ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

မောင်းမကန်တွင် အသံဗုံးနှစ်လုံးပေါက်ကွဲ

diz_admin

January 5, 2023

လောင်းလုံးမြို့နယ် မောင်းမကန်ကမ်းခြေအနီးတွင် ဇန်နဝါရီလ ၄ ရက် ညနေ ၄ နာရီခွဲက အသံဗုံး နှစ်လုံးပေါက်ကွဲကြောင်း‌ ဒေသခံအချို့က ‌ပြောသည်။ တနင်္သာရီဟိုတယ်အနီးတွင် တစ်လုံး ပေါက်ကွဲပြီး DDPC ဘန်ဂလိုများအနီးက ကမ်းခြေအစပ်နေရာတွင် တစ်လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကမ်းခြေရှိ စားသောက်ဆိုင်တစ်ဆိုင်မှ ဆိုင်ရှင်အမျိုးသားတစ်ဦးက ပြောသည်။ “အဲဒီနားမှာ လူစည်နေတယ်ဆိုတော့ ခြောက်ပြီးခွဲတာဖြစ်မယ်” ဟု ၎င်းက ခန့်မှန်းသည်။ အသံဗုံး ပေါက်ကွဲမှုဖြစ်စဉ်တွင် လူထိခိုက်မှုမရှိကြောင်း ဒေသခံအချို့က ပြောသည်။ မောင်းမကန်ကမ်းခြေမှာ စစ်အာဏာသိမ်းပြီးနောက် လူအသွားအလာမရှိသလောက်ဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် ပွင့်လင်းရာမှစ၍ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်၊ အလုပ်ပိတ်ရက် အခါကြီးနေ့ကြီးများတွင်မူ ပြန်လည် စည်ကားလာသည်။ အသံဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ယနေ့တွင် လူအသွားအလာ နည်းသွားခြင်းမျိုးမရှိဘဲ ပုံမှန်အနေအထားအတိုင်းသာရှိနေသည်ဟု ဒေသခံအချို့က ပြောသည်။

ကာလရှည်ငြိမ်နေသည့် ရွှေနှင့် ဘတ် ဈေးပြန်တက်

diz_admin

January 5, 2023

ကာလကြာရှည်‌ ငြိမ်နေသည့် ရွှေနှင့် ဘတ်ဈေးမှာ ယခုရက်ပိုင်းမှစတင်ကာ အတက်ဘက်ပြန်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ လနှင့်ချီငြိမ်နေသည့် ‌အခေါက်‌ရွှေသည် ပြီးခဲ့သည့် သုံးရက်ခန့်မှစကာ ပြန်တက်လာပြီး လက်ရှိတွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ခုနစ်သိန်းနှစ်သောင်းခွဲ (၂,၇၂၅,၀၀၀ ကျပ်) ပေါက်ဈေးရှိနေကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ဈေးမတက်မီက တစ်ကျပ်သားလျှင် နှစ်ဆယ့်ခြောက်သိန်းခြောက်သောင်း (၂,၆၆၀,၀၀၀ ကျပ်) ဖြင့် လနှင့်ချီကြာ ဈေးငြိမ်နေခဲ့သည်။ “ဈေးကတော့ တဖြေးဖြေး ဆက်တက်လာမယ်ထင်တယ်” ဟု အထက်ပါရွှေဆိုင်ပိုင်ရှင်က ပြောသည်။ ကမ္ဘာ့ရွှေဈေး တက်နေခြင်းကြောင့် ပြည်တွင်းရွှေဈေး တက်လာခြင်းဖြစ်နိုင်ပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ပုံမှန်သာရှိကြောင်း ထားဝယ်မြို့ရှိ အခြားရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။ ကမ္ဘာ့ရွှေဈေးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းက တစ်အောင်စလျှင် ၁၇၉၉ ဒေါ်လာရှိရာမှ လက်ရှိတွင် ၁၈၅၂ ဒေါ်လာ ပေါက်ဈေးရှိနေသည်။ ၁၂ […]

