ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံးတွင် လူဦးရေစာရင်းကောက်လုံခြုံရေး လိုက်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ပစ်သတ်ခံရ

diz_admin

January 9, 2023

လောင်းလုံးမြို့နယ် ကမြောကင်းရွာတွင် ယနေ့(ဇန်နဝါရီ ၉) နေ့လယ်ပိုင်းက လူဦးရေစာရင်းကောက် ယူနေသည့်အဖွဲ့မှ လုံခြုံရေးလိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲဝင်တစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံ များထံမှသိရသည်။ ပစ်သတ်ခံရသူမှာ စာရင်းကောက်လုံခြုံရေးအတွက် အရပ်ဝတ်ဖြင့်လိုက်ပါလာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “သေနတ်သံကြားပြီး လဲနေတာပဲသိတယ် ကျွန်တော်တို့သွားမကြည့်ရဲသေးဘူး”ဟု ၎င်းကပြောသည်။ ပစ်သတ်ခံရသူ မှ ဒုရဲအုပ် အဆင့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးဖြစ်သည်ဟု ပြော‌ဆိုနေကြသော်လည်း အဆိုပါပြောဆိုချက်ကို သီးခြားအတည်မပြုနိုင်သေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယင်းနေရာကို လာရောက်စစ်ဆေးနေပြီး ကမြောကင်းတံတားကို ယနေ့နေ့လယ် ၁၁ နာရီခွဲခန့်မှစပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည်။ ယခုနှစ်အတွင်း အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်အတွက် ယနေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ကောင်စီနှင့်ပူးပေါင်းအဖွဲ့များက တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းလိုက်လံကောက်ယူနေခြင်းဖြစ်သည်။ ကမြောကင်းတံတားပိတ်ထားခြင်းကြောင့် လောင်းလုံးနှင့်ထားဝယ် ဘက်ခြမ်းတွင် ခရီသွားပြည်သူ ရာချီပိတ်မိနေကြောင်း ယနေ့နေလယ် ၁ […]

ရေးတွင် ရဲအုပ်တစ်ဦး ပစ်သတ်ခံရ၊ မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရ

diz_admin

January 9, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့တွင် ယနေ့ နံနက်ပိုင်းက ရဲသတင်းတပ်ဖွဲ့မှ ရဲအုပ်တစ်ဦး ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ ယနေ့ ဇနနြဝါရီလ ၉ရကြ နံနကြ ၆ နာရီခှဲအခွိနခြန့ကြ ရဲအုပညြီညီဝငြးဆိုသူသညြ ဆိုငကြယဖြှင့သြှားနစဉြေ လကဝြှေ့ရုံအနီးတှငြ အမညမြသိသနတေသြမား နှဈဦးက ဆိုငကြယဖြှင့လြာရောကြ ပဈခတသြှားခဲ့ခှငြးဖှဈကှောငငြး ၎င်းငျးငြးတို့က ပှောသညြ။ ရဲအုပ်ညီညီဝင်းသည် ဦးခေါင်းကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးကြောင်း မြို့ခံတို့က ဆိုသည်။ အဆိုပါပစ်ခတ်မှုဖြစ်စဉ်တွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးလည်း ညာဘက်ရင်အုံ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု မြို့ခံတို့ထံမှ သိရသည်။ “မနက်က ဖြစ်သွားတဲ့ဖြစ်စဉ်မှာ ရဲအုပ်ကတော့ ပွဲချင်းပြီးသေသွားတယ်။ အဲဒီအနားမှာ ရှိနေတဲ့ မိန်းကလေးတစ်ဦး လည်း ထိသွားတယ်။ ဒဏ်ရာတော့ ပြင်းထန်တယ်လို့ပြောတယ်။ မော်လမြိုင်ဆေးရုံကို ပို့ထားတယ်” ဟု […]

‘လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ’

diz_admin

January 8, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ယနေ့ (ဇန်နဝါရီ ၈)ညတွင် ‘လွတ်လပ်ပြီးသား ငါတို့တိုင်းပြည် မလွတ်လပ်သေးတဲ့ ဒို့လူထုတွေ’ ဆိုသည့် ခေါင်းစဉ်ဖြင့် ညသပိတ်ပြုလုပ်ခဲ့ကြသည်။

