ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

သထုံတွင် စစ်ကောင်စီတပ်ကား ပစ်ခတ်ခံရပြီး သုံးဦးသေဆုံးဟုဆို

diz_admin

November 10, 2022

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စစ်ကောင်စီတပ်ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် သုံးဦးသေဆုံးသွားကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့ (ပကဖ) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက် ၅နာရီခွဲခန့်က ဝင်းစိန်ကျေးရွာက ပြည်သူများကို လာရောက်ဖမ်းဆီးပြီး ပြန်လာသည့် စစ်ကောင်စီတပ်ကားကို လမ်းတွင် တားဆီးပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သေဆုံးရာတွင် စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူး ဗိုလ်မှူး ချစ်ဝင်း ပါဝင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ စစ်ကောင်စီတပ်ဘက်က တစ်ဦးမှာ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ စစ်ကောင်စီတပ်ကားပေါ်က သေနတ် သုံးလက် သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံရသည့်ပြည်သူများကိုလည်း ကယ်ထုတ်နိုင်ခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်အဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီကား ပစ်ခတ်ခံရပြီးနောက် ဝင်းစိန်ကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်က လုံခြုံရေးအင်အား တိုးချဲ့ထားပြီး ရှာဖွေစစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း ဒေသခံတို့က […]

လောင်းလုံးတွင် အမျိုးသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

November 10, 2022

လောင်းလုံးမြို့ (ဃ)ရပ်ကွက် လမ်းပိုင်းတစ်နေရာတွင် နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ပစ်ခတ်ခံရသူမှာ (ဃ)ရပ်ကွက်တွင် နေထိုင်သော အသက်သုံးဆယ်ကျော်အရွယ်ရှိ ကိုမင်းဝါ ဆိုသူဖြစ်သည်။ ပစ်ခတ်ခံရမှုကြောင့် လက်မောင်းတွင် သေနတ်ဒဏ်ရာ သုံးချက်ရရှိထားသော်လည်း စိုးရိမ်ရသည့်အခြေအနေမရှိကြောင်း ဒေသခံတစ်ဦးကဆိုသည်။ ၎င်းမှာ ထားဝယ်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြောင်းလည်း ‌ဒေသခံများထံမှ သိရသည်။ “ပစ်ခံရတာက စောင်းကြိုးလမ်းထဲမှာပါ ထော်လာဂျီ မောင်းပြီးလာတုန်းပစ်ခံရတာ”ဟု ၎င်းကပြောသည်။ ပစ်ခတ်ခံရသူမှာ စစ်ကောင်စီခန့် (ဃ)ရပ်ကွက်အုပ်ချုပ်ရေးမှု ဦးမင်းသိန်း၏ တူဖြစ်ပြီး ရဲကားနှင့် စစ်ကားများကို မောင်းပေးလေ့ရှိသူဖြစ်သည်ဟု အခြားဒေသခံတစ်ဦးက ပြောသည်။ “သူကမူးလာရင် သူနဲ့မတည့်တဲ့သူတွေကို ခြိမ်းခြောက်လေ့ရှိတယ် ရဲစခန်းထဲမှာပဲ အနေများတယ်”ဟု ထိုဒေသခံကပြောသည်။ အဆိုပါကိုမင်းဝါ ဆိုသူကို Launlone People Defence Force(လောင်းလုံး-ပကဖ) […]

ပုလောတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးကျဆုံး

diz_admin

November 10, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တိုက်ပွဲအတွင်း PDF ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁) က ယနေ့ထုတ်ပြန်လိုက်သည်။ နိုဝင်ဘာ ၈ ရက်နေ့ နံက် ၄ နာရီဝန်းကျင်တွင် ကဒဲရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း(၁) မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်တို့ ပထမအကြိမ် တိုက်ပွဲဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။ ယင်းနေ့ နံက် ၇ နာရီဝန်းကျင်တွင်လည်း မြိတ်မှပုလောသို့လာသည့် စစ်ယာဥ်တန်းကို စက်တော်ရာရွာအနီး မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ည ၁၁ နာရီဝန်းကျင်တွင်လည်း သင်္ကန်းတောရွာမှ ပုလောမြို့သို့ ဆက်လက်ထွက်ခွါလာသည့် စစ်ယာဉ်တန်းကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ယင်းဖြစ်စဥ်အတွင်း ရဲဘော် ပလ ကျဆုံးခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း(၁) ထံမှသိရသည်။ မြိတ်ခရိုင်တပ်ရင်း(၁)မှ တပ်သားရဲဘော် ပလ သည် နိုဝင်ဘာလ ၈ ရက်နေ့တွင် တိုင်းပြည်တာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားသည့်အတွက် ကောင်းရာဘုံဘဝသို့ […]