ပုလော ပြည်ထောင်စုလမ်းပေါ် ကျေးရွာများ လူမရှိတော့

diz_admin

January 5, 2023

မြိတ်ခရိုင်၊ ပုလော၊ ပလ ပြည်ထောင်စုလမ်းပေါ်တွင် ရှိသည့်ကျေးရွာများ လက်ရှိအချိန်တွင် နေထိုင်သူ မရှိတော့ကြောင်း ဒေသခံများနှင့် ခရီးသည်များ ထံမှသိရသည်။ ပြည်ထောင်စုလမ်းပေါ်ရှိ ကြဲ၊စက်တော်ရာ၊တပို၊ ဇရပ်ဆိပ်၊မိန်းမမြို့၊ မင်းပြင်၊တို၊ သင်္ကန်းတော၊တန်းရှင်း စသည့်ကျေးရွာ ဆယ်ရွာခန့်တွင် နေအိမ်များပိတ်ထားကြပြီး နေထိုင်ကြသူ မရှိတော့ကြောင်း ပုလောမြို့နယ်၊မင်းထိန်ရွာ ဒေသခံကပြောသည်။ “မြိတ်ဘက်ကလာရင် ကြဲကနေပြီးတော့ တစ်လျှောက်လုံးရွာတွေမှာ လူမရှိတော့ဘူး။ ရွာတိုင်းရွာတိုင်း အိမ်အပိတ်ခဲ(ချည်း)ဖြစ်ကုန်ပြီ။ မင်းထိန်ရွာရောက်မှပဲ လူပြန်တွေ့တယ်။ လမ်းသွားလာသူတွေလည်း တစ်ဦးစနှစ်ဦးစကလွဲပြီး မရှိတော့သလောက် တွေ့ရတယ်”ဟု ၎င်းကပြောသည်။ ကြဲကျေးရွာသည် မြိတ်မြို့နယ်နှင့် ပလမြို့နယ်အစပ်အနီးရှိသည့် ကျေးရွာဖြစ်ပြီး မင်းထိန်ကျေးရွာမှာ ပလမြို့အလွန် ပုလောမြို့အနီးတည်ရှိသည့် ကျေးရွာဖြစ်သည်။ ဖော်ပြပါ ကျေးရွာလမ်းတစ်လျှောက်တွင် စစ်ကောင်စီယာဥ်တန်းများ မိုင်းဆွဲခံရခြင်း၊ ခြုံခိုတိုက်ခိုက်ခံရခြင်းများ ဒီဇင်ဘာလအတွင်း ခပ်စိပ်စိပ် ရှိလာပြီး စစ်ကောင်စီတပ်မှလည်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခြင်း၊ မသင်္ကာသူတစ်ချို့ […]

ရေဖြူမြို့ တံတားတွင် မိုင်းတွေ့၊ ဖြတ်သန်းသွားလာခွင့် ပိတ်ထား

diz_admin

January 5, 2023

ရေဖြူမြို့ အရှေ့ဖက်ကမ်းနှင့် အနောက်ဖက်ကမ်းကို ဆက်သွယ်ပေးထားသည့် တံတားတွင် မိုင်းတွေ့သဖြင့် စစ်ကောင်စီတပ်က လာရောက်ရှင်းလင်းနေကြောင်း မြို့ခံအချို့ကပြောသည်။ ယနေ့ နေ့လယ် ၁၁ နာရီကျော်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး တံတားဖြတ်သန်းသွားလာခွင့်ပိတ်ကာ မိုင်းရှင်းလင်းနေခြင်းဖြစ်ကြောင်း ၎င်းတို့ကဆိုသည်။ “အခုထိတော့ ဖြတ်လို့မရသေးဘူး” ဟု မျက်မြင်တွေ့သည့် မြို့ခံတစ်ဦးက ယနေ့နေလယ် ၁၂ နာရီကပြောဆိုသည်။ ရေဖြူမြို့ပေါ်တွင် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့က နေ့ရောညပါ ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့သည်။ ဇန်နဝါရီလ ၄ ရက်နေ့ မနက်ပိုင်း ၆ နာရီခန့်တွင် ရေဖြူမြို့မဈေးအနီးတွင် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး၊ ည ဦးပိုင်း ၈ နာရီခန့်ကလည်း ရေဖြူမြို့မှ ပုဂေါဇွန်းကျေးရွာသို့သွားသည့် လမ်းကွေ့တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့ကြောင်း မြို့ခံအချို့ကပြောသည်။ ည ၈ နာရီခန့်က ပေါက်ကွဲသံတစ်ချက်ကြားရပြီးနောက် […]

