ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မြိတ်-ထားဝယ်ကားလမ်း ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ထုတ်ပြန်

diz_admin

November 8, 2022

မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းအား ယခုရက်ပိုင်းအတွင်း အသုံးမပြုရန် ပြည်သူ့ကာကွယ်တပ်ရင်း (၁) ပုလောနှင့် မဟာမိတ်တပ်များက ထုတ်ပြန်လိုက်သည်။ မြိတ်-ထားဝယ်ကားလမ်းရှိရာ ပုလောမြို့နယ်၌ ယခုရက်ပိုင်းအတွင်း နေ့စဉ်နှင့်အမျှ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်နေပြီး နောက်ထပ်လည်း စစ်ရေးအရှိန်မြှင့်တိုက်ခိုက်သွားမည်ဖြစ်သည့်အတွက် ခရီးသွားပြည်သူများ ယင်းလမ်းကို အသုံးမပြုကြရန် နိုဝင်ဘာလ ၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။ မိဘပြည်သူများ၏ လုံခြုံရေးကို ရှေးရှု၍ မေတ္တာရပ်ခံပန်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ နောက်ထပ် ထုတ်ပြန်ချက်တစ်စုံတစ်ရာ မထုတ်ပြန်ခင်အထိ သွားလာခြင်း မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။ နိုဝင်ဘာလ ၇ ရက်နေ့က ပုလောမြို့နယ် မင်းထိန်ရွာအနီးဝန်းကျင်တွင် စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခြင်း၊ အပြန်အလှန် ထိတွေပစ်ခတ်မှုများ ဖြစ်ခဲ့သည်။ ယနေ့ နံနက်တွင်လည်း ကဒဲ၊ သင်္ကန်းတော၊ နန်းတောင် စသည့် ကျေးရွာတစ်ဝိုက်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး […]

ထိုင်း ရနောင်းတွင် အလုပ်လုပ်ခွင့်ကတ်လုပ်သော မြန်မာလုပ်သား ၁၀၀ ကျော် ငွေလိမ်ခံရ

diz_admin

November 8, 2022

ထိုင်းနိုင်ငံ ရနောင်းခရိုင်တွင် ပန်းရောင်ကတ်ခေါ် ယာယီနေထိုင်အလုပ်လုပ်ခွင့်ကတ် ပြုလုပ်ပေးမည်ဟုဆိုကာ မြန်မာပွဲစားတစ်ဦးက မြန်မာအလုပ်သမား ၁၀၀ ကျော်ထံမှ ငွေကြေးလိမ်လည်ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း အလိမ်ခံလိုက်ရသော မြန်မာအလုပ်သမားများထံမှ သိရသည်။ မြန်မာအလုပ်သမား အနည်းဆုံး ၁၀၀ ကျော်သည် ဘတ်ကတ်ဟုလည်းခေါ်သည့် ပန်းရောင်ကတ်ကို ပြုလုပ်ရန် မယုဇနထွန်းအမည်ရှိ ပွဲစားနှင့်ချိတ်ဆက်ခဲ့ကြကြောင်း ၎င်းတို့က ပြောသည်။ မြန်မာအလုပ်သမားများသည် ထိုင်းအစိုးရက တရားဝင်ပြုလုပ်ပေးနေသော ပန်းရောင်ဘတ် ပြုလုပ်ရန်အတွက် လုပ်ငန်းစဉ်အသေးစိတ်ကို မသိရှိကြသဖြင့် မြန်မာနိုင်ငံသား ပွဲစားတစ်ဦးနှင့် ချိတ်ဆက်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားကတ်ပြုလုပ်ရာတွင် လက်ဗွေနှိပ်ခြင်း၊ ဆေးစစ်ခြင်းများပြုလုပ်နိုင်ရန်အတွက် မြန်မာအလုပ်သမားများ ထံမှ တစ်ဦးလျှင် ဘတ်ငွေ ၆၀၀၀ မှ ၉၀၀၀ အထိ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ ထို့ကြောင့် အလုပ်သမားများ ပေးချေထားသည့် ငွေမှာ ဘတ်ခြောက်သိန်းနှင့် ကိုးသိန်းကြားတွင် […]