ဇင်းကျိုက်တွင် နေအိမ်ရှစ်လုံးမီးလောင်၊ မိသားစုဝင် လေးဦးသေဆုံး

diz_admin

November 10, 2022

မွန်ပြည်နယ် ပေါင်မြို့နယ် ဇင်းကျိုက်မြို့ ကွမ်းခြံကုန်းပိုင်းတွင် ယနေ့ နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းက နေအိမ်မီးလောင်ကျွမ်းမှုတွင် မိသားစုဝင် လေးဦးသေဆုံးကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့နှင့် ဒေသခံတို့ထံမှ သိရသည်။ ယနေ့ နံနက် ၄ နာရီဝန်းကျင်က ဒေါ်သန်းသန်းခိုင်ဆိုသူ၏ နေအိမ်မှ စတင်လောင်ကျွမ်းခဲ့သည့်မီးကြောင့် နေအိမ် ရှစ်လုံးနှင့် စပါးကျီတစ်လုံး ပျက်စီးဆုံးရှုံးသွားကြောင်း ၎င်းတို့ထံမှ သိရသည်။ မီးလောင်ကျွမ်းမှုကြောင့် ဒေါ်သန်းသန်းခိုင်အပါအဝင် မိသားစုဝင်များဖြစ်သည့် မောင်လင်းထွန်း၊ ဒေါ်ခင်စီနှင့် ဆဋ္ဌမတန်းကျောင်းသူ မဇင်ဇင်ဖြိုးတို့ သေဆုံးသွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “မီးထိန်းနိုင်တဲ့အချိန်မှာ အိမ်ရှစ်လုံး၊ စပါးကျီတစ်လုံး လောင်ကျွမ်းသွားတယ်။ မီးက ဒေါ်သန်းသန်ခိုင်အိမ်ကနေ စလောင်တာ၊ အဲဒီအိမ်က လူလေးဦးကတော့ သေဆုံးသွားတယ်” ဟု မီးလောင်မှုဖြစ်စဉ်အနီးရှိ ဒေသခံတစ်ဦးက ပြောသည်။ ယင်းမီးလောင်မှုကို ပေါင်မြို့နယ်၊ ဇင်းကျိုက်နယ်မြေနှင့် […]

ထိုင်းသတ္တုတွင်းကုမ္ပဏီနှင့် ဒေသခံတိုင်းရင်းသား ကွမ်းခြံအမှု သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေး ပေးရန် တရားရုံးအမိန့်ချ

diz_admin

November 10, 2022

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာတွင် သတ္တုတူးဖော်ခွင့်ရ ထိုင်းနိုင်ငံသားပိုင်သတ္တုကုမ္ပဏီကြောင့် ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦး၏ ကွမ်းခြံပျက်စီးသည့်အမှုကို ကျပ်သိန်းထောင်ဂဏန်းအစား ရာဂဏန်းသာ လျော်ကြေးပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်သည်။ NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ်က ကျပ်သိန်း တစ်ထောင်ကျော် လျော်ကြေးပေးရန် တနင်္သာရီတိုင်း တရားလွှတ်တော်က အမိန့်ချထားသည့်အမှုကို စစ်ကောင်စီလက်ထက်တွင်မှု ကျပ်သိန်းရာဂဏန်းသာ လျော်ကြေး ပေးရန် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အမိန့်ချမှတ်လိုက်ခြင်းဖြစ်သည်။ “အခုက စားဝတ်နေရေးကလည်း အရမ်းအခက်အခဲဖြစ်နေရတာနဲ့၊ ပြေးနေရတာနဲ့ (စစ်ဘေးရှောင်နေရတာနဲ့) ဆိုတော့ ရသမျှပဲ လက်ခံလိုက်ရတာပေါ့” ဟု ကာယကံရှင် ကရင်တိုင်းရင်းသား ဖထီးစောဒါးရွှေက ပြောသည်။ ထိုင်းနိုင်ငံသားပိုင် မြန်မာပွန်ပီပက် သတ္တုတူးဖော်ရေးကုမ္ပဏီ (MPC) ၏ စွန့်ပစ်ပစ္စည်းများကြောင့် ကွမ်းသီးပင်များ ပျက်စီးရခြင်းအတွက် လျော်ကြေးငွေရလိုကြောင်း ကရင်တိုင်းရင်းသားစောဒါးရွှေက ထားဝယ်ခရိုင်တရားရုံးတွင် ၂၀၁၅ ခုနှစ်က တရားစွဲခဲ့သည်။ […]

