ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောတောင် – စင်ခွန်းနယ်စပ် ကုန်သွယ်မှုပမာဏ ဆက်တိုက်ကျဆင်း

diz_admin

October 28, 2022

မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင် – စင်ခွန်းနယ်စပ် ကုန်သွယ်မှုပမာဏမှာ ဆက်တိုက်ကျဆင်းလာ‌နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကုန်သွယ်မှု ပမာဏစာရင်းအရ သိရသည်။ အဆိုပါ ကုန်သွယ်မှုပမာဏစာရင်းအရ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၄ ဒသမ ၄၇၈ သန်း ရှိခဲ့ကြောင်း ဖေါ်ပြထားသည်။ ထို့ပြင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ၈ ဒသမ ၇၁၀ သန်းနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဩဂုတ်လအထိ)တွင် ၂ ဒဿမ ၆၇၄ သန်း ရှိကြောင်း ရေးသားဖေါ်ပြထားသည်။ အထက်ပါ ကုန်သွယ်မှုပမာဏစာရင်းအရ ဘဏ္ဍာနှစ်သုံးနှစ်ဆက်တိုက်နီးပါး ကုန်သွယ်မှုပမာဏ ထိုးကျလာနေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်းက ထိုင်းနိုင်ငံ မဟာချိုင်ငါးဈေးတွင် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

October 28, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အထိ အီလွန်မက်စ်က Twitter ပိုင်ရှင်အသစ်ဖြစ်လာ ဘီလျံနာ အီလွန်မတ်စ်က အောက်တိုဘာ ၂၇ ရက်မှာ ဒေါ်လာ ၄၄ ဘီလီယံတန်ဖိုးရှိ တွစ်တာရဲ့ ပိုင်ရှင်သစ် ဖြစ်လာခဲ့ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ပိုင်ရှင်အသစ်ဖြစ်လာပြီးတဲ့နောက် တွစ်တာရဲ့ ဥက္ကဌအပါအဝင် ထိပ်တန်းအမှုဆောင်အရာရှိအချို့ကို စတင် အလုပ်ဖြုတ်ပစ်ခဲ့ပါတယ်။ အီလွန်မတ်စ်အနေနဲ့ သြဇာကြီးမားတဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းတစ်ခုကို သူအရင်ကပြောဆိုခဲ့သလိုပဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ဘယ်လိုစီမံခန့်ခွဲမလဲဆိုတာကို အသေးစိတ်ပြောကြားခြင်းတော့ မရှိသေးပါဘူး။ ဒါကြောင့် တွစ်တာကုမ္ပဏီမှ ဝန်ထမ်းတို့ဟာ သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေ မြင့်တက်နေကြတယ်လို့ဆိုကြပေမဲ့ အီလွန်မက်စ်အနေနဲ့ကတော့ ၇၅ ရာခိုင်နှုန်းအထိ အလုပ်ဖြုတ်မယ်ဆိုတဲ့ ကောလဟာလ […]

ပိုနေသည့် မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း ပြင်ဆင်ရမည့် နောက်ဆုံးရက်ထုတ်ပြန်

diz_admin

October 28, 2022

မှတ်ပုံတင်၊ ‌အိမ်ထောင်စုစာရင်း တစ်ခုထက်ပို‌ ကိုင်ဆောင်အသုံးပြုနေသူများ နိုဝင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြင်ဆင်ရမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများကို ကွန်ပျူတာစနစ်ဖြင့် မှတ်တမ်းတင်ထားပြီး ဖြစ်သောကြောင့် လူပုဂ္ဂိုလ် တစ်ဦးတည်းက မှတ်ပုံတင် အပိုကိုင်ဆောင်ထားခြင်း ရှိ မရှိ၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို ထည့်သွင်းထားခြင်း ရှိ မရှိကို စိစစ်‌ စစ်ဆေးနိုင်နေပြီဟု စစ်ကောင်စီက ဆိုသည်။ အကယ်၍ လူပုဂ္ဂိုလ်တစ်ဦးတည်းက မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း တစ်ခုထက်ပို ကိုင်ဆောင် အသုံးပြုနေလျှင် သက်ဆိုင်ရာ မြို့နယ် လဝက ရုံးများတွင် သွားရောက် ပြင်ဆင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ သတ်မှတ်ရက်အတွင်း ပြင်ဆင်ခြင်းမရှိက တစ်ခုထက်ပိုကိုင်ဆောင်အသုံးပြုနေသည့် မှတ်ပုံတင်၊ အိမ်ထောင်စု စာရင်းများအနက် နောက်ဆုံးထုတ်ယူခဲ့သည့်တစ်ခုကိုသာ ကျွန်ပျူတာစနစ်ထဲတွင် ချန်ထားပြီး ကျန်အရာများအားလုံး […]

