ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်အချို့ မနက်ဖြန် ဓာတ်အားပြတ်တောက်မည်

diz_admin

October 28, 2022

ထားဝယ်ခရိုင်အတွင်းရှိ လောင်းလုံးနှင့် ထားဝယ်မြို့ပေါ်ရပ်ကွက်များ မနက်ဖြန် အောက်တိုဘာ ၂၉ ရက်နေ့ နံနက် ကိုးနာရီမှ ညနေသုံးနာရီအထိ ခြောက်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း Petro & Tran Co.Ltd ထားဝယ်၏ထုတ်ပြန်ချက်အရသိရသည်။ ထားဝယ်တစ်ဖက်ကမ်း လောင်းလုံးဘက်ရှိ ကမြောကင်းတံတားအနီးရှိ ဗိုလ်မှူးဗထူးရုပ်တုရှိရာပန်းခြံကို အဝိုင်းပတ်တည်ဆောက်မည်ဖြစ်ရာ လမ်းဧရိယာတွင်ကျရောက်နေသည့် ဓာတ်အားလိုင်းများကို ပြောင်းရွှေ့မည်ဖြစ်သောကြောင့် ဓာတ်အားပြတ်တောက်ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယခင်က တြိဂံပုံသဏ္ဍန်ရှိသော ဗိုလ်မှူးဗထူးရုပ်တုထားရှိရာပန်းခြံအား ရုပ်တုအလယ်ထားပြီး အဝိုင်းပတ်ပုံစံ လမ်းဖောက်လုပ်မည်ဖြစ်ကြောင်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးက ပြီးခဲ့သည့် ပတ်က Dawei Watch သို့ပြောဆိုထားသည်။ ယင်းကြောင့် အဆိုပါလုပ်ငန်းများဆောင်ရွက်နေစဉ် ထားဝယ်မှ လောင်းလုံးမြို့သို့ လျှစ်စစ်ဓာတ်အား ပို့လွှတ်နေသည့် ၃၃ ကေဗွီလောင်းလုံးဖီဒါ ဓာတ်အားလိုင်းနှင့် ၁၁ ကေဗွီ ဖီဒါ ၃ ဓာတ်အားလိုင်းတို့ကို ပိတ်ထားမည်ဖြစ်သည်။ ယင်းဓာတ်အားလိုင်း တစ်လျှောက်ရှိ ထားဝယ်မြို့ပေါ်ရပ်ကွက်အချို့နှင့် […]

အီတလီတွင် ဓါးဖြင့်လိုက်လံတိုက်ခိုက်၍ လူတစ်ဦးသေဆုံး၊ အာဆင်နယ်ကစားသမားတစ်ဦး အပါအဝင် လေးဦး ဒဏ်ရာရ

diz_admin

October 28, 2022

အီတလီနိုင်ငံ မြောက်ပိုင်း မီလန်မြို့အနီး ဆူပါမားကတ်တစ်ခုတွင် ဓါးဖြင့် လိုက်လံထိုးမှု ဖြစ်ခဲ့ရာ လူတစ်ဦး သေဆုံးပြီ အနည်းဆုံး လေးဦး ဒဏ်ရာရရှိရာ အာဆင်နယ် ကစားသမားတစ်ဦး ပါဝင်ကြောင်း BBC သတင်းက ဖော်ပြထားသည်။ မီလန်မြို့အနီး အက်ဆာဂို ဒေသတွင် လူတစ်ဦးက ဓါးဖြင့် လိုက်လံတိုက်ခိုက်ရာမှ Carrefour ဆူပါမားကတ်မှ အသက် (၃၀) အရွယ် ငွေရှင်းကောင်တာ ဝန်ထမ်း သေဆုံးသွားခြင်း ဖြစ်သည်။ ဒဏ်ရာရရှိသူများထဲတွင် အာဆင်နယ်မှ အငှားဖြင့် ပြောင်းရွှေ့လာသော ဘောလုံးသမား ပက်ဘလိုမာရီ လည်း ပါဝင်သည်။ အသက် ၄၆ နှစ်အရွယ် တရားခံဟု ယူဆရသူကို ဖမ်းဆီးထားပြီး အကြမ်းဖက်မှုကျူးလွန်ရခြင်း အကြောင်းရင်း ကို ရဲက မထုတ်ပြန်သေးပေ။ ဓါးဖြင့်လိုက်လံ တိုက်ခိုက်သူတွင် စိတ်ကျန်းမာရေးအခြေအနေ […]

ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီး နှစ်ဖက်ပစ်ခတ်မှုဖြစ်

diz_admin

October 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီးတွင် စစ်ကောင်စီတပ်ကင်းစခန်းကို ရေးဘီလူးအဖွဲ့က သွားရောက်တိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ကြောင်း ဒေသခံများနှင့် ရေးဘီလူးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ‌နံနက် ၁၀ နာရီခွဲဝန်းကျင်က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၁၅ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးကြောင်း ဒေသခံတို့က ဆိုသည်။ “ပစ်ခတ်မှုဖြစ်တာကတော့ ၁၀ မိနစ် ၁၅ မိနစ်လောက်ရှိမယ်ထင်တယ်။ PDF အဖွဲ့နဲ့ ဖြစ်ကြတာ။ ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်ဆေးတာတွေရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ရေးဘီလူးအဖွဲ့ကမူ ရေးမြို့နယ် ကျုံလောင်းရွာဟောင်းအနီးက ပစ်ခတ်မှုတွင် လက်ဦးမှုရယူ၍ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ “ရွာဟောင်းအနီးမှာ တိုက်ပွဲခဏဖြစ်တယ်။ ကျွန်တော်တို့ လက်ဦးမှုရတယ်” ဟု […]

ထားဝယ်တွင် ဓနိသကြားဈေးကောင်းရ

diz_admin

October 27, 2022

ထားဝယ်တွင် ယခုနှစ် ဓနိသကြားဈေးကောင်းရနေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ဓနိသကြားကော်ပုံးဝါတစ်ပုံးကို တစ်သောင်းရှစ်ထောင်ကျပ်အထိ အမြင့်ဆုံးဈေးရခဲ့သော်လည်း ယခုနှစ်တွင် တစ်ပုံးကို ကျပ်နှစ်သောင်းနှင့် နှစ်သောင်းနှစ်ထောင်ကျပ်အထိ ဈေးရလာကြောင်း လောင်းလုံးမြို့နယ်က ယင်းလုပ်ငန်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်ကတော့ ဈေးပိုရလာတာပေါ့။ လုပ်ရကိုင်ရတာလည်း အဆင်ပြေလာပါတယ်” ဟု ၎င်းက ဆိုသည်။ သို့သော် ကုန်ဈေးနှုန်းကြီးမြင့်နေမှုကြောင့်မူ စားဝတ်နေရေး မပြေလည်ကြောင်း ဓနိသကြား လုပ်ကိုင်သူများက ပြောသည်။ လွန်ခဲ့သည့် သုံးနှစ်ဝန်းကျင်အထိ ဓနိသကြားဈေးမှာ တစ်သောင်းအောက်တွင် ရှိနေပြီး ယခုနှစ်တွင်မူ နယ်ဒေသ အထိပါ ဆင်းဝယ်ယူသူများရှိလာကာ ရှေ့ကမ်း (ထားဝယ်မြစ် အရှေ့ဖက်ကမ်း သရက်ချောင်းနယ်) ဖက်ကပါ လာရောက်၍ ရောင်းချလာကြကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အခြားအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “တစ်ဆင့်ခံဝယ်ပေးသူက တစ်လုံးကိုငါးရာရတယ်။ ဝယ်စုပေးထားရတာပေါ့နော်။ သူတို့လိုချင်တဲ့ […]

