ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

January 6, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၃၁ ရက်နေ့မှ ဇန်နဝါရီ ၆ ရက်နေ့အထိ ပင်လယ်ဖျံကြီး အနားယူဖို့ နှစ်သစ်ကူးည မီးရှူးမီးပန်းလွှတ်တာကို အင်္ဂလန်မြို့ငယ်လေးက ပယ်ဖျက် ဆိပ်ကမ်းမှာ အိပ်