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေး သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်

diz_admin

October 28, 2022

ထားဝယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးလိုသူများသည် ထားဝယ်မြို့ အခွန်လွတ်ဈေးရှေ့မှ သာသနာ့ဗိမာန်တွင် လာရောက်ထိုးနိုင်ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခုနှစ် အောက်တိုဘာလတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ပြန်လည်များပြားလာနေပြီး သေဆုံးသူမှာ တစ်နေ့ တစ်ဦးမှ သုံးဦးအထိ နေ့စဉ်ရက်ဆက်ရှိနေသည်။ ကိုဗစ်ကြောင့် သေဆုံးသူများတွင် အသက် ၆၀ ကျော်မှ ၉၂ နှစ်အရွယ် သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ အပြင် ၆ လသားအရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၄နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ပါ သေဆုံးခဲ့သည်။ ကိုဗစ်ကူးစက်မှုနှင့်အတူ သေဆုံးမှုများပါ တကျော့ပြန်ဖြစ်လာသဖြင့် ကိုဗစ်ကာကွယ်ဆေး လုံးဝ မထိုးရသေးသူများ၊ ကာကွယ်ဆေးအကြိမ်ရေ အပြည့်မထိုးထားသူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများအနေဖြင့် ကိုဗစ် ကာကွယ်ဆေး အကြိမ်ပြည့်ထိုးထားသင့်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။ “ကာကွယ်ဆေးထိုးလည်း ကူးတာပဲဆိုပေမယ့် […]

ခြေထောက်နှစ်ဖက်လုံးဆုံးရှုံးသွားသည့် မြန်မာလုပ်သားတစ်ဦး ထိုင်းဘတ် ၁၄သိန်း နစ်နာကြေးရ

diz_admin

October 28, 2022

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် ကားမတော်တဆမှုကြောင့် ခြေထောက်အစုံ ကားကြိတ်ခံရသဖြင့် ပေါင်အရင်းမှ ဖြတ်ထုတ်လိုက်ရသော မြန်မာအလုပ်သမားတစ်ဦးအတွက် လျော်ကြေးငွေ ဘတ် ၁၄ သိန်းရရှိကြောင်း အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ချွန်ဘူရီခရိုင် ဖိနပ်နီကွန်မြို့နယ်ရှိ ဖိနပ်စက်ရုံတွင် လုပ်ကိုင်ခဲ့သော မြန်မာအလုပ်သမားတစ်ဦးသည် ၂၀၂၁ ခုနှစ် မေလ ၅ ရက်တွင် အလုပ်မှ စက်ဘီးဖြင့် အိမ်ပြန်ချိန် ၁၈ ဘီးကားနှင့် ငြိပါသွားရာ ကားဖြင့်ကြိတ်မိသဖြင့် ခြေထောက် နှစ်ဖက်စလုံး ဖြတ်လိုက်ရခြင်းဖြစ်သည်။   စက်ရုံပြင်ပတွင် ဖြစ်ပွားခဲ့သဖြင့် အလုပ်ရှင်မှ လုပ်ငန်းခွင်အတွင်းဖြစ်ပွားခြင်း မဟုတ်ဟုဆိုကာ တာဝန်ယူပေးခဲ့ခြင်း မရှိခဲ့ကြောင်း AAC ထံမှ သိရသည်။ မြန်မာအလုပ်သမားမှာ မပပဝင်းအမည်ရှိသူဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်ကတည်းက နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ MoU စာချုပ်ဖြင့် အဆိုပါစက်ရုံသို့ […]

