ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ဟိန္ဒားပြင်ရွာက ကျောင်းထိုင်ဆရာတော် အဖမ်းခံရ

diz_admin

January 7, 2023

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာအုပ်စု ဟိန္ဒားပြင်ရွာက ကျောင်းထိုင်ဆရာတော်ထံတွင် လက်နက်နှင့် မူးယစ်ဆေးဝါး တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။ လက်နက်ကိုင်အဖွဲ့တစ်ခုက ဇန်နဝါရီလ ၆ ရက် ညအချိန်တွင် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။ “လူဝတ်လဲပြီးဖမ်းသွားတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။ သက်တော် ၅၀ ကျော်အရွယ်ရှိပြီဖြစ်သည့် ဟိန္ဒားပြင်ကျောင်း ကျောင်းထိုင်ဆရာတော်အား ဖမ်းခေါ်သွားသည်ကိုသာ ကြားရပြီး နောက်ဆက်တွဲအခြေအနေကို မသိရသေးကြောင်း အခြားဒေသခံတစ်ဦးက ဆိုသည်။ ဟိန္ဒားကျေးရွာမှာ နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းတည်ရှိရာ ကျေးရွာဖြစ်ပြီး ထားဝယ်-ထီးခီးလမ်းအတိုင်း ထားဝယ်နှင့် မိုင် ၃၀ ကျော် ကွာဝေးသည်။

ပတ်စ်ပို့သက်တမ်းတိုး တိုကင်ယူရန် ဘန်ကောက်ရှိ မြန်မာသံရုံးရှေ့ တန်းစီသူထောင်နှင့်ချီရှိ

diz_admin

January 7, 2023

ပတ်စ်ပို့သက်တမ်းတိုးရန်အတွက် ရက်ချိန်းတိုကင်ရယူရန် လူကိုယ်တိုင်လာရောက်တန်းစီရမည်ဟု ကြေညာ ခဲ့ပြီးနောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာအလုပ်သမားထောင်ချီ ယနေ့ (ဇန်နဝါရီ ၇) လာရောက်တန်းစီစောင့်ဆိုင်းနေကြကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ သက်တမ်းတိုးရန် ဇန်နဝါရီလ ၇ ရက်နေ့မှစ၍ အပတ်စဉ် စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ ရက်ချိန်းတိုကင်ကို လူကိုယ်တိုင် လာရောက်ယူရမည်ဟု မြန်မာသံရုံးက ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့ကြောင့် ပထမဆုံးနေ့တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ လာရောက်တန်းစီစောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။ ရက်ချိန်းတိုကင်ထုတ်ပေးရာတွင် ၂၀၂၂ ခုနှစ်၌ သက်တမ်းကုန်ဆုံးသွားသော နိုင်ငံကူးလက်မှတ်များကိုသာ ထုတ်ပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။ ကိုယ်စား ထုတ်ယူသူများနှင့် နိုင်ငံကူးလက်မှတ် သက်တမ်းကျန်ရှိနေသေးသူများကို ရက်ချိန်းတိုကင်များ […]

မြန်မာ့နွေဦးတော်လှန်ရေးမှာ  မြန်မာပြည်သူလူထုနဲ့အတူ ရပ်တည်ပေးခဲ့တဲ့ ဘရန့်ဖို့ဒ်ကလပ်မှာ အငှားကစားဖို့ ဘက်ခမ်းရဲ့သား စာချုပ်ချုပ်

diz_admin

January 7, 2023

ကမ္ဘာကျော် ဘောလုံးမင်းသားဖြစ်ခဲ့သလို ဒီကနေ့အထိလည်း ပုံရိပ်အရ အောင်မြင်မှုတွေ ရနေဆဲဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်းရဲ့သားဖြစ်သူ ရိုမီယို ဟာ ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖို့ဒ်ရဲ့ B အသင်းမှာ အငှားကစားပေးဖို့ စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။ ရိုမီယိုဟာ သူ့ရဲ့ဖခင် တည်ထောင်ထားတဲ့ အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမီယာမီရဲ့ II အသင်းကနေ ဘရန့်ဖို့ဒ် B အသင်းဆီကို အငှားပြောင်းရွှေ့ကစားတာလို့ သတင်းကြားသိရပါတယ်။  MLS Next Pro လိဂ်ပြိုင်ပွဲမှာ အင်တာမီယာမီ II အသင်းက ပါဝင်ယှဉ်ပြိုင်နေပြီး လက်ရှိမှာ ပြိုင်ပွဲရပ်နားထားချိန်ဖြစ်လို့ ရိုမီယိုက ဘရန့်ဖို့ဒ် B အသင်းဆီကို အငှားပြောင်းရွှေ့ကစားတာလို့ ဆိုပါတယ်။ အသက် ၂၀ အရွယ် ရိုမီယိုဟာ ပြီးခဲ့တဲ့ သုံးလကတည်းက ဘရန့်ဖို့ဒ် အရန်အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနေခဲ့ပြီး လက်ရှိမှာတော့ […]