ပုလောတွင် အဖမ်းခံ ရွာသား ၃၀ကျော်ပြန်လွတ်ပြီး ၂၀ကျော် မလွတ်သေး၊ တိုက်ပွဲပြင်းထန်နေ

diz_admin

November 10, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ရွာသား ၃၀ကျော် ပြန်လွတ်လာပြီး ပိတပ်ကျေးရွာသား ၂၀ ကျော်မှာ လွတ်မြောက်လာခြင်း မရှိသေးကြာင်း ဒေသခံများထံမှ သိရသည်။ ယနေ့ နံနက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း ၎င်းတို့က ပြောသည်။ နိုဝင်ဘာလ ၉ ရက်နေ့က နံနက်က စစ်ကောင်စီတပ်စစ်ကြောင်းထိုးရာတွင် ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသည့် ရွာသား ၃၀ ကျော်အား ညဦးပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ဒေသခံများက ဆိုသည်။ “ရွာကဘုန်းကြီးပဲ လိုက်ပြီးသွားခေါ်လာပေးတယ်။ အယောက် ၃၀ ကျော်လောက်ရှိတယ်” ဟု မင်းထိန်ကျေးရွာ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ ပြန်လွတ်လာသူများမှာ မင်းထိန်၊ ပဝတ်ဖျားနှင့် စစ်ကြောင်းထိုးရာ ကျေးရွာများမှ ဒေသခံများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ အလားတူ ပိတပ်ကျေးရွာတွင်လည်း နိုဝင်ဘာလ ၄ […]

ဗြိတိန် ချားလ်စ်ဘုရင်ကို ကြက်ဥများဖြင့် ပိတ်ပေါက်သည့် ကျောင်းသား အဖမ်းခံရ

diz_admin

November 10, 2022

ယော့ခ်မြို့သို့ လာရောက်သော ဘုရင်နှင့် မိဖုရား တို့ကို ကြက်ဥများဖြင့် ပိတ်ပေါက်သဖြင့် အမျိုးသားတစ်ဦး အဖမ်းခံလိုက်ရကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။ ယော့ခ် သို့ လာရောက်သည့် ဘုရင်နှင့်မိဖုရား တို့ကို မြို့သူမြို့သားများက ရိုးရာအစဉ်အလာအတိုင်း စုရုံးကြိုဆို နေကြစဉ် ဆန္ဒပြသူတစ်ဦးက ယင်းသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အသက် (၂၃) နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ပြီး ၎င်းကို ရဲများက ထိန်းချုပ်နေစဉ် “ဒီတိုင်းပြည်က ကျွန်တွေရဲ့ သွေးနဲ့ တည်ဆောက်ထားတာကွ” ဟု ၎င်းက ဟစ်အော်ခဲ့သည်။ ယော့ခ်တက္ကသိုလ် ကျောင်းသားတစ်ဦး ဖြစ်သော အဆိုပါ လူငယ်ကို ရဲတပ်ဖွဲ့က အုတ်အော်သောင်းနင်းဖြစ်အောင် လုပ်ဆောင်မှုဖြင့် ဖမ်းထားဆဲဖြစ်သည်။ လူအုပ်ကြီးက “ဘုရင်ကြီးကို ဘုရားသခင်စောင့်ရှောက်ပါစေ” ဟု ပြန်အော်ကြပြီး “မင်းက ရှက်စရာပဲ” ဟုလည်း […]

စားအုန်းဆီ သက်သက်သာသာရဖို့ အလုအယက် ဝယ်ကြရ

diz_admin

November 10, 2022

ထားဝယ်မြို့တွင် စားအုန်းဆီ တစ်ပိသာ ၄၆၀၀ ကျပ်ဖြင့် ရောင်းချပေးလျက်ရှိသောကြောင့် ဒေသခံပြည်သူများလာရောက် ဝယ်ယူလျက်ရှိသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ကမြင်တွေ့ရစဉ်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက လာရောက်ရောင်းချခြင်းဖြစ်ပြီး ပြင်ပစျေးကွက်တွင် စားအုန်းဆီတစ်ပိဿာ ကျပ် ၇၅၀၀ ဝန်းကျင်ခန့်ရှိသည်။