အွန်လိုင်းချေးငွေလုပ်ငန်းဟုဆိုကာ ထားဝယ်မြို့လိပ်စာဖြင့် လိမ်လည်နေ

diz_admin

October 28, 2022

ရုံးတည်နေရာမှာ ထားဝယ်မြို့တွင်ရှိသည်ဟုဆိုကာ အွန်လိုင်းငွေချေးလုပ်ငန်းအမည်ခံပြီး Facebook လူမှုကွန်ရက်မှတစ်ဆင့် လိမ်လည်နေကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူနှင့် မြို့ခံအချို့ထံမှ သိရသည်။ ထားဝယ်မြို့ အောင်မင်္ဂလာလမ်းတွင် ရုံးဖွင့်ထားသည်ဆိုသည့် ရွှေဇီးကွက်ချေးငွေလုပ်ငန်းအမည်ဖြင့် ဖွင့်ထားသည့် Faceboo Page ဖြင့် ငွေကြေးလိမ်လည်နေခြင်းဖြစ်သည်။ ပဲခူးတိုင်း ဝေါမြို့နယ်တွင်နေထိုင်သည့် မချစ်စုလွင်လည်း အောက်တိုဘာလ ၂၆ရက်က ငွေကျပ်သုံးသောင်း အလိမ်ခံရကြောင်း Dawei Watch သို့ ပြောသည်။ ထိုင်းနိုင်ငံ မဲဆောက်သို့ အလုပ်သွားလုပ်ရန် ငွေလိုအပ်နေသည့်အတွက် ရွှေဇီးကွက်ချေးငွေလုပ်ငန်းဆိုသည့် ပေ့ခ်ျမှတစ်ဆင့်ဆက်သွယ်ကာ ငွေကျပ်ခြောက်သိန်းချေးပေးရန် ပြောဆိုခဲ့ကြောင်း မချစ်စုလွင်က ဆိုသည်။ ချေးငွေပေးမည်ဖြစ်ပြီး ဖောင်တင်ကြေးအနေဖြင့် ငွေကျပ်သုံးသောင်းကို ဦးစွာလွှဲပေးရန် ပြောဆိုသည့်အတွက် Wave Money မှတစ်ဆင့် လွှဲပေးခဲ့ကြောင်း မချစ်စုလွင်က ပြောဆိုသည်။ ထိုသို့ လွှဲပေးပြီးချိန်တွင် ၎င်း၏ဖုန်းကို ဆက်မရအောင် ဘလော့ခံလိုက်ရသည်ဟု […]

CDM များ နိုင်ငံကူးလက်မှတ် လျှောက်ခွင့်မရဟုဆို

diz_admin

October 28, 2022

အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခွင့် မရဘဲ ကန့်သတ်ခံနေရကြောင်း ပွဲစားအချို့ထံမှ သိရသည်။ ပွဲစားမှတစ်ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပါက CDM ဝန်ထမ်း ဟုတ်၊ မဟုတ် ဦးစွာမေးလေ့ရှိပြီး CDM ဝန်ထမ်းဆိုပါက လက်ခံလေ့မရှိကြောင်း ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ပြောသည်။ “ပုဂ္ဂလိက လုပ်ငန်းကနေပြီး CDM လုပ်ထားတဲ့သူဆိုရင်တော့ ဘာမှမဖြစ်ဘူး။ အစိုးရဝန်ထမ်း CDM ဆိုရင်တော့ မှတ်ပုံတင်နံပတ် ရိုက်ထည့်လိုက်တာနဲ့ ကွန်ပျူတာမှာ တန်းပေါ်တာ။ အဲဒါကြောင့် လက်မခံဘူး” ဟု ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ဆိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် ကန့်သတ်ချက်တစ်ခုရှိသည်။ ၎င်းအချက်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးက နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက မိမိဌာနသို့ တင်ပြရပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲ […]

သရက်ချောင်း ပိတောက်ငယ်ရွာတံတားပေါ်မှ စစ်ကားတစ်စီးပြုတ်ကျ၊ နှစ်ဦးသေပြီး ခုနစ်ဦးဒဏ်ရာရ

diz_admin

October 28, 2022

သရက်ချောင်းမြို့နယ် ၅၈ မိုင်ရှိ ပိတောင်ငယ်ရွာတံတားပေါ်မှ စစ်ကောင်စီတပ်ကားတစ်စီး ပြုတ်ကျမှုကြောင့် စစ်သား နှစ်ဦးသေဆုံးပြီး ခုနစ်ဦးဒဏ်ရာရရှိကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၈ ရက် နံနက် ၇ နာရီခန့်တွင် ထားဝယ်ဘက်မှ ပုလောဘက်သို့ မောင်းနှင်လာသည့် စစ်ကောင်စီတပ် ယာဉ်တန်း ခြောက်စီးအနက် တစ်စီးမှာ ပိတောက်ငယ်တံတားကို ဖြတ်ရာ အရှိန်မထိန်းနိုင်ဘဲ တံတားပေါ်မှ ကားတစ်စီးလုံးပြုတ်ကျကြောင်း ဒေသခံအချို့က ဆိုသည်။ အဆိုပါ ကားပြုတ်ကျမှုတွင် နှစ်ဦးသေဆုံးပြီး အရာရှိနှစ်ဦး အပါအဝင် ခုနစ်ဦး ထိခိုက်ဒဏ်ရာရသည်ဟု ကြားသိရကြောင်း မျက်မြင်တွေ့သူ ဒေသခံရွာသားတစ်ဦးက ပြောဆိုသည်။ သေဆုံးသူ စစ်သားနှစ်ဦး၏ ရာထူးများကိုမူ မသိဟု ၎င်းက ပြောသည်။ “ကားထဲမှာ လူတစ်ဆယ်ကျော်လောက်ပါတယ်။ သူ့တစ်စီးတည်း အောက်ကိုကျတာ။ တံတားကလေ နည်းနည်း […]