ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်ခရိုင်၌ တစ်ရက်တည်း ကျေးရွာငါးရွာတွင် ပစ်ခတ်မှုဖြစ်၊ အုပ်ချုပ်ရေးမှူးတစ်ဦးအသတ်ခံရ

diz_admin

November 7, 2022

မြိတ်ခရိုင် မြိတ်နှင့် တနင်္သာရီမြို့နယ်တို့ရှိ ကျေးရွာငါးရွာအနီးတွင် နိုဝင်ဘာလ ၆ ရက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အုပ်ချုပ်ရေးမှူးတစ်ဦးလည်း ဖမ်းဆီးသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၆ ရက်နေ့က တနင်္သာရီမြို့နယ်ရှိ ထုံမခါကျေးရွာ၊ တမုတ်ချုံးကျေးရွာ၊ တားပလတ်ကျေးရွာ၊ ဘန်းလမွတ် ကျေးရွာနှင့် မြိတ်မြို့နယ် တုံးဗျောကျေးရွာတို့တွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားကြောင်း ဒေသခံများထံ မေးမြန်းချက်အရ သိရသည်။ “တမုတ်ချုံးမှာက စောစောပိုင်းဖြစ်တယ်။ ထုံခါနဲ့ တားပလတ်မှာက ညနေ ၄ နာရီနဲ့ ၅ နာရီလောက်မှာ စစ်ကား မိုင်းဆွဲခံရပြီး သေပျောက်မှုရှိတယ်လို့ ကြားရတယ်” ဟု တမုတ်ချုံး ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းနေ့ နံနက်ကလည်း ဘန်းလမွတ်ကျေးရွာတွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအား ပြည်သူ့ကာကွယ်ရေးတပ်များက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အသတ်ခံရသည်ဟု ကြားသိရကြောင်း ဒေသခံများက […]

ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့သူတစ်ဦး ပစ်သတ်ခံရ

diz_admin

November 7, 2022

ထားဝယ်မြို့ အခွန်လွတ်ဈေးအနီးရှိ လမ်းဆုံတွင် ကြံ့ခိုင်ရေးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံသူတစ်ဦး ယနေ့ နိုဝင်ဘာလ ၇ ရက် နံနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းနှင့်နီးစပ်သူများနှင့် မျက်မြင်တွေ့သူအချို့ထံမှ သိရသည်။ ဒေသအခေါ် အခွန်လွတ်ဈေး ညောင်ပင်ကြီးလမ်းဆုံ၌ ကားပေါ်တွင်ပင် ပစ်ခတ်ခံရပြီး သေဆုံးနေသည်ကို တွေ့ရကြောင်း မျက်မြင်တွေ့ခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။ နီးစပ်သူများ၏ အဆိုအရ သေဆုံးသူမှာ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးမင်းထွေးဖြစ်ကြောင်း အတည်ပြုပြောဆိုကြသည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော် သရက်ချောင်းမဲဆန္ဒနယ် အမှတ် (၂) မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည်။ “ဒဏ်ရာက ခေါင်းမှာရော၊ ရင်ဘတ်မှာရော၊ လက်မှာရော မနည်းဘူး။ ရဲတွေ လာစစ်ဆေးပြီး အရေးပေါ်ကားနဲ့ ထားဝယ်ဆေးရုံ […]

