ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

November 13, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ Dawei Watch၊ နိုဝင်ဘာလ ၆ရက်မှ ၁၂ ရက်အထိ မီးရှို့ခံရသည့်နေအိမ် လေးသောင်းနီးပါးရှိသွားပြီ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိပက္ခနှင့် တိုက်ပွဲဖြစ်စဉ်များအတွင်း မီးရှို့ဖျက်ဆီးခံရသည့် နေအိမ် လေးသောင်းနီးပါးရှိလာပြီဖြစ်ကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) က ထုတ်ပြန်သည်။ အာဏာသိမ်းချိန်မှ ယခုနှစ် အောက်တိုဘာလ ၃၁ ရက်အထိ နေအိမ်၊ ဘာသာရေး အဆောက်အအုံများ အပါအဝင် အဆောက်အအုံ ၃၈,၅၆၈ လုံးထက်မနည်း မီးရှို့ဖျက်ဆီးခံရကြောင်း ဖော်ပြသည်။ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်၊ အဆောက်အအုံ စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်း အရေအတွက်အားဖြင့် အလုံး ၂၆,၉၇၀ မှာ […]

ဘန်ကောက်တွင် ကော့သောင်းသူကို သတ်ခဲ့သည်ဆိုသည့် မြန်မာလုပ်သားအဖမ်းခံရ

diz_admin

November 12, 2022

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသော ကော့သောင်းဒေသခံ အမျိုးသမီးကို သတ်ခဲ့သည်ဟုဆိုသော မြန်မာအလုပ်သမားအမျိုးသားတစ်ဦးကို နိုဝင်ဘာလ ၁၁ ရက် ညပိုင်းတွင် ဖမ်းမိကြောင်း သေဆုံးသူ၏ မိတ်ဆွေများထံမှ သိရသည်။ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်တွင် “ထားဝယ်သူ” ဟု လူသိများသော အမျိုးသမီးတစ်ဦးကို လည်ပင်း ညှစ်ထားသော ဒဏ်ရာနှင့်အတူ ဝတ်လစ်စားလစ်ပုံစံဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့ နေ့လယ်ပိုင်း က တွေ့ရှိခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက အမှုကို စုံစမ်းစစ်ဆေးခဲ့ရာမှ အမျိုးသမီးကို သတ်ခဲ့သူဟုဆိုသူ မြန်မာ အလုပ်သမား ကိုကျော်ဝင်းဆိုသူကို ဖမ်းဆီးရမိခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သူများထံမှ သိရသည်။ ကိုကျော်ဝင်းဆိုသူသည် သေဆုံးသူ၏ အခန်းဘေးကပ်လျက်တွင် နေထိုင်သူဖြစ်ကာ ၎င်းတွင် ဇနီးနှင့် ကလေးရှိသူဖြစ်ကြောင်း ၎င်းတို့က […]

ထားဝယ်တွင် ထိုင်းထီရောင်းအားတက်လာဟုဆို

diz_admin

November 12, 2022

ထားဝယ်တွင် ထိုင်းထီရောင်းအား ယခင်ကထက် တက်လာကြောင်း ထိုင်းထီရောင်းသူအချို့က ပြောသည်။ စစ်တပ်အာဏာသိမ်းမှုအပြီးတွင် အစိုးရကရောင်းသည့် အောင်ဘာလေထီ ရောင်းသူမရှိတော့သလို ထီထိုးသူလည်းမရှိတော့သဖြင့် ထီရောင်းချသူအချို့က ထိုင်းထီကို ပြောင်းလဲရောင်းချလာခြင်းဖြစ်သည်။ ၂၀၂၂ ခုနှစ် ဧပြီလမှ စ၍ ထိုင်းထီ စောင်ရေ ၂၀ ခန့် စတင်ရောင်းချခဲ့ရာ တဖြည်းဖြည်းရောင်းအားတက်သည်ဟု ထားဝယ်မြို့မှ ထိုင်းထီရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ရောင်းအားကတော့ တက်လာတာပေါ့။ အရင်က စရောင်းတုန်းကနဲ့စာရင်တော့ တက်လာတယ်။ စရောင်းတုန်းက စောင်ရေ ၂၀ လောက်ပဲ စရောင်းတယ်။ ခုက စောင်ရေ ၃၀၀ လောက်ထိဖြစ်လာတယ်” ဟု အထက်ပါအမျိုးသမီးက ပြောသည်။ ထိုင်းထီကို ကော့သောင်းမှတစ်ဆင့် ထားဝယ်သို့ မှာယူရောင်းချခြင်းဖြစ်ပြီး Online မှလည်းရောင်းသလို အိမ်ရှိအထည်ဆိုင်တွင်လည်း ရောင်းကြောင်း အထက်ပါအမျိုးသမီးက ဆိုသည်။ […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

