ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသော မြန်မာလုပ်သား ၂၃ ဦး ကလေးများနှင့်အတူ ဖမ်းဆီးခံရ

diz_admin

November 4, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်နှင့် ကန်ချနဘူရီခရိုင်နှစ်ခုတွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၂၃ ဦးနှင့် ကလေး ၃ ဦးကို အောက်တိုဘာလ ၃ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များကဆိုသည်။ ရနောင်းခရိုင် စုမ်စာရမ်ဒေသတွင် အမှတ် ၂၅ အထူးခြေမြန်တပ်ရင်းမှ ကင်းလှည့်နေစဉ် နောက်ဘက်ပိုင်းတွင် အနက်ရောက်ကင်းဗက်ဖြင့် ဖုံးအုပ်ထားသော ပစ်ကပ်ကားတစ်စီးမောင်းနှင်လာသည်ကို တွေ့ရှိရသဖြင့် ရပ်တန့်စစ်ဆေးခံရန် အချက်ပြသော်လည်း ကားမှာ မောင်းပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ပစ်ကပ်ကားသည် လမ်းမကြီးကို ရှောင်ကွင်းကာ အမြန်မောင်းပြေးခဲ့ပြီးနောက် စုမ်စာရမ်ဒေသ နာ့ခါးရွာအနီးရှိ ဆီအုန်းခြံအနီးတွင် မြန်မာအလုပ်သမား ၁၄ ဦးနှင့် ကားကို စွန့်ပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကားပေါ်မှ ကလေး ၃ ဦး၊ အမျိုးသား ၈ ဦး၊ အမျိုးသမီး […]

ဆန္ဒပြပွဲ ပစ်ခတ်ခံရ၍ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ဒဏ်ရာရ၊ တစ်ဦးသေဆုံး

diz_admin

November 4, 2022

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အင်မ်ရမ်ခန်းသည် အရှေ့ပိုင်းမြို့ဖြစ်သော ဝါဇီရာဘတ်တွင် ချီတက်ဆန္ဒပြပွဲ တစ်ခု ပြုလုပ်နေစဉ် သေနတ်ပစ်ခတ် တိုက်ခိုက်ခံရမှုကြုံခဲ့ရကာ ခြေထောက်တွင် ဒဏ်ရာရသွားပြီး လူတစ်ဦး သေဆုံးကြောင်း BBC သတင်းက ဖော်ပြထားသည်။ ကျည်ဆန်များက ၎င်း၏ ကားကို ထိမှန်ခဲ့ရာမှ ထိုကဲ့သို့ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။ လူတစ်ဦး သေဆုံးကာ အနည်းဆုံး လူ ၅ ဦး ဒဏ်ရာရရှိသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်ခြင်းဟု သတ်မှတ်ထားသော အဆိုပါ တိုက်ခိုက်မှုကို မည်သည့် အကြောင်းရင်းကြောင့် ဆောင်ရွက်သည် ဆိုသည်ကို တာဝန်ရှိသူများက မှတ်ချက် မပေးသေးပေ။ ဝန်ကြီးချုပ်ဟောင်း ပါဝင်သော ဆန္ဒပြပွဲသည် ရွေးကောက်ပွဲကို စောစီးစွာကျင်းပရန် တောင်းဆိုနေခြင်း ဖြစ်သည်။ အသက် (၇၀) ရှိပြီဖြစ်သော မစ္စတာခန်းက ချီတက်ပွဲကို ဦးဆောင်ပြီး မြို့တော် အစ္စလာမ်မာဘတ်ကို ဦးတည်ပြီး […]

မြိတ်ဒေသထွက် ကင်းမွန်ဈေး ယခင်နှစ်ထက် ဈေးကောင်းရ

diz_admin

November 3, 2022

မြိတ်မြို့ရှိ ရေထွက်ကုန်တစ်မျိုးဖြစ်သည့် ကင်းမွန်ဈေးသည် ယခင်နှစ်ထက် ဈေးကောင်းရရှိနေကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှသိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီမှာ နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။ ပြီးခဲ့သည့်နှစ် ကင်းမွန်ရာသီစဖွင့်ချိန်တွင် နံပါတ် ၁၊ ၂၊ ၃ ဆိုဒ်ရှိ ကီလိုနှစ်ဆယ်ပါ ကင်းမွန်တစ်ဗန်းလျှင် တစ်သိန်းနှစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် ရှစ်သောင်းကျပ်၊ နံပါတ် ၅ ဆိုဒ် ခြောက်သောင်းကျပ်၊ နံပါတ် ၆ ဆိုဒ် လေးသောင်းကျပ်နှုန်း ရှိခဲ့ကြောင်း ကင်းမွန်ရောင်းဝယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပြသည်။ ယခုနှစ်တွင် ကီလိုနှစ်ဆယ်ပါ နံပါတ် ၁၊ ၂၊ ၃ ဆိုဒ် ကင်းမွန်တစ်ဗန်းလျှင် နှစ်သိန်းတစ်သောင်းကျပ်၊ နံပါတ် ၄ ဆိုဒ် တစ်ဗန်းလျှင် တစ်သိန်းငါးသောင်းကျပ်၊ နံပါတ် […]