ထိုင်းတွင် ကားတိုက်ခံရသည့် မြန်မာလုပ်သား၏ ကိုယ်အင်္ဂါများကို ပေးလှူ

diz_admin

January 7, 2023

ထိုင်းနိုင်ငံ ရတ်ခ်ျဘူရီခရိုင်တွင် ယာဉ်တိုက်မှုကြောင့် သတိမေ့မြောကာ အခြေအနေဆိုးရွားနေသော မြန်မာအလုပ်သမားတစ်ဦး၏ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို အခြားလူနာများအား ကုသနိုင်ရန် မိသားစုဝင်များက လှူဒါန်းပေးခဲ့ကြောင်း ရတ်ခ်ျဘူရီဆေးရုံက ဇန်နဝါရီ ၆ ရက်က ထုတ်ပြန်သည်။ အသက် ၂၉နှစ်အရွယ် မွန်တိုင်းရင်းသား ကိုသန့်ဇင်ထွန်းသည် ထိုင်းနိုင်ငံတွင် ကြက်ဥရောင်းချသည့်အလုပ်ကို လုပ်ကိုင်နေသူဖြစ်သည်။ ဇန်နဝါရီလ ၃ ရက်နေ့တွင် ၎င်းစီးလာသည့် မော်တော်ဆိုင်ကယ်နှင့် ပစ်ကပ်ကားတို့ တိုက်မိခဲ့ပြီး ဒဏ်ရာ အပြင်းအထန်ရရှိကာ ပါထော့ဆေးရုံမှတစ်ဆင့် ရတ်ခ်ျဘူရီဆေးရုံသို့ သတိမေ့မြောနေပြီး စိုးရိမ်ရအခြေအနေဖြင့် ရောက်ရှိလာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ဦးနှောက်နှင့် လည်ပင်းရိုးများကို ဓါတ်မှန်ရိုက် စစ်ဆေးခဲ့ရာ လည်ပင်းရိုး အထက်ပိုင်းတွင် နေရာရွှေ့သွားသည်ကို တွေ့ရှိခဲ့ရသဖြင့် လူနာ၏အခြေအနေသည် အချိန်တိုအတွင်း လျင်မြန်စွာ ဆိုးရွားလာနိုင်သည်ကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။ ဆေးရုံဆရာဝန်အဖွဲ့က လူနာ၏ […]

မြိတ်တွင် ဆိုင်ကယ်တိုက်ပြေးမှု ဆက်တိုက်ဖြစ်၊ အမျိုးသားတစ်ဦးသေဆုံး

diz_admin

January 7, 2023

မြိတ်မြို့တွင် ဆိုင်ကယ်တိုက်ပြေးမှုဆက်တိုက်ဖြစ်ခဲ့ပြီး အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ အမျိုးသမီးကြီးတစ်ဦးသည်လည်း ခြေနှစ်ဖက်စလုံးကျိုးခဲ့ရကြောင်း ပရဟိတအသင်းများနှင့် မြို့ခံများ ထံမှသိရသည်။ ဇန်နဝါရီ ၆ ရက်ည ၁၀ နာရီခွဲဝန်းကျင်က မြိတ်မြို့၊ ထားဝယ်ကမ်းနားမီးပွိုင့်အနီးတွင် လမ်းလျှောက်နေသည့် အသက် ၆၀ ကျော်အရွယ်အမျိုးသမီးကြီးတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး တိုက်သည့်တရားခံမှာ မောင်းပြေးသွားကြောင်း ရှင်သန်ခြင်း ပရဟိတကူညီရေးအသင်းထံမှ သိရသည်။ တိုက်ခံရသည့်အမျိုးသမီးကြီးမှာ ဒေါ်အာမီနာ ဟုသိရပြီး ခြေမျက်စိအထက်မှ ခြေနှစ်ချောင်းစလုံးကျိုးကာ ဆေးရုံတင်ထားရသည်ဟု ရှင်သန်ခြင်း ပရဟိတအသင်း ဥက္ကဋ္ဌ ကိုဝင်းနောင် ကပြောသည်။ “ဖွားဖွားရဲ့ နေရပ်လိပ်စာကိုတော့ လိုက်ရှာခိုင်းထားတယ်။ အသက်အန္တရယ်တော့ စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကပြောသည်။ အလားတူ ဇန်နဝါရီ ၅ ရက်ညနေတွင်လည်း မြိတ်မြို့၊ကမ်းနားလမ်း ပြည်တော်သာလှေဆိပ်အနီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ဆိုင်ကယ်အတိုက်ခံရပြီး  အတိုက်ခံရသည့်နေရာတွင် […]