November 11, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ နိုဝင်ဘာ ၅ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကမ္ဘောဒီးယားမှာ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့ ဆန္ဒပြ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မှာ ဒေသတွင်း ထိပ်သီးအစည်းအဝေး ကျင်းပနေချိန် သဘာဝပတ်ဝန်းကျင် တက်ကြွလှုပ်ရှားသူတစုက Freedom Park မှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တပတ်ကြာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ အကျဉ်းကျနေတဲ့ ကမ္ဘောဒီးယား-အမေရိကန် ရှေ့နေ တက်ကြွလှုပ်ရှားသူ သီယာရီဆိုင်း (Theary Seng) နဲ့ တခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လွှတ်ပေးဖို့ နိုဝင်ဘာ ၁၀ ရက်က တောင်းဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယားအစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် သူတို့ရဲ့ ဆန္ဒပြတွန်းအားပေးမှုကို ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ဖို့ ခမာသဝရက်ခ်လို့ […]

ပုလော မြဒေါင်ရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

November 11, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မြဒေါင်ကျေးရွာတွင် ရွာသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ ထံမှသိရသည်။ အသက် ၅၀ ဝန်းကျင်ရှိ ဦးကျော်စိုးအောင်ဆိုသူကို နိုဝင်ဘာလ ၁၀ ရက်နေ့ ညဦးပိုင်းတွင် မြဒေါင်ရွာစာသင်ကျောင်း အနီး၌ အမည်မသိအဖွဲ့တစ်ဖွဲ့က လာရောက် ပစ်သတ်သွားကြေင်း ဒေသခံများက ဆိုသည်။ “သေပြီးတဲ့နောက် ညတွင်းချင်းပဲ ပုလောဆေးရုံကို ယူဆောင်သွားကြတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးကျော်စိုးအောင်မှာ လယ်ယာလုပ်ငန်းလုပ်ကိုင်သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်းကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်ခဲ့သည်ကိုမူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မြဒေါင်ကျေးရွာ ရာအိမ်မှူး ကိုနီ သေနတ်ဖြင့် ပစ်ခံရပြီး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

ကထိန်ရာသီအပြီး ထားဝယ်တွင် ငါးကွန်းရှပ်နှင့် ပုစွန်ဈေးပြန်ကျ

diz_admin

November 11, 2022

ထားဝယ်တွင် ကထိန်ရာသီတစ်လလုံး တစ်ပိဿာလျှင် ကျပ်သုံးသောင်းအထိ ဈေးမြင့်တက်ခဲ့သော ငါးကွန်းရှပ်နှင့် ပုစွန်ဈေးများ ပြန်ကျနေကြောင်း ထားဝယ်ကမ်းနားဈေးတွင် ရေထွက်ကုန်ပစ္စည်းရောင်းချသူများထံမှ သိရသည်။ အောက်တိုဘာလ တတိယပတ်တွင် ငါးကွန်းရှပ်တစ်ပိဿာလျှင် ကျပ်သုံးသောင်းအထိ ပေးရပြီး ပုဇွန် (အကြီးဆိုဒ်) ချောကြီး တစ်ပိဿာဈေးနှုန်းမှာလည်း ကျပ်သုံးသောင်းအထိ အမြင့်ဆုံးဈေးတက်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်မူ ငါးကွန်းရှပ်ကြီး တစ်ပိဿာဈေးနှုန်းမှာ ၁၅၅၀၀ ကျပ် နှင့် ပုဇွန်ချောကြီး တစ်ပိဿာဈေးနှုန်းမှာ ၂၅၀၀၀ ကျပ်သို့ အသီးသီးဈေးကျသွားကြောင်း ထားဝယ်ကမ်းနားဈေးတွင် ရေထွက် ကုန်ပစ္စည်း ရောင်းချသူအမျိုးသမီးတစ်ဦးက ပြောသည်။ “ဈေးကျသွားတာက အလှူရာသီကုန်သွားလို့ပါ” ဟု ၎င်းက ဆိုသည်။ ငါးကွန်းရှပ်မှာ အလှူပွဲများတွင် အသုံးပြုများသည့် ငါးဖြစ်ပြီး ကထိန်ပွဲတော်ကာလတွင် ငါးကွန်းရှပ် ရှားပါးသေးသည့် […]

ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦး ဘန်ကောက်တွင် ဝတ်လစ်စားလစ်ဖြင့်သေဆုံး

diz_admin

November 11, 2022

ကော့သောင်းဒေသခံ မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ သူနေထိုင်ရာအခန်းအတွင်း၌ ဝတ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။ သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မ— ဖြစ်ပြီး “ထားဝယ်သူ” ဟု လူသိများကြောင်း ကော့သောင်းဒေသခံတစ်ဦးဖြစ်ကာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း သူမ၏မိတ်ဆွေများကဆိုသည်။ အဆိုပါအမျိုးသမီးမှာ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်လမ်း အမှတ် ၈၉ ရှိ မြန်မာအလုပ်သမား အများစုနေထိုင်ရာ နှစ်ထပ်အဆောက်အအုံတွင် နေထိုင်ခြင်းဖြစ်သည်။ အခန်းအတွင်းအနံ့ထွက်ကာ သေဆုံးနေသည်ကို မနေ့နေ့လယ် ၁ နာရီခွဲအချိန်ခန့်၌ တစ်တိုက်တည်းနေ မြန်မာအလုပ်သမားတစ်ဦးမှ တွေ့ရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များ ရောက်ရှိလာသောချိန်တွင် အခန်းမှာ သော့ခတ်ထားသဖြင့် ဘေးကပြတင်းပေါက်မှန်ကိုခွဲကာ သော့ဖွင့်ဝင်ရောက်ရပြီး အခန်းထဲတွင် […]

မြိတ်ရာသီပေါ် ဓနိရည်ချိုထုတ်ယူသူ နည်းလာ

diz_admin

November 11, 2022

မြိတ်မြို့တွင် ဆောင်းရာသီ၏ ရာသီပေါ်အစားအသောက်တစ်ခုဖြစ်သည့် ‌ဓနိရည်ချို ထုတ်ယူသူ နည်းပါးလာနေ ကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ပြီးခဲ့သည့် သုံးနှစ်ဝန်းကျင်မှစပြီး ဓနိရည်ချို ထုတ်ယူသူ တဖြေးဖြေးနည်းပါးလာနေပြီး လုပ်ကိုင်သူ သုံးပုံတစ်ပုံခန့်သာ ကျန်တော့ကြောင်း မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာနေသူအချို့က ပြောသည်။ “ဓနိရည်ချိုရော ဓနိပျားပါလုပ်တဲ့သူရော သိပ်မရှိတော့ဘူး” ဟု စန္ဒဝတ်ကျေးရွာနေ အမျိုးသားတစ်ဦးက ဆိုသည်။ ဓနိတောများအား ရှင်းလင်းပြီး မြေယာကွက်များ ဖော်ထုတ်ရောင်းချနေကြခြင်း၊ ငွေကြေးတတ်နိုင်သူအချို့က ဓနိတောများအား ဝယ်ယူကာ ပစ်ထားခြင်း စသည်တို့ကြောင့် ဓနိရည်ချို ထုတ်ယူသူနည်းပါးလာရခြင်းဖြစ်ကြောင်း ဓနိလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောဆိုသည်။ “တစ်နှစ်တစ်နှစ် မြင်နေရတဲ့ ဓနိတောတွေ တအားနည်းလာပြီ။ ကိုယ့်ဓနိ‌တောက ဘိုးဘွားအမွေဆိုတော့ မရောင်း ရက်ဘူး။ ဒါလေးနဲ့ပဲ ဝမ်းစာရှာနေရတာ” ဟု ရှမ်းချောင်းရပ်ရှိ ဓနိတောမြေ ဆယ်ဧကကျော် ပိုင်ဆိုင်သူတစ်ဦးက ပြောသည်။ […]