အိန္ဒိယ၏ ပထမဆုံး မဲပေးခဲ့သူ အသက် ၁၀၅ နှစ်တွင် ကွယ်လွန်

diz_admin

November 7, 2022

အိန္ဒိယ၏ ပထမဆုံး မဲပေးသူဟု သတ်မှတ်ခံရသူ သည် အသက် (၁၀၅) နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ကြောင်း BBC သတင်းက ဖော်ပြထားသည်။ ဗြိတိန်(အင်္ဂလိပ်) လက်အောက်မှ လွတ်လပ်ရေးရပြီး ပထမဆုံး ပြုလုပ်သော အထွေထွေ ရွေးကောက်ပွဲတွင် ပထမဆုံး မဲပေးခဲ့သူမှာ မစ္စတာ ရှာရန်ဆာရန်နီဂီ ဟု ယူဆထားခဲ့ကြသည်။ မစ္စတာနီဂီသည် ထိမှစ၍ ရွေးကောက်ပွဲတိုင်းကို ပါဝင်မဲပေးခဲ့သူလည်း ဖြစ်သည်။ အသက်တစ်ရာကျော် ဘိုးဘိုး သည် မကွယ်လွန်ခင် သုံးရက်အလိုတွင် ၎င်း၏ ပြည်နယ် ဟီမာချားပရာဒက်ရှ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲအတွက် မဲပေးခဲ့သေးသည်။ မဲပေးရန် တာဝန်ကျေသူကြီးသည် အငြိမ်းစားကျောင်းဆရာ တစ်ဦးဖြစ်ပြီး ၎င်း၏ ပြည်နယ်သည် ၁၉၅၂ အထွေထွေ ရွေးကောက်ပွဲအတွင်း ရာသီဥတုကြောင့် မဲပေးသည့်နေ့ကို စောပြီး ပြုလုပ်ခဲ့ရာ ၎င်းက ပထမဆုံး […]

ထားဝယ်တန်ဆောင်တိုင်ည

diz_admin

November 6, 2022

ယနေ့ နိုဝင်ဘာလ ၆ ရက် (တန်ဆောင်မုန်းလဆန်း ၁၄ ရက်) ထားဝယ်မြို့ လောကမာရဇိန်ဘုရားကြီးဝင်းအတွင်းမြင်ကွင်း ထားဝယ်မြို့တွင် တန်ဆောင်တိုင်နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်မဖြစ်တာ ဒီနှစ်ပါဆို ၃ နှစ်ရှိပါပြီ။ ယခုနှစ်တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ပြန်လည်ကျင်းပခဲ့သော်လည်း ယခင်က အငွေ့အသက်များ ပျောက်ဆုံးနေခဲ့ပြီ။ ပြန်မရတော့တဲ့ ထားဝယ်တန်ဆောင်တိုင် >>>>>

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

November 6, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ အောက်တိုဘာ ၃၁ ရက်နေ့မှ နိုဝင်ဘာ ၆ ရက်နေ့အထိ စစ်ဘေးရှောင်ကလေးငယ် ငါးသိန်းကျော်သွားပြီ မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုက်ပွဲများနှင့် ပဋိပက္ခများကြောင့် စစ်ဘေးရှောင်ဒုက္ခသည် ၁ ဒသမ ၄သန်းရှိရာတွင် ကလေးငယ် ငါးသိန်းနှစ်သောင်းကျော်ပါဝင်ကြောင်း ကလေးသူငယ်စောင့်ရှောက်ရေး နိုင်ငံတကာအဖွဲ့တစ်ခုဖြစ်သည့် Save The Children အဖွဲ့က နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်သည်။ အာဏာသိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးရသူမှာ ၁ ဒသမ ၁သန်း ကျော်ရှိပြီး ကျန်ဒုက္ခသည် သုံးသိန်းကျော်မှာ အာဏာသိမ်းမှု မတိုင်ခင်ကပင် ဖြစ်သည်ဟု ဆိုသည်။ ယင်း ၁ ဒသမ ၁ သန်းကျော်တွင် ကလေးငယ် လေးသိန်းခုနစ်ထောင်ကျော် […]

