ပလမြို့ထွေအုပ်ရုံး ဒုတိယအကြိမ် ဗုံးဖြင့်ပစ်ခတ်ခံရပြီး မီးလောင်ဟုဆို
diz_admin
November 2, 2022မြိတ်ခရိုင်၊ ပုလောမြို့နယ်ခွဲတစ်ခုဖြစ်သည့် ပလမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗုံးဖြင့် ဒုတိယအကြိမ် ပစ်ခတ်ခံရပြီး မီးလောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၂ ရက် နံနက် ၂ နာရီဝန်းကျင်က ပလမြို့ထွေအုပ်ရုံးနှင့် ယင်းနှင့်ကပ်လျက်ရှိသည့် မီးသတ်ရုံးတို့ မီးလောင်သွားကြောင်း ဒေသခံများက ပြောသည်။ “ဗုံးနှစ်လုံး ကွဲသံကြားရတယ်။ ပြီးတော့တော်တော်လေးကြာမှ သေနတ်ပစ်သံတွေ၊ လက်နက်ကြီးအသံတွေ ထပ်ကြားရတယ်” ဟု ပလ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် မီးသတ်ရုံးမှာ မီးလောင်ကျွမ်းသွားပြီး ထွေအုပ်ရုံးသည်လည်း ပျက်စီးသွားသည်ဟု ဒေသခံများက ပြောဆိုသည်။ “မီးသတ်ရုံးထဲမှာက စစ်သား၊ ပျူစောထီး လေးငါးခြောက်ယောက်က စုအိပ်ပြီး ထမင်းချက်စားနေတယ်လို့ ပြောကြတယ်။ ဂစ်အိုးတွေလည်းရှိနေတော့ ထပေါက်ပြီး မီးလောင်တယ်လို့ သိရတယ်” ဟု ဒေသခံနောက်တစ်ဦး က ပြောသည်။ […]


