မြိတ်တွင် ငါးအမှုန့်ကြိတ်စက်ရုံကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသားသုံးဦးသေဆုံး
diz_admin
November 14, 2022မြိတ်မြို့ အင်းလေးမြိုင်စက်မှုဇုံအတွင်းရှိ Vantage ငါးအမှုန့်ကြိတ်စက်ရုံ ငါးကန်အတွင်း အောက်စီဂျင်ပြတ်ပြီး အမျိုးသား သုံးဦးသေဆုံးသွားကြောင်း စက်ရုံတာဝန်ရှိသူနှင့် ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၃ ရက် ည ၈ နာရီဝန်းကျင်က ငါးအမှုန့်ကြိတ်သည့် ပါကေးငါးကန်အတွင်း ဝန်ထမ်းတစ်ဦး သန့်ရှင်းရေး ဆင်းလုပ်ခဲ့ရာမှ မူးမေ့လဲကျသွားကြောင်း ယင်းစက်ရုံတာဝန်ရှိသူတစ်ဦးက ပြောသည်။ ၎င်းကို ဆင်းကယ်ရာ ဆင်းကယ်သူအပါအဝင် အမျိုးသား သုံးဦး သေဆုံးခဲ့ရပြီး မန်နေဂျာအပါအဝင် ဝန်ထမ်း သုံးဦးလည်း ဆေးရုံတွင် အရေးပေါ်ကုသခံနေရကြောင်း ၎င်းက ဆိုသည်။ “ငါးက ကုန်တာနဲ့ ကန်သန့်ရှင်းရေးလုပ်ရတာ။ ဒါကပုံမှန်လုပ်နေကျပဲ။ မတော်တဆ ငါးကထွက်တဲ့ ဂစ်အနံ့ရှုမိပြီး အောက်စီဂျင်ပြတ်ပြီး ခုလိုဖြစ်သွားတာပါ” ဟု တာဝန်ရှိသူက ပြောဆိုသည်။ အကိုဖြစ်သူ မူးလဲသွားသည်ကို မြင်ရသဖြင့် ညီဖြစ်သူက ဆင်းကယ်ရာ […]