ထိုင်းသို့ လူမှောင်ခိုပို့သည့်ယာဉ်များကို ထားဝယ်-ထီးခီးလမ်း အသုံးပြုခွင့်ပိတ်

diz_admin

October 27, 2022

ထိုင်းနိုင်ငံသို့ အလုပ်သမား တရားမဝင်ပို့နေသည့် ယာဉ်များအားလုံး အောက်တိုဘာလ ၂၆ ရက်မှစပြီး ထားဝယ်-ထီးခီးလမ်းကို လုံးဝဖြတ်သန်း သွားလာခြင်းမပြုကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့ တစ်ခုက ထုတ်ပြန်လိုက်သည်။ ပွင့်လင်းရာသီရောက်လာသဖြင့် စစ်ရေးအခြေအနေအရ ပြည်သူများ၏ လုံခြုံရေးရှေးရှုကာ ယင်းလမ်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ “ဒီလမ်းက တိုက်ပွဲဖြစ်နေတဲ့နေရာလေ။ ဖြစ်လာရင် ရန်သူမှန်းမသိ ပြည်သူမှန်းမသိ ပစ်မိမှာစိုးလို့ဖြစ်မယ်။ ဘာဖြစ်လို့လဲဆို စကစကလည်း အရပ်ဝတ်တွေနဲ့ ကားနဲ့သွားနေကြတာပဲလေ။ အဲဒီလိုမျိုး မှားမှာစိုးလို့ ကြိုသတိပေးတာဖြစ်မယ်” ဟု ထားဝယ်-ထီးခီးလမ်းပိုင်းရှိ ဒေသခံတစ်ဦးက လမ်းပိတ်မှုနှင့် ပတ်သက်ပြီး ၎င်းကြား သိထားရသည့်အကြောင်းကို ပြန်လည်ပြောပြသည်။ စစ်ကောင်စီတပ်သားများသည် အရပ်သားပုံစံဖြင့် ယင်းလမ်းပိုင်းအား ဖြတ်သန်းသွားလာစဉ် PDF အဖွဲ့များနှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားပြီး အရပ်သားများပါ သေဆုံး၊ ဒဏ်ရာရသည့်ဖြစ်စဉ်များ […]

ထားဝယ်တွင် အိမ်တိုင်ရာရောက် ဆိုင်ကယ်စက်ပေါ်လစ်တိုက်သည့်လုပ်ငန်း တွင်ကျယ်လာ

diz_admin

October 27, 2022

ထားဝယ်မြို့တွင် ဆိုင်ကယ်ကာဗာဆေးသား ပိုမိုတောက်ပြောင်လာစေရေးအတွက် အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်ရန် အလုပ်အပ်သူများလာသဖြင့် ယင်းလုပ်ငန်းများ တွင်ကျယ်လာကြောင်း တွေ့ရသည်။ အိမ်တိုင်ရာရောက် စက်ပေါ်လစ်တိုက်သည့် ဝန်ဆောင်မှုကို ယခုနှစ်သင်္ကြန်ပြီးချိန်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ထိုအချိန်က တစ်ပတ်လျှင် ၇ စီးခန့်သာ အလုပ်အပ်သူရှိကြောင်း စက်ပေါ်လစ်တိုက်နေသူ ဦးထွန်းလင်းဦးက ဆိုသည်။ ယင်းနောက် အလုပ်အပ်သူတဖြည်းဖြည်းများလာပြီး လက်ရှိအချိန်၌ တစ်ပတ်လျှင် ၁၅ စီးခန့်အထိ တိုက်နေရကြောင်း ၎င်းက ပြောသည်။ စက်ပေါ်လစ်တိုက်ပြီးချိန်တွင် ဆိုင်ကယ်ကာဗာ ဆေးအရောင်မှိန်နေခြင်းနှင့် အစင်းရာခြစ်ရာရှိနေပါက ဆေးရောင်ပြန်လည်တောက်ပလာသည်။ စက်ဖြင့်ပေါ်လစ်မှာ ရိုးရိုးအဝတ်စဖြင့် တိုက်ခြင်းထက် ဆေးအရောင် ပိုမိုတောက်ပြောင်ကြောင်း ထားဝယ်မြို့ရှိ ဆိုင်ကယ်ဝယ်ရောင်းအချို့က ဆိုသည်။  “ဆေးပြန်မှုတ်မယ့် ကုန်ကျစရိတ်နဲ့ စက်ပေါ်လစ်တိုက်မယ့် ကုန်ကျစရိတ် ကွာဟတာရယ် လူသိများလာတာရယ်ကြောင့် ခေါ်တိုက်သူ များလာတာ”ဟု ဦးထွန်းလင်းဦးက ပြောသည်။ လက်ရှိတွင် PCX ၊ Click ကဲ့သို့ […]

