ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်တွင် အလူမီနီယံလုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက်နည်းဟုဆို

diz_admin

November 1, 2022

ထားဝယ်မြို့ရှိ အလူမီနီယံအိမ်သုံးပရိဘောဂ လုပ်ကိုင်သည့်လုပ်ငန်းများ အလုပ်အပ်သူ မရှိသလောက် နည်းပါးလာကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်နေသူအချို့ထံမှ သိရသည်။ ထားဝယ်တွင် ပြတင်းပေါက်၊ တံခါးပေါက်၊ ဗီဒို၊ ဆိုင်ကောင်တာ အစရှိသည့် အလူမီနီယံဖြင့်လုပ်သည့် အိမ်သုံးပစ္စည်းလုပ်ငန်း ဆယ်နှင့်ချီရှိသည်။ ယမန်နှစ်နှင့် ယခုနှစ် နှိုင်းယှဉ်ပါက အလုပ်အပ်သူ သိသိသာသာနည်းသွားပြီး ယခုလတွင် အလုပ်တစ်ခုသာ လက်ခံရရှိကြောင်း ထားဝယ်မြို့ပေါ် အလူမီနီယံဆိုင်ဖွင့်ထားသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဒေသခံအများစုက စီးပွားရေးကျပ်တည်းနေကြပြီး စားရေးသောက်ရေးကိုသာ အဓိကထားရုန်းကန်နေရသည့်အတွက် အလုပ်အပ်သူ မရှိသလောက်နည်းခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။ ပြီးခဲ့သည့်နှစ်ကမူ တစ်လလျှင် ပျမ်းမျှ ငွေကျပ်ဆယ်သိန်းခန့် အသားတင်လက်ခရရှိပြီး ယခုနှစ်တွင်မူ တစ်သိန်းခန့်သာ ရတော့ကြောင်း အဆိုပါအမျိုးသားက ပြောဆိုသည်။ “အခုက ဆိုင်ဖွင့်ထားပြီး ထိုင်နေရတဲ့ ရက်တွေချည်းပဲ။ ဆိုင်ခန်းခတောင် အိတ်စိုက်ပေးနေရတာ” ဟု ၎င်းက […]

တနင်္သာရီ တိုက်ပွဲအတွင်း ကလေးငယ်တစ်ဦးနှင့် အမျိုးသားတစ်ဦး လက်နက်ကြီးကျည်စထိမှန်

diz_admin

November 1, 2022

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း၊ ဘန်လောနှင့် ခြောက်မိုင်ကျေးရွာတို့အနီး ဖြစ်ပွားသည့် တိုက်ပွဲတွင် အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံများထံမှသိရသည်။ အဆိုပါကျေးရွာများအနီးတွင် အောက်တိုဘာလ ၃၁ ရက် နေ့လယ်ပိုင်းမှ ညနေမိုးချုပ်သည်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် တပ်ရင်း (၂) တပ်ခွဲ (၁)၊ တနင်္သာရီမြို့နယ် မဟာမိတ်တပ်ပေါင်းစု စစ်ကြောင်း (၂) တို့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ လက်နက်ကြီးကျည် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှုကြောင့် ညောင်ပင်ကွင်းကျေးရွာနေ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၁၁ နှစ် အရွယ်မိန်းကလေးတစ်ဦးတို့ လက်နက်ကြီးကျည်စထိမှန်ကာ ဒဏ်ရာရကြောင်း ဒေသခံများက ဆိုသည်။ “အမျိုးသားက […]

ကိုဗစ်ကူးစက်ထားသူတစ်ဦးတွေ့၍ ရှန်ဟိုင်းဒစ္စနေပန်းခြံတွင်းမှ ဧည့်သည်များ အပြင်ထွက်ခွင့်မပြု၊ အများအပြားပိတ်မိနေ