ရေးမြို့နယ်တွင် ပျောက်ဆုံးနေသည့်မိန်းကလေး ထိုးသွင်းဒဏ်ရာများဖြင့် ပြန်တွေ့

diz_admin

November 7, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာက ဆိုင်ကယ်နှင့်အတူ ပျောက်ဆုံးနေသည့် အသက် ၁၆နှစ်အရွယ် မိန်းကလေးကို ထိုးသွင်းဒဏ်ရာများဖြင့် ပြန်လည်တွေ့ရှိကြောင်း လူမှုကယ်ရေးအသင်းတို့ထံမှ သိရသည်။ အသက် ၁၆ နှစ်အရွယ် မဖူးပွင့်ကဗျာကို နိုဝင်ဘာလ ၆ ရက်နေ့က နှစ်ကရင်ရွာအထွက် ဆင်နှစ်ကောင်အကွေ့ မရောက်မီ သင်္ချိုင်းအနီး ခြုံကြားတွင် ထိုးသွင်းဒဏ်ရာများ၊ ထိုးကြိတ်ခံရသောဒဏ်ရာများဖြင့် ပြန်လည် တွေ့ရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ တစ်ရွာတည်းနေသူ မပြည့်ဖြိုးဝေနှင့် သံဖြူဇရပ်မြို့သား မောင်ချမ်းမွန် (ခ) အာရုံဦးတို့ ဇနီးမောင်နှံက သံဖြူဇရပ်သို့ ပြန်ရန် နှစ်ကရင်ကျေးရွာလမ်းဝသို့ ပို့ဆောင်ပေးရန် အကူအညီတောင်းခံသဖြင့် မဖူးပွင့်ကဗျာက နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၂ နာရီဝန်းကျင်က ဆိုင်ကယ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းနောက် ညပိုင်းအထိ […]

နာမည်ကျော် ကံပေါက်တန်ဆောင်တိုင်ပွဲ ဆင်နွှဲသူနည်း

diz_admin

November 7, 2022

အဖိတ်နေ့ည ထားဝယ်ဘုရားကြီးထဲက နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော် ပွဲဦးထွက်ပြီးတာနဲ့ ထားဝယ်နယ်ထဲက ညောင်ဇင်၊ ကံပေါက်၊ ကနက်သီရီ စတဲ့ ရွာတွေမှာ လပြည့်ည နှစ်ကျိပ်ရှစ်ဆူ တန်ဆောင်တိုင်ပွဲတော်တွေ ခြိမ့်ခြိမ့်သဲကျင်းပကြပါတယ်။ ထားဝယ်တစ်နယ်လုံး နှစ်ကျိပ်ရှစ်ဆူပွဲတော်တွေရှိတဲ့အထဲမှာ ညောင်ဇင်နဲ့ ကံပေါက်က တန်ဆောင်တိုင်ပွဲတော်တွေဟာ နှစ်ပေါင်း ၇၀ ကြာကျင်းပလာခဲ့တဲ့ သက်တမ်းရင့်ပွဲတော် ဖြစ်ပါတယ်။ အဲဒီပွဲတော်တွေအားလုံးဟာ ၂၀၂၀ ခုနှစ်ကစပြီး ကိုဗစ်ကပ်ရောကြောင့်ရပ်နားခဲ့ရပြီ မနှစ်ကလည်း နိုင်ငံရေးအခြေအနေတွေကြောင့် ညောင်ဇင်မှာတော့ အကျဉ်းရုံး ကျင်းပခဲ့ပေမဲ့ ကံပေါက်မှာတော့ မကျင်းပဖြစ်ခဲ့ပါဘူး။ ဒီနှစ်မှာတော့ ကံပေါက်မှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ပြန်လည်ကျင်းပ လာပါတယ်။ ကံပေါက်တန်ဆောင်တိုင်ဟာ ပုံမှန်ကျင်းပနေကြပုံစံဆိုလျှင် တန်ဆောင်မုန်းလဆန်း ၁၀ ရက်ကစပြီး လပြည့်ကျော် ၂ ရက်နေ့အထိ ၇ ရက်ကျင်းပတဲ့ ဒေသတွင်း ကျေးရွာတွေအကြား စည်းကားလှတဲ့ ရက်ရှည်ပွဲတော်တစ်ခုဖြစ်ပါတယ်။ လဆန်း […]

အမေရိကန် ထီဆုကြီး ပေါက်သူမရှိသေး၍ ဆုကြေးငွေ ၁ ဒသမ ၉ ဘီလီယံ ဒေါ်လာအထိ စံချိန်တင်ရောက်ရှိ

diz_admin

November 7, 2022

ပြီးခဲ့သည့် စနေနေ့က ထီထွက်ခဲ့သော်လည်း Jackpot ဆုကြီးပေါက်မည့်သူ မရှိခဲ့ရာ ထီဆုများကို ဆက်လက် ပေါင်းပေးသွားခဲ့ရာ အမေရိကန် Powerball ထီသည် ဆုငွေ ၁ဒသမ၉ ဘီလီယံ အထိ မြင့်တက်သွားခဲ့ပြီ ဖြစ်ကြောင်း BBC သတင်းက ဖော်ပြထားသည်။ အဆိုပါ ပရီမီယံထီသည်၃၉ ကြိမ်ဆက်တိုက် ထွက်ရှိထားပြီး အချိန် (၃)လ ကြာသည့်တိုင် ပေါက်မည့်သူ မရှိသေးခြင်း ဖြစ်သည်။ ၂၀၁၆ ခုနှစ်ကလည်း jackpot ဆုကြီးသည် ၁ ဒသမ ၅၉ ဘီလီယံအထိ တက်သွားခဲ့ပြီး Powerball ကံထူးရှင် ၃ဦးက ဝေခြမ်းရယူခဲ့သည်။ စနေနေ့က ထီဆုကြီး ပေါက်မည့်သူ မရှိခဲ့သော်လည်း Jackpot ဆုကြီးနှင့် ဂဏန်းငါးလုံး တူသည့် ကံထူးရှင် ၁၆ ဦး ထွက်ပေါ်ခဲ့ပြီး တစ်ဦးလျှင် […]

တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု သုံးရာနီးပါးရှိလာ၊ အမျိုးသမီး‌က ၁၂ ရာခိုင်နှုန်းပါဝင်

diz_admin

November 7, 2022

စစ်တပ်က အာဏာသိမ်းပြီးနောက် လပေါင်း၂၀ အတွင်း တနင်္သာရီတိုင်းတွင် အရပ်သားသေဆုံးမှု သုံးရာနီးပါးရှိလာပြီး ယင်းထဲတွင် အမျိုးသမီး ၁၂ ရာခိုင်နှုန်း (၃၅ ဦးဝန်းကျင်) ပါဝင်ကြောင်း Southern Monitor အဖွဲ့က ထုတ်ပြန်ထား သည်။ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ယခုနှစ် စက်တင်ဘာလအထိ အရပ်သား ၂၉၃ ဦး သေဆုံး ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ Southern Monitor အဖွဲ့သည်တနင်္သာရီတိုင်းအတွင်း ဖြစ်ပေါ်နေသည့် လူမှုစီးပွားရေး၊ ပဋိပက္ခအခြေနေ၊ စစ်ဘေးရှောင်ပြည်သူများအရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာ‌နေသည့် သုတေသနအဖွဲ့တစ်ခု ဖြစ်သည်။ အရပ်သားသေဆုံးမှုနှင့် ပတ်သက်ပြီး နိုဝင်ဘာလ ၇ ရက်နေ့ (ယနေ့) က ထုတ်ပြန်ထားခြင်းဖြစ်သည်။ တိုင်းအတွင်းရှိ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များတွင် […]

ပုလော မင်းထိန်ရွာအနီးတွင် စစ်ကြောင်း မိုင်းဆွဲခံရ၊ ပစ်ခတ်တိုက်ခိုက်မှုများဆက်ဖြစ်

diz_admin

November 7, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် မင်းထိန်ကျေးရွာအနီးတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ယနေ့ နိုဝင်ဘာလ ၇ရက် နံနက်က မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် ပုလောမြို့မှ မြိတ်မြို့ဖက်သို့ ခြေလျင်လာသည့် စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံ ရကြောင်း ဒေသခံများက ပြောသည်။ မြိတ်ဖက်သို့ ခြေလျင်ဆင်းလာသည့် ၂၈၅ တပ်မှ တပ်သားများအား မင်းထိန်ကျေးရွာအနီးတွင် မိုင်းခြောက်လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့်လည်း အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရုပ်သံနှင့်တကွ ထုတ်ပြန်ထားသည်။ နံနက် ၆ နာရီခွဲတွင် ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ၁၀ ဦးဝန်းကျင် သေဆုံးပြီး ငါးဦးခန့်မှာ ဒဏ်ရာရရှိသွားသည်ဟု ယင်းတပ်ဖွဲ့က […]

ထိုင်းရောက် မြန်မာလုပ်သားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို ပေးလှူ

diz_admin

November 7, 2022

ထိုင်းနိုင်ငံ ယာဉ်မတော်တဆမှုကြောင့် ဦးနှောက်သေသွားသည့် မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများတွင် အစားထိုးကုသနိုင်ရန် မိသားစုက ပေးလှူကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ မြန်မာအလုပ်သမား၏ မျက်လုံးနှင့် ကျောက်ကပ်စသည့် ကိုယ်တွင်းအင်္ဂါများကို အခြားလူနာများအား အစားထိုး ကုသနိုင်ရန် ပေးလှူခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း နိုဝင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်သည်။ ချင်းရိုင်ခရိုင်တွင် တရားဝင်စာချုပ်ဖြင့် လာရောက် အလုပ်လုပ်ကိုင်နေသည့် အသက် ၄၃နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် ကားတိုက်ခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဦးနှောက်သေသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၎င်း၏အမည်နှင့် မြန်မာနိုင်ငံ နေရပ်တို့ကိုမူ ဖော်ပြထားခဲ့ခြင်း မရှိပေ။ မြန်မာအလုပ်သမားကို ကုသပေးနေသည့် Chiang Rai Prachanukroh ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် မြန်မာအလုပ်သမား၏ မိသားစုဝင်များထံသို့ ဆက်သွယ်ကာ ကိုယ်တွင်းအင်္ဂါလှူဒါန်းနိုင်သည့်အကြောင်းကို အကြောင်းကြားခဲ့ကြောင်း […]