ကံပေါက်ဒေသမှ နိုင်ငံရေးအကျဉ်းသား ၄ ဦး ပြန်လွတ်

diz_admin

January 4, 2023

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက် လွတ်လပ်ရေးနေ့တွင် ထားဝယ်ခရိုင် ၊ ကံပေါက်ဒေသမှ နိုင်ငံရေးအကျဉ်းသား ၄ ဦးဖြစ်သည့် ဦးအောင်စိုး၊ ဦးပြည်စိုး၊ ကိုသက်ကိုဦးနှင့် ဒေါ်လင်းမြတ်မြတ်မိုး တို့ ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။ “ညနေ ၄ နာရီလောက် အိမ်ပြန်ရောက်ကြပါပြီ။ အားလုံးအတွက်ဝမ်းသာရပါတယ်” ဟု နေအိမ်တွင်သွားရောက်ကြိုဆိုခဲ့သည့် ဒေါ်လင်းမြတ်မြတ်မိုး ၏ မိတ်ဆွေတစ်ဦးက ပြောသည်။ ကံပေါက်ဒေသ၊ လှည်းကုန်း ရပ်ကွက်မှူးဟောင်းဖြစ်သူ ဦးအောင်စိုး၊ CDM ဆရာမ ဒေါ်လင်းမြတ်မြတ်မိုး၊ ဦးပြည်စိုး နှင့် ခွေးမဖောရွာမှ ကိုသက်ကိုဦးတို့သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ လအတွင်းက ကံပေါက်ဒေသခံ အခြားရပ်မိရပ်ဖ ၆ ဦးနှင့်အတူ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ စစ်ဆေးမေးမြန်းပြီးနောက် ရပ်မိရပ်ဖ ၆ […]

မွန်ပြည်နယ်တွင် အကျဥ်းကျနေသူ ၄၁၂ ဦး ပြန်လွတ်

diz_admin

January 4, 2023

မွန်ပြည်နယ်အတွင်းရှိ အကျဥ်းထောင်အသီးသီးမှ အကျဥ်းသား၊ အကျဥ်းသူ ၄၁၂ ဦး လွတ်မြောက်လာကြောင်း အကျဥ်းထောင်က ထုတ်ပြန်သည့်စာရင်းအရ သိရသည်။ ပြန်လွတ်လာသူ ၄၁၂ ဦးတွင် ကျိုက်မရောဗဟိုအကျဉ်းထောင်မှ ၉၆ ဦး၊ မော်လမြိုင်အကျဥ်းထောင်မှ ၆၅ ဦး၊ သထုံအကျဥ်းထောင်မှ ၁၀၄ ဦးအပါအဝင် အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၃၂၇ ဦး၊ အကျဉ်းသူ ၈၅ ဦး ပါဝင်သည်ဟု အကျဥ်းထောင်မှ သိရသည်။ မွန်ပြည်နယ်အတွင်းက လွတ်မြောက်လာသည့် အကျဥ်းသား အကျဥ်းသူများတွင် နိုင်ငံရေးအကျဥ်းသားများ ပါ၊မပါကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။ “နိုင်ငံရေးအကျဥ်းသားတွေ ပါလား မပါလား ဘယ်လောက်ပါလဲဆိုတာ မသိသေးဘူး၊ ပါခဲ့ရင်လည်း မများဘူး၊ ခိုးမှု မူးယစ်မှုနဲ့ပဲ များတယ်” ဟု နိုင်ငံရေးအကျဥ်သားအရေး ကူညီလုပ်ဆောင်နေသူ တစ်ဦးက ပြောသည်။ ဇန်နဝါရီ […]