စစ်တလင်းဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ အခုတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို ခမ်းခမ်းနားနား ကျင်းပပေးနိုင်တဲ့အဆင့်ဆီ ရောက်သွားပါပြီ

diz_admin

January 7, 2023

စစ်တလင်းမြေပြင်ဖြစ်ခဲ့ဖူးတဲ့ အီရတ်ဟာ လက်ရှိမှာတော့ ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် ခမ်းခမ်းနားနား လက်ခံကျင်းပပေးနိုင်တဲ့နိုင်ငံအဆင့်ဆီကို ပြုပြင်ပြောင်းလဲရေးတွေနဲ့အတူ တက်လှမ်းရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ အီရတ်ဟာ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့နိုင်ငံများဖလားပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခွင့်ရခဲ့တာဖြစ်ပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို မနေ့တုန်းက ခမ်းခမ်းနားနားနဲ့ ကျင်းပခဲ့တာဖြစ်ပါတယ်။ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားဓာတ်ပုံတွေကို အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာထက်မှာ မျှဝေမှု များပြားနေပြီး စစ်မြေပြင်ဖြစ်ခဲ့တဲ့နိုင်ငံရဲ့ခမ်းနားလှတဲ့အပြောင်းအလဲအရွေ့သစ်လို့ ခေါင်းစဉ်တပ် ချီးကျူးမှုတွေလည်း ရှိနေပါတယ်။ ၂၅ ကြိမ်မြောက် ပင်လယ်ကွေ့ဖလားပြိုင်ပွဲမှာ အုပ်စုနှစ်ခု ပါဝင်ပြီး အုပ်စု(က)မှာတော့ ဆော်ဒီအာရေဗျ၊ အီရတ်၊ အိုမန်နဲ့ ယီမင်၊ အုပ်စု(ခ)မှာတော့ ကာတာ၊ ကူဝိတ်၊ ဘာရိန်းနဲ့ ယူအေအီးတို့ ကျရောက်နေပါတယ်။ ပြိုင်ပွဲဖွင့်ပွဲနေ့မှာ အုပ်စု(က)က ပွဲစဉ် နှစ်ပွဲကို ယှဉ်ပြိုင်စေခဲ့ပြီး အီရတ်နဲ့ အိုမန်တို့က ဂိုးမရှိ သရေကျကာ ဆော်ဒီအာရေဗျက ယီမင်ကို နှစ်ဂိုး […]

မြိတ် တက်လက်ငယ်ရွာတွင် နေအိမ်မီးလောင်

diz_admin

January 6, 2023

မြိတ်မြို့နယ်၊ ပသောင်းကျေးရွာအုပ်စု၊ တက်လက်ငယ်ကျေးရွာတွင် ယနေ့ ညပိုင်းတွင် နေအိမ်တစ်လုံး မီးလောင်ကျွမ်းကြောင်း ဒေသခံများထံမှ သိရသည်။ ည ၈ နာရီခွဲဝန်းကျင်တွင် မီးစတင်လောင်ကျွမ်းပြီး ၉ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း ဒေသခံများက ပြောသည်။ “လောင်တဲ့အိမ်က ဓနိမိုးထရံကာ အိမ်ပါ။ ဘယ်လိုစလောင်တယ်ဆိုတာကတော့ စစ်ဆေးနေတုန်းပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ မီးလောင်ခဲ့သည့် အိမ်သည် တက်လက်ငယ်တံတားအနီး မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးနံဘေးတွင် တည်ရှိပြီး အိမ်ပိုင်ရှင်မှာ ဦးအေးဟန်ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ အဆိုပါမီးလောင်မှုကို မြိတ်ခရိုင်မီးသတ်စခန်းက ယာဉ်အုပ်စု မီးငြှိမ်းသတ်ရန် ထွက်ခွာသွားကြောင်းမြိတ်ခရိုင်မီးသတ်စခန်းထံမှ သိရသည်။ သို့သော် မီးလောင်မှုနှင့်ပတ်သက်ပြီး အသေးစိတ်ကိုမူ မသိရသေးပေ။

ရေးမြို့ ထွေအုပ်ရုံး ပစ်ခတ်ခံရ

diz_admin

January 6, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ယနေ့ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၆ နာရီဝန်းကျင်က ရေးမြို့လယ်ရှိ အဆိုပါရုံးကို ၄၀ မမဖြင့် လေးကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ ထိခိုက်မှုအခြေအနေကို အတိအကျမသိရသေးကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။ အဆိုပါရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် မြို့ပေါ်နှင့် မြို့အဝင်အထွက်များကို စစ်ကောင်စီက လုံခြုံရေး တင်းကျပ်ထားပြီး စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း မြို့ခံတို့ထံမှ သိရသည်။ “မနက်က သေနတ်သံကြားရပြီးတော့ မြို့ပေါ်မှာ လုံခြုံရေးတွေ တင်းကျပ်ထားတယ်။ စစ်ဆေးမှုတွေလည်း ရှိတယ်” ဟု မြို့ခံလူငယ်တစ်ဦးက ပြောသည်။ ရေးဘီလူးအဖွဲ့သည် ရေးမြို့ပေါ်က ဌာနဆိုင်ရာရုံးများကို မကြာခဏ ဝင်ရောက်ပစ်ခတ်လေ့ရှိပြီး လူထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်။ ယင်းအပြင် […]