ထားဝယ်တွင် ထိုးမုန့်မှာယူသူ ယခင်နှစ်ထက်ပိုများလာ

diz_admin

November 3, 2022

ထားဝယ်တွင် အလှူ၊မင်္ဂလာပွဲမျာ ပိုများလာသည့် အတွက်  ထိုးမုန့်မှာယူသူများ ယခင်နှစ်ထက် ယခုနှစ်ပို၍ များလာသည်ဟု ယင်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။ ယခင်နှစ်က အလှူပွဲ မင်္ဂလာပွဲများနည်းပါးမှုကြောင့် သီတင်းကျွတ်လဆန်းပိုင်းမှစပြီး တစ်ပတ်ကို ငါးဗန်းသာလုပ်ကိုင်ပေးရပြီး ယခုနှစ်တွင်မူ ယခင်နှစ်ကာလတူထက် မှာယူသူပိုများလာပြီး တစ်နေ့ ဗန်းနှစ်ဆယ်ခန့် လုပ်ပေးရသည်ဟု ထားဝယ်မြို့ရှိ ဒေါ်အေး (ထမနဲနှင့် ထိုးမုန့်မျိုးစုံလုပ်ငန်း)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ “ဒီနေဆိုရင် ကျွန်မတို့မှာသလောက် မလုပ်ပေးနိုင်ဘူး။ ဘလော့(ပိတ်)လိုက်ရတာတွေရှိတယ်။ ဘာလို့ဆို တစ်နေ့တာထုတ်ပေးနိုင်တာထက် မှာတာပိုများလို့ပါ”ဟု ၎င်းကပြောသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်နှင့် နိုင်ငံရေးပဋိပက္ခကြောင့် ဒေသတွင်း အလှူမင်္ဂလာပွဲများနည်းပါးကာ ထိုးမုန့်မှာယူသူများ မရှိသလောက်နည်းပါးခဲ့ပြီး ယခုနှစ် ပိုများလာသည်ဟု ဆိုရမည်ဖြစ်သော်လည်း လွန်ခဲ့သည် လေးငါးနှစ်က စံချိန်ကို မမီသေးကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူများထံမှသိရသည်။ “ဘာလို့ဆို အရင်က တစ်နေ့ကို ဗန်းတစ်ရာလောက်အထိ ထုတ်ပေးရတယ်။ အခုနှစ်က […]

ဟိုတယ်ထားဝယ်ပိုင်ရှင်ထံမှ သိမ်းလိုက်သော ဘတ်သန်း ၁၈၀၀ မှ ၃၀ ရာခိုင်နှုန်းကို ရဲနှင့်သတင်းပေးတို့အား ပေးမည်

diz_admin

November 3, 2022

မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီးနောက် ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံ(သန်း ၁၈၀၀) တန်ဖိုးရှိသော သူ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin က ပြောကြားလိုက်သည်။ ယင်းသိမ်းဆည်းရမိခဲ့သော ပိုင်ဆိုင်မှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၄၆၄ သန်း) ကို အမှုစုံစမ်းစစ်ဆေးစဉ်တွင် ပါဝင်ခဲ့သော ထိုင်းရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းမိရန် သတင်းပေးခဲ့သူများကို ၅ ရာခိုင်နှုန်းခွဲဝေ ချီးမြင့်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောကြားထားသည်။ စုံစမ်းဖော်ထုတ်မှုများကို ထိုင်းနိုင်ငံ မြို့တော်ရဲဌာန Metropolitan Police Bureau (MPB) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ရုံး Office of Narcotics Control Board (ONCB) တို့နှင့်အတူ သက်ဆိုင်ရာဌာနများမှ […]

ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး

diz_admin

November 3, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ(ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ)သို့ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်နေခြင်းကြောင့် ကျေးရွာ ခုနစ်ရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။ ယမန်နေ့ ညနေ ငါးနာရီခန့်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကားခုနှစ်စီးခန့်ဖြင့် ပုဂေါဇွန်းရွာထိပ် ရှမ်းလမ်းခေါ် ရေနက်ဆိပ်ကမ်းလမ်းမှတစ်ဆင့် လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်၍ဝင်ရောက်လာသောကြောင့် ဒေသခံအများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း  ဒေသခံတစ်ဦးကပြောသည်။ “ပစ်တာကညနေ ငါးနာရီကတည်းကပေါ့နော် လေးနာရီလောက်ဆက်တိုက်ပစ်တာ တိုက်ပွဲဖြစ်နေတာပဲထင်တယ် ရွာသားတွေဆို ညထဲကရှောင်နေကြရတာ သက်ကြီးရွယ်အိုရှိတဲ့ အိမ်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးနီးပါးပါပဲ” ဟု ထိုဒေသခံကပြောသည်။ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ကို  Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းကဲ့သို့ဝင်ရောက်လာမှုကြောင့် လဲရှောင်၊ ထိန်ကြီး၊ ပရဒပ်၊ ဧကနိ၊ ရငဲ ၊ ခမောင်းချောင်း၊ ဝက်ချောင်း စတဲ့ ကျေးရွာခုနစ်ရွာမှ ဒေသခံအများစုမှာ နေအိမ်စွန့်ခွာနေကြရသည်။ “လူတွေကသတင်းကြားတာနဲ့ ပြင်နေကြပြီ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီးသားဆိုတော့လေ”ဟု […]

ရွေးကောက်ပွဲရှုံးနိမ့်မှုကို လက်မခံနိုင်သူများကြောင့် တိုင်းပြည်ကမောက်ကမဖြစ်နိုင်ဟု သမ္မတဘိုင်ဒင် သတိပေး

diz_admin

November 3, 2022

လာမည့် သီတင်းပတ်တွင် စတင်မဲပေးကြမည့် သက်တမ်းလယ် ရွေးကောက်ပွဲများတွင် အရှုံးကို လက်ခံရန် ငြင်းဆန်သည့် ကိုယ်စားလှယ်လောင်းများကြောင့် တိုင်းပြည် ကမောက်ကမ ဖြစ်နိုင်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် က ပြောကြားခဲ့သည်။ နိုဝင်ဘာလ (၈) ရက်နေ့တွင် မဲပေးကြရာတွင် နိုင်ငံရေးအကြမ်းဖက်မှုများကို အမေရိကန်ပြည်သူများက တညီတညွတ်တည်း ဆန့်ကျင်ကြရန် ၎င်းက တိုက်တွန်းလိုက်သည်။ ဒီမိုကရက်သမ္မတတစ်ဦးဖြစ်သော ဘိုင်ဒင် က ယခင်သမ္မတဟောင်း ဒိုနယ်ထရန့်နှင့် ၎င်းကို ထောက်ခံသူများက အလိမ်အညာ လုပ်ဇာတ်များဖြင့် အမုန်းပွါးစေရန် လုပ်ဆောင်နေကြောင်း ပြောကြားခဲ့သည်။ သမ္မတဘိုင်ဒင် ၏ ပြောကြားချက်သည် သွေးခွဲကာ သူ့လိုအပ်ချက်များကို လမ်းကြောင်းပြောင်းခြင်း ဖြစ်ကြောင်း ရီပတ်ပလစ်ကန် များ က ပြန်လည် တုန့်ပြန်ထားသည်။ ဆီးနိတ်လွှတ်တော်ကို ဒီမိုကရက်များက အနိုင်ရသွားနိုင်ပြီး ရီပတ်ပလစ်ကန်များက ကွန်ဂရက်ကို […]

မွန်တွင် စပါးဈေးကောင်းရသော်လည်း လယ်သမားများ တွက်ခြေမကိုက်

diz_admin

November 2, 2022

မွန်ပြည်နယ်တွင် ယခုနှစ် မိုးစပါးပေါ်ချိန်တွင် စပါးဈေးကောင်းရနေသော်လည်း လယ်သမားများအတွက် တွက်ခြေမကိုက်ကြောင်း စပါးစိုက်တောင်သူတို့၏ ပြောပြချက်အရ သိရသည်။ မိုးစပါးပေါ်ချိန်တွင် မွန်ပြည်နယ်အတွင်း စပါးကြမ်းအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းကျော်၊ စပါးချောအုပ်စုဝင် စပါး တင်း ၁၀၀ လျှင် ကျပ် ၁၂ သိန်းကျော် ပေါက်ဈေးရှိနေသည်ဟု စပါးကုန်သည်နှင့် စပါးစိုက်တောင်သူတို့က ပြောသည်။ လက်ရှိ စပါးပေါက်ဈေးသည် ယမန်နှစ်ဈေးနှင့် နှိုင်းယှဉ်ကြည့်လျှင် စပါးတင်း ၁၀၀ လျှင် ကျပ် ၂ သိန်းခန့် ကွာဟမှုရှိနေသည်ဟုလည်း စပါးကုန်သည်တို့ထံမှ သိရသည်။ “ဒီနှစ် စပါးဈေးကတော့ တင်း ၁၀၀ မှာ ၁ သိန်းကျော် ၂ သိန်းလောက် ဈေးပိုရတယ်။ မနှစ်ကဈေးနဲ့ […]