မြိတ်အကျဥ်းထောင်မှ အကျဥ်းသားရှစ်ဆယ်ကျော် လွတ်လာ

diz_admin

January 4, 2023

မြိတ်အကျဥ်းထောင်မှ အကျဉ်းသား ရှစ်ဆယ့်နှစ်ဦး လွှတ်မြောက်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများ ထံမှသိရသည်။ ဒီကနေ့ မွန်းလွှဲ ၁ နာရီတွင် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး အကျဥ်းသား ၆၁ ဦးနှင့်အကျဥ်းသူ ၂၁ ဦးဖြစ်ကြောင်း၊ ၅၀၅ က ဖြင့်အမိန့်ချခံထားရသော အမျိုးသမီး ၁၁ ဦးပါဝင်သည်ဟု ၎င်းတို့ကပြောသည်။ “လွတ်လာတဲ့အကျဥ်းသူတွေက မြိတ်မြို့ကချည်းပဲ။ အမျိုးသားတွေထဲမှာလည်း ၅၀၅ တွေပါတယ်။ အရေအတွက်တော့ မသိရသေးဘူး”ဟု  အကျဥ်းထောင်နှင့်နီးစပ်သူ အမျိုးသမီးကပြောသည်။ လွတ်လာသူများတွင် ထီလောင်းကစားမှု၊ မူးယစ်ဆေးအမှုအပါအဝင် ဓါးခုတ်မှုဖြင့် အကျဥ်းကျနေသူများလည်း ပါဝင်ကြောင်း ၎င်းတို့ထံမှသိရသည်။ လွတ်လာသည့် အကျဥ်းသားများတွင် တနင်္သာရီမြို့နယ် ဆင်ဖြူရှင်စခန်းမှ အမျိုးသား ၂၂ ဦးလည်းပါဝင်ခဲ့ကြောင်း နီးစပ်သူများထံမှသိရသည်။

ထိုင်းတွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှု ခင်ပွန်းသည်အပါအဝင်နှစ်ဦး ဖမ်းဆီးခံရ

diz_admin

January 4, 2023

ထိုင်းနိုင်ငံ တာခ့်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရပြီး ပြစ်မှုကျူးလွန်သည်ဟုဆိုကာ ခင်ပွန်းဖြစ်သူအပါအဝင် မြန်မာနိုင်ငံသားနှစ်ဦးက အဖမ်းခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ မြန်မာနိုင်ငံသားနှစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဇန်နဝါရီလ ၃ ရက်နေ့တွင် ဝန်ခံချက်နှင့်အတူ ဖြစ်စဉ်ကို သရုပ်ပြစေခိုင်းခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။ အသက် ၃၅ နှစ်အရွယ် မနော်ချီအမည်ရှိ မြန်မာအမျိုးသမီး၏ ရုပ်အလောင်းကို ဒီဇင်ဘာလ ၂၈ ရက်တွင် တာခ့်ခရိုင် အုမ်ဖန်းဒေသ နော်လွမ်းရွာ ရာဘာတောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ လွယ်အိတ်ကြိုးဖြင့် လည်ပင်းညှစ်သတ်ထားသည့်ပုံစံဖြင့် သေဆုံးနေခဲ့ပြီး အလောင်းပေါ်တွင် ဒဏ်ရာများ တွေ့ရှိ ခဲ့ရသဖြင့် မှုခင်းဆရာဝန်များကို ခေါ်ယူစစ်ဆေးခဲ့ရာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရခြင်း၊ ရိုက်နှက်ခံထားရခြင်းတို့ကို ထပ်မံတွေ့ရှိခဲ့ရကြောင်း ဖော်ပြသည်။ မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်သတ်ဖြတ်ရာတွင် ပါဝင်သူတစ်ဦးမှာ နယ်စပ်ဘက်သို့ ထွက်ပြေးသွားသည်ဟု သတင်းရရှိသဖြင့် လိုက်လံရှာဖွေခဲ့ရာ […]