တိုင်းပြင်ပနေသူများ ထားဝယ်တွင် နိုင်ငံကူးလက်မှတ် လာလျှောက်မှုများပြား

diz_admin

October 27, 2022

ထားဝယ်မြို့ရှိ နိုင်ငံကူးလက်မှတ် ( Passport) ထုတ်ပေးရေးရုံးတွင် တနင်္သာရီတိုင်းတွင် နေထိုင်သူများထက် တိုင်းပြင်ပမှ နိုင်ငံကူးလက်မှတ် လာရောက်လုပ်ကိုင်သူမှာ ပိုမိုများပြားကြောင်း ပွဲစားအချို့ထံမှ သိရသည်။ မြန်မာနိုင်ငံမြို့ကြီးများတွင် နိုင်ငံကူးလက်မှတ် လုပ်ကိုင်လိုသူ အလွန်များပြားနေသဖြင့် နိုင်ငံကူးလက်မှတ်ရရှိရန် လအတော်ကြာစောင့်ဆိုင်းနေရ၍ ထားဝယ်တွင်လာရောက် လျှောက်ထားခြင်းဖြစ်ကြောင်း ပွဲစားအချို့က ဆိုသည်။ ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားလိုပါက အွန်လိုင်းမှကြိုတင်စာရင်းသွင်းရပြီး သတ်မှတ်ရက်ရောက်မှသာ လာရောက်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံးက တရားဝင်ကြေညာထားသည်။ အွန်လိုင်းမှ ၃ လကြိုတင်စာရင်းသွင်း လျှောက်ထားခွင့်ပြုထား‌သော်လည်း ပြည့်နေပြီဖြစ်သဖြင့် ကြိုတင်စာရင်းသွင်းခွင့်ရဖို့ပင် ခက်ခဲကြောင်း နိုင်ငံကူးလက်မှတ် လျှောက်ထားရန် လုပ်ဆောင်နေသူတစ်ဦးကဆိုသည်။ ပွဲစားအကူအညီဖြင့် အွန်လိုင်းကြိုတင်စာရင်းသွင်းမှသာ ရနိုင်ကြောင်း စာရင်းသွင်းခွင့်ရဖို့ပင် ပွဲစားခ တစ်သိန်းကျော်ပေးရကြောင်း ၎င်းကဆိုသည်။ ထားဝယ်တွင်မူ နိုင်ငံကူးလက်မှတ်ကို လျှောက်ထားပြီး နှစ်ပတ်အတွင်း ထုတ်ပေးလေ့ရှိသည်။ ယင်း‌ကြောင့် နယ်မြို့များရှိ နိုင်ငံကူးလက်မှတ် […]

ဆိုင်ကယ်ဦးထုပ်မပြနိုင်၍ လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်  ဖမ်းဆီးခံရ

diz_admin

October 27, 2022

ထားဝယ်မြို့တွင် လမ်းဘေးရပ်ထားသည့်ဆိုင်ကယ်ကို စစ်ဆေးရာတွင် ဆိုင်ကယ်ဦးထုပ်မပြနိုင်၍ဟုဆိုကာ စစ်ကောင်စီတပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဆိုင်ကယ်သိမ်းသွားခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ကာယကံရှင်က ပြောသည်။ ယခုလ တတိယအပတ်က ထားဝယ်မြို့ ကမြောကင်းလမ်းမပေါ်ရှိ ဆိုင်တစ်ဆိုင်တွင် ဇနီးဖြစ်သူပစ္စည်းဝယ်နေချိန် ဆိုင်ကယ်ရပ်ပြီး ခပ်လှမ်းလှမ်းရှိ ပလက်ဖောင်းပေါ်ရပ်စောင့်နေခဲ့ကြောင်း အဆိုပါ ကာယကံရှင် အမျိုးသားက ဆိုသည်။ ထိုသို့ ရပ်စောင့်နေချိန်တွင် ဆိုင်ကယ်အနီးသို့ ရဲကားတစ်စီးရောက်လာပြီး ဆိုင်ကယ်ပိုင်ရှင်အား မေးမြန်းခဲ့ကြောင်း ၎င်းက ပြောသည်။ ယင်းနောက် ဆိုင်ကယ်ပိုင်ရှင်ဖြစ်သည့် ၎င်းတွင် ဆိုင်ကယ်စီးဦးထုပ်မပါသည့်အတွက်ကြောင့်ဆိုကာ ဆိုင်ကယ်အား ကားပေါ်တင်ပြီး ဖမ်းဆီးသွားခဲ့သည်ဟု ဆိုသည်။ “မောင်းနေတာမဟုတ်ဘဲ ရပ်နေတာလို့ ပြောတာတောင်မရဘူး။ ဆိုးတာကတော့ တော်တော်ဆိုးနေတယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။ ယင်းဖြစ်စဉ်တွင် ဒဏ်ငွေသုံးသောင်းပေးဆောင်ပြီးမှ ဆိုင်ကယ်ကို ပြန်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။ ဝဲကျွန်းရပ်ကွက်ရှိ ရေးလမ်းမပေါ်တွင်လည်း […]