diz_admin

November 1, 2022

ရှန်ဟိုင်းဒစ္စနေပန်းခြံအတွင်း ကိုဗစ်တွေ့ရှိသဖြင့် တရုတ်၏ ဇီးရိုးကိုဗစ်ပေါ်လစီအရ ပန်းခြံကို အပြင်မှပိတ်ချ လိုက်သည့်အတွက် ဧည့်သည်များစွာ ပန်းခြံအတွင်း ပိတ်မိသွားကြောင်း BBC သတင်းက ဖော်ပြထားသည်။ ကိုဗစ်နဂစ်တစ်(ကူးစက်မှုမရှိတော့ကြောင်း) မပြနိုင်မချင်း ပန်းခြံထဲမှ အပြင်ကို ထွက်ခွင့်ပြုမည် မဟုတ်ကြောင်း ပြည်သူများကို ပြောကြားထားသည်။ ပြီးခဲ့သည့် စနေနေ့က ရှန်ဟိုင်းတွင် ဒေသတွင်းကူးစက်မှု လူနာ ၁၀ ဦးတွေ့ရှိခဲ့ရာမှ ယခုကဲ့သို့ နေရာများစွာကို အသွားအလာ ကန့်သတ်ပိတ်ချမှုများ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။ တရုတ်၏ အငြင်းပွါးဖွယ် ဇီးရိုးကိုဗစ်ပေါ်လစီအရ လူသန်းပေါင်းများစွာသည် မကြာခဏ အသွားအလာကန့်သတ် lock down ချခံရပြီး ၊ ရံဖန်ရံခါ ထူးခြားသော နေရာများတွင် ပိတ်မိလေ့ရှိသည်။ Lockdown ချခံရပြီဆိုလျှင် လူအများက ရိက္ခာမရှိဘဲ ပိတ်မိနေမည် စိုးသဖြင့် အပြေးအလွှား အလုအယက် စျေးများ […]

ပုလော ကျောင်းနိမ့်ရွာ ဒရုန်းဖြင့်တိုက်ခိုက်ခံရ၊ နေအိမ်တစ်လုံးထိမှန်

diz_admin

October 31, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပြီး နေအိမ်တစ်လုံး ထိခိုက်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က ထုတ်ပြန်သည်။ ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က စခန်းချလုံခြုံရေးယူပေးထားသည့် ကျောင်းနိမ့်ကျေးရွာအား ယနေ့ အောက်တိုဘာလ ၃၁ရက် မွန်းလွဲ ၃နာရီကျော်တွင် ပုလော ၂၈၅ တပ်ရင်းက ဒရုန်းဖြင့် ဗုံးသီးခြောက်လုံး ချကာ တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ တိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးထိမှန်ပြီး လူထိခိုက်မှု မရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ကျောင်းနိမ့်ကျေးရွာနေ ပြည်သူများသည် နှစ်ဖက်တိုက်ပွဲများကြောင့် ရွာမှတိမ်းရှောင်နေသည်မှာ လအတန်ကြာနေပြီ ဖြစ်ပြီး လက်ရှိတွင် အနည်းအကျဉ်း ပြန်လည်နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ “ရွာသားတချို့က သွားလိုက်လာလိုက်နဲ့ ပြန်လာနေ နေကြတယ်။ ခုဒီညနေ ၄ […]

တိုက်ပွဲကြောင့် ညောင်ပင်ကွင်းရွာသားများ ထွက်ပြေးနေရ

diz_admin

October 31, 2022

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံရွာသားများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။ ညောင်ပင်ကွင်းကျေးရွာတွင် အောက်တိုဘာလ ၂၉ရက် မွန်းလွဲ ၂နာရီခွဲဝန်းကျင်မှ ညနေ ၅ နာရီအထိ ပြည်သူ့ ကာကွယ်ရေးတပ်ပေါင်းစုနှင့် စစ်ကောင်စီတပ်၊ ပျူစောထီးတို့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး ရွာသားများ ထွက်ပြေးတိမ်းရှောင် ကြရကြောင်း ဒေသခံများက ပြောသည်။ “အိမ်ခြေ ငါးရာကျော်လောက်ရှိနေရာက ခုဆိုရင် လေးရာနီးပါးလောက်က ထွက်ပြေးကုန်ပြီ။ မပြေးဘဲ နေသူတွေလည်း အနည်းအကျဉ်း ကျန်ရစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်လေးလုံး ပျက်စီးခဲ့ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။ “ဗလီရှေ့က နေအိမ်နှစ်ဆောင်နဲ့ အခြားနှစ်ဆောင် လက်နက်ကြီးကျည်ကျပြီး ပျက်စီးသွားတယ်။ အရပ်သားတော့ ထိခိုက်တာမကြားရဘူး” ဒေသခံ […]

ဘရာဇီးလ်တွင် လက်ဝဲခေါင်းဆောင် သမ္မတလောင်းက လက်ယာဝါဒီသမ္မတကို ရွေးကောက်ပွဲနိုင်သွား