ဘုတ်ပြင်း၊ ချောင်းမွန်ကျေးရွာအနီးနှစ်ဖက် တိုက်ပွဲဖြစ်ပွား

diz_admin

November 6, 2022

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ချောင်းမွန်ကျေးရွာအနီး နှစ်ဘက်တိုက်ပွဲဖြစ်ပွါးခဲ့ပြီး လက်နက်ခဲယမ်းတစ်ချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင်၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်က ‌ယနေ့ နေ့လယ်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဘုတ်ပြင်းမြို့နယ်၊ချောင်းမွန်ကျေးရွာအနီး နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် ဆီအုန်းတောရှိရာ ပြည်ထောင်စုလမ်းအတိုင်း ခြေလျှင်ချီတက်လာသည့် ခမရ(၅၆၀) တပ်ရင်းမှအင်အား ၁၅ ဦးခန့်နှင့် မိနစ် ၃၀ အကြာမိုင်းဆွဲခြင်း၊ အပြန်အလှန်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ ၆၀ မမ ဗုံးသီး ၇ လုံး၊၅ဒသမ၅၆ ကျည်ဆံ ၂၀၀ တောင့်အပါအဝင် လက်နက်နှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆီးရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ၊ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့ပြီး အကျအဆုံးစီစစ်နေဆဲဖြစ်ကာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့၊ ကော့သောင်းခရိုင် တပ်ရင်း(၁)ကလည်း ရဲဘော် ၃ […]

ခေါဇာတွင် လက်နက်ကြီးကြောင့် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

diz_admin

November 6, 2022

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ရေးမြို့နယ် ခေါဇာမြို့တွင် ကလေးနှစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။ နိုဝင်ဘာလ ၄ ရက်နေ့ညက လူနေရပ်ကွက်အတွင်း  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံ အသက် ၆ နှစ်အရွယ်ကလေးနှစ်ဦးနှင့် အသက် ၅၀ ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း ဒေသခံတို့က ပြောသည်။ “ပစ်နေတာ နှစ်ညဆက်တိုက်ရှိနေပြီ ည (နိုဝင်ဘာ ၄ ရက်နေ့) ကတော့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရသွားတယ်” ဟု ခေါဇာဒေသခံတစ်ဦးက ပြောသည်။ ကျည်ထိမှန် ဒဏ်ရာရရှိသူများကို လူမှုကယ်ဆယ်ရေးအဖွဲ့များ၏ အကူအညီဖြင့် ရေးမြို့ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေရသည်ဟုလည်း သိရသည်။ ခေါဇာမြို့တွင်  စစ်ကောင်စီ၏ ခလရ တပ်ရင်း ၃၁ အခြေစိုက်စခန်းရှိပြီး ယင်းစခန်းမှ […]

ပုလောတိုက်ပွဲအတွင်း အရပ်သားနှစ်ဦးသေဆုံးပြီးငါးဦးထက်မနည်း ဒဏ်ရာရဟုဆို

diz_admin

November 5, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပိတပ်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးကာ ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။ ပိတပ်ကျေးရွာတွင် နိုဝင်ဘာ ၄ ရက်နေ့တိုက်ပွဲကြောင့် ပင်လယ်အတွင်း ငါးဖမ်းရာမှပြန်လာသည့် အရပ်သားတစ်ဦးနှင့် သုံးဘီးဆိုင်ကယ်မောင်းသူ တစ်ဦးအပါအဝင် အရပ်သားနှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးသူမှာ တိုကျေးရွာနေ အသက် ၂၀ ဝန်းကျင်ရှိ ကိုဖြိုးငွေစိုးနှင့် ပိတပ်ရွာနေ သုံးဘီးဆိုင်ကယ်မောင်းသူ အသက် ၃၀ ကျော်အရွယ် ကိုဇေယျာလင်း တို့ဖြစ်ကြောင်း ဒေသခံများ ကပြောသည်။ ယင်းအပြင်နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ခြင်းကြောင့် ယင်းနေအိမ်နေ မိသားစုငါးဦး ဗုံးစထိမှန် ဒဏ်ရာရခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “သားအဖနှစ်ဦး လှေမောင်းပြီး ဝင်လာတဲ့အချိန် ပစ်ခံထိတာ သားမှာထိပြီး သေသွားတယ်။ သူတို့နဲ့အတူတူ ဝင်လာတဲ့လှေကတော့ မောင်းပြေးတာ လွတ်သွားတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ အလားတူသုံးဘီးဆိုင်ကယ်မောင်းသူ ကိုဇေယျာလင်းသည်လည်း သုံးဘီးမောင်းလာစဥ်လမ်း၌ […]