မြိတ်မြို့တွင် စစ်ဘေးရှောင်များတည်းခိုနေသည့်နေအိမ်အချို့ကို ညအချိန်ဝင်စစ်
diz_admin
November 15, 2022မြိတ်မြို့ပေါ်ရှိ ရပ်ကွက်အချို့တွင် နေအိမ်အချို့ကို နိုဝင်ဘာလ ၁၄ ရက် ည ၁၀ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် များက ဝင်ရောက်စစ်ဆေးပြီး လူငယ်တစ်ဦး ဖမ်းဆီးခံရကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။ မြိတ်တောင်နယ်မြေ၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စုအတွင်း ရပ်ကွက်တို့ရှိ နေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ နယ်ဒေသမှ စစ်ဘေးရှောင်လာကြသူများနေထိုင်သည့် နေရာများကို ဝင်ရောက်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းလည်း ဒေသခံများက ပြောသည်။ ယင်းသို့ စစ်ဆေးရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးဘက်တာဝန်ရှိသူတို့ ပါဝင်ကြောင်း မြိတ်တောင်နယ်မြေနေ ရပ်ကွက်နေသူအချို့က ဆိုသည်။ “သူတို့ (စကစ) သတင်းရထားတဲ့အိမ်ကို ရုတ်တရက် ဝင်စစ်တာထင်တယ်။ ဧည့်စာရင်းစစ်တာမျိုး မဟုတ်ဘူး။ လမ်းထဲမှာ တစ်အိမ်ပဲ ဝင်စစ်တယ်။ ဘာမှမတွေ့ကြဘူး” ဟု မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် […]