diz_admin

October 31, 2022

လက်ယာဝါဒီဖြစ်သော ဘရာဇီးလ်ခေါင်းဆောင် ဂျာရာဘော်ဆိုနာရိုကို လက်ဝဲခေါင်းဆောင် သမ္မတဟောင်း လူလာဒါဆေးဗားက အဆုံးအဖြတ်ရွေးကောက်ပွဲ အကျော့တွင် ကပ်နိုင်သွားပြီး သမ္မတသစ် ဖြစ်လာပေမည်။ လူလာသည် ခိုင်လုံမဲအားလုံး၏ ၅၀ ဒသမ ၈ ရာခိုင်နူန်း ရရှိသွားပြီး ဘော်ဆိုနာရို က အနည်းဆုံး ၄၉ ဒသမ ၂ ရာခိုင်နူန်း ရရှိသွားခဲ့သည်။ လူလာသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၀ အထိ သမ္မတဖြစ်ခဲ့ဖူးပြီး အကျင့်ပျက်ခြစားမှုဆိုင်ရာ အရှုပ်အထွေးများကြားမှ နိုင်ငံရေးအရ ပြန်လည်ခေါင်းထောင်လာခြင်း ဖြစ်သည်။ သမ္မတဘော်ဆိုနာရို ကို ဝေဖန်သူများက ကိုဗစ်ကပ်ရောဂါဘေးကို ကိုင်တွယ်ပုံ မကောင်းဟူ၍ လည်းကောင်း၊ အမေဇုန် တောကို သစ်တောပြုန်းတီးနေခြင်းအား မကိုင်တွယ်နိုင်ခဲ့ဟူ၍ လည်းကောင်း ပြစ်တင်ထားကြသည်။ ပြိုင်ဘက်နှစ်ဦးသည် လုံးလုံးဆန့်ကျင်နေသူများဖြစ်ကြကာ လူလာဒါဆေးဗား သည် လက်ဝဲ […]

ထောင်ဝင်စာပါဆယ် ပြန်လည်ပို့ခွင့်ပြုသည့် ပထမဆုံးရက်မြင်ကွင်း

diz_admin

October 31, 2022

ထောင်ဝင်စာပါဆယ်ပို့ခွင့် ပိတ်ပင်ထားရာမှ ၁၃ ရက်အကြာတွင် ပြန်လည်ခွင့်ပြုလိုက်ပြီဖြစ်ရာ ထောင်ဝင်စာလာပို့ရန်အတွက် လာရောက်စောင့်ဆိုင်းနေသည့် အကျဉ်းကျနေသူများ၏ မိသားစုဝင်များကို ထားဝယ်အကျဉ်းထောင်ရှေ့တွင် ယနေ့နံနက်က မြင်တွေ့ရစဉ်။ ထောင်ဝင်စာပါဆယ်ပစ္စည်းများကို သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီသာ လက်ခံမည် ဖြစ်ကြောင်း ထားဝယ်အကျဉ်းထောင်၏ ကြေညာချက်တွင် ဖော်ပြထားသည်။ ထောင်ဝင်စာပါဆယ်ပစ္စည်းများကို နံနက် ၇ နာရီခွဲမှ နေ့လယ် ၁၁ နာရီအထိ၊ မွန်းလွဲ ၂ နာရီမှ ညနေ ၄ နာရီအထိ စိစစ်လက်ခံမည်ဖြစ်သည်။ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ပေးသွင်းခွင့်ကို တစ်ပတ် တစ်ကြိမ်သာ ခွင့်ပြုမည်ဖြစ်ပြီ အကျဉ်းသား၊ အကျဉ်းသူများ၏ ပါဆယ်ပစ္စည်းကို တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် လက်ခံမည်ဖြစ်ပြီး အချုပ်သား၊ အချုပ်သူများ၏ ပါဆယ်ကို အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင်သာ လက်ခံမည်ဖြစ်ကြောင်း […]

မြန်မာရွှေ့ပြောင်းလုပ်သား ၁၉၀ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်း

diz_admin

October 30, 2022

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၀ ဦးအား အောက်တိုဘာလ ၂၈ ရက်နေ့က ကော့သောင်းဘက်သို့ လွှဲပြောင်းခဲ့ကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် ရွှေအဏ္ဏဝါပရဟိတ လူငယ်အဖွဲ့ထံမှ သိရသည်။ အဆိုပါ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၉၀ ဦးတွင် အမျိုးသမီး ၄၇ ဦးနှင့် အမျိုးသား ၁၄၃ ဦး ပါဝင်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထို့အပြင် အောက်တိုဘာလ ၂ရက်နေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇၈ ဦးကိုလည်း ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။ ပြန်လည်လွှဲပြောင်းပေးခံရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် ထိုင်းနိုင်ငံတောင်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးနောက် ရနောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံရပြီးမှ ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ မြန်မာရွှေ့ပြောင်းအလုပ်သမားတို့အား တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် နှစ်နိုင်ငံတာဝန်ရှိသူတို့ ညှိနှိုင်းပြီး လွှဲပြောင်း ပေးနေခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာအလုပ်သမား သံအရာရှိရုံးထံမှ […]