ကွယ်လွန်သွားသူ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ မိသားစုအတွက် ချန်ထားရစ်ခဲ့တဲ့အမွေ

diz_admin

January 8, 2023

ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီရဲ့အသားတင်ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး ဒါတွေဟာ တစ်နည်းပြောရရင် သူ့ရဲ့ကျန်ရစ်သူမိသားစုအတွက် အမွေပစ္စည်းအဖြစ် ကျန်ရစ်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ စပိန်သတင်းစာ Marca က ပီလီ ကွယ်လွန်သွားချိန်မှာ ပီလီရဲ့အသားတင်ကြွယ်ဝမှုနဲ့ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ အဖြစ် ကျန်ရှိနေခဲ့တယ်လို့ ထုတ်ဖော်ရေးသားလိုက်တာဖြစ်ပါတယ်။ ဂန္ထဝင်ဘောလုံးသမားကြီး ပီလီဟာ ဘောလုံးကစားသမားဘဝကနေ အနားယူလိုက်ပြီးတဲ့နောက် အားကစားအသုံးအဆောင်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချတဲ့ နာမည်ကျော် Puma စီးပွားရေးလုပ်ငန်းစုနဲ့ လက်တွဲအလုပ်လုပ်ခဲ့ပြီး အဲ့ဒီကနေတဆင့် ဝင်ငွေတွေ ရရှိနေခဲ့တာပဲဖြစ်ပါတယ်။ ပီလီဟာ ၁၉၅၅ ခုနှစ် အသက် ၁၅ နှစ်အရွယ်ကတည်းက ဆန်းတို့စ်အသင်းနဲ့အတူ ဘောလုံးကစားသမားဘဝကို အစပြုခဲ့ပြီး ၁၉၅၆ ခုနှစ်အရောက်မှာ ဆန်းတို့စ်အသင်းက သူ့ကို စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ပီလီဟာ လက်ရှိကမ္ဘာ့ဘောလုံးသမိုင်းထဲမှာ […]

ထားဝယ် ဝကုန်းရွာက နေအိမ် ၁၀ ကျော် မီးရှို့ခံရ

diz_admin

January 8, 2023

ထားဝယ်မြို့နယ်၊ ဝကုန်းရွာတွင် နေအိမ်များ ယနေ့ နံနက်ပိုင်းမှ စတင်ကာ မီးရှို့ခံနေရပြီး ညနေပိုင်းအထိ မီးလောင်နေဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီ ၇ ရက်နေ့က သင်္ကန်းတုံးနှင့် ဝကုန်းရွာကြားတွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယနေ့ ဇန်နဝါရီလ ၈ ရက် နံနက် ၆ နာရီခန့်တွင်မူ စစ်ကောင်စီတပ်က ဝကုန်းရွာထဲသို့ ဝင်ရောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းသို့ဝင်ရောက်လာပြီးနောက် မိနစ် အနည်းငယ်အကြာတွင် မီးစလောင်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ ညနေ ၃ နာရီအထိ မီးလောင်နေဆဲ ဖြစ်ပြီး နေအိမ် ၁၅ လုံး ဝန်းကျင် မီးလောင်ပျက်စီး သွားပြီဖြစ် ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “မီးရှို့ခံရတဲ့နေအိမ်တွေက ပြာကျနေပြီ […]

မင်းသားရွာက မီးလောင်ပျက်စီးသည့် သက်တမ်းရင့်ကျွန်းသစ်သားကျောင်းဆောင် အသစ်ပြန်ဆောက်မည်

diz_admin

January 8, 2023

ရေဖြူမြို့နယ် မင်းသားကျေးရွာမှာ မီးလောင်ပျက်စီးသွားသော နှစ်သုံးဆယ်ကျော်သက်တမ်းရှိ ကျွန်းသစ်သား ကျောင်းဆောင်နေရာတွင် ကွန်ကရစ်ဖြင့် ကျောင်းဆောင်အသစ်ပြန်လည်ဆောက်လုပ်ရန်စီစဉ်လျှက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။ အဘယဝိသုဒ္ဓိ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းက ကျွန်းသစ်သားကျောင်းဆောင်ကြီးမှာ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၉ ရက်က မီးလောင်ပြီးပျက်စီးသွားခဲ့သည်။ ကျောင်းဆောင်အတွင်းရှိ ဆိုလာပြားနှင့် အားသွင်းထားသည့် ဘတ္တရီပေါက်ကွဲမှုဖြစ်ပြီး မီးစတင်လောင်ခြင်း ဖြစ်ကြောင်း ဒေသခံရွာသားတဦးက ပြောသည်။ မီးစတင်လောင်ချိန် ကျောင်းတွင် ဆရာတော်နှင့် အခြားဘုန်းတော်ကြီးများ ကွမ်းသီးကောက်သွားနေသဖြင့် ကျောင်းစောင့်ကိုရင် နှစ်ပါးသာ ကျန်ခဲ့သည်ဟု သိရပါသည်။ “မီးလောင်ပြီး ကျောင်းကတော့ ပြာကျသွားတယ်။ ဆရာတော်မှာရှိတဲ့ ငွေနည်းနည်းပါးပါးတော့ မီးထဲပါသွားတယ်” ဟု ၎င်းက ဆိုသည်။ မီးလောင်သွားသည့် ကျောင်းဆောင် ပြန်လည်တည်ဆောက်ရန်အတွက် ကံပေါက်တိုက်နယ်က သံဃာတော်များ စုပေါင်းပြီး ငွေသား ကျပ်သိန်းရှစ်ဆယ်ကျော်ကို ဇန်နဝါရီလ ၇ ရက်တွင် […]

မြိတ်တွင် ဆိုင်ကယ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်လာ

diz_admin

January 8, 2023

မြိတ်မြို့ရှိ လမ်းဆုံလမ်းခွများတွင် ဆိုင်ကယ်ဖမ်းဆီးမှု နေ့စဉ်ဆက်တိုက် ပြုလုပ်လာ‌နေကြောင်း မြို့ခံများကဆိုသည်။ ဒီဇင်ဘာလလယ်ခန့်မှစပြီး လက်ရှိအချိန်အထိ နေ့တိုင်းနီးပါး ဖမ်းဆီးမှုများရှိလာနေကြောင်း အငှားမော်တော်ဆိုင်ကယ်နှင့် သုံးဘီးယာဉ်မောင်းသူအချို့ကလည်းဆိုသည်။ “ဆိုင်ကယ်မဖမ်းတဲ့နေ့ မရှိဘူး၊ နေ့တိုင်း တစ်နေရာမဟုတ် တစ်နေရာ ဖမ်းနေတာတွေ့တယ်။ ကိုယ်မတွေ့တဲ့နေ့ဆို သူများလာပြောပြလို့ ဘယ်နေရာမှာ ဖမ်းနေလဲဆိုတာ သိရတယ်” ဟု မြို့သစ်ရပ်နေ အငှားမော်တော်ဆိုင်ကယ် မောင်းသူတစ်ဦးက ပြောသည်။ အဆိုပါ မော်တော်ဆိုင်ကယ်များ ဖမ်းဆီးရာတွင် ဦးထုပ်မဆောင်းခြင်း၊ နံပါတ်ပြားမတပ်ခြင်း၊ မှန်ကိုင်းမပါခြင်း၊ ယာဉ်နှင့်ယာဉ်မောင်း လိုင်စင်ပါ၊မပါ စသဖြင့် စစ်ဆေးဖမ်းဆီးနေခြင်းဖြစ်ကြောင်း မော်တော်ဆိုင်ကယ် စီးနင်းသူအချို့က ပြောပြသည်။ “အားလုံးစုံနေတာတောင် ဘီးခွန်မပါလို့ဆိုပြီး ဒဏ်ကြေး ‌ခြောက်ထောင်ပေးလိုက် ရသေးတယ်” ဟု အဖမ်းဆီးခံရသည့် မော်တော်ဆိုင်ကယ်သမားတစ်ဦးက ပြောသည်။ မြို့ပေါ်ရှိ နာရီစင်အနီး အိသပြေလမ်းဆုံ၊ ဗရာဂျီတောင်ကုန်းအဆင်း၊ ထားဝယ်ကမ်းတံတားထိပ်၊ […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 7, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား သုံးရာဝန်းကျင်သာပါဝင်သည့် လွတ်လပ်ရေးနေ့ လွတ်ငြိမ်း လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးရာ တွင် ထင်ရှားသူအချို့၊ သတင်းမီဒီယာသမားအချို့အပါအဝင် နိုင်ငံရေးအကျဉ်းသား ၃၀၀ ဝန်းကျင်သာ ပါဝင်သည်။ ၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီက အကျဉ်းသား ၇၀၁၂ ဦးကို ပုဒ်မ ၄၀၁ အရ ပြစ်ဒဏ်လျှော့ပေါ့သက်သာခွင့်ဖြင့်ကာ ပြန်လွှတ်ပေးခဲ့သည်။ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ၁၉ (စ) အရ ပြစ်မှုများ၊ လက်နက်မှု၊ မူးယစ် ဆေးဝါးအမှု၊ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုများ၊ ဘေးစီမံ […]