်ဟု အိမ်ရှင်မတစ်ချို့ ကပြောသည်။ “အိမ်လခ၊မီးဖိုး ရေဖိုး ကရှိသေးတော့ အဲဒီဖိုးလေးရအောင် မုန့်ပဲသရေစာလုပ်ပြီး ရောင်းချနေရသေးတယ်’ဟု ရေလုပ်သား၏ ဇနီးဖြစ်သူ နောက်အိမ်ရှင်မက ပြောသည်။ အခြေခံရေလုပ်သားများအား လစာတိုးပေးလိုက်ခြင်းသည် ရေလုပ်ငန်းတွင်အမြတ်ပိုမိုရရှိ၍ တိုးပေးခြင်းမဟုတ်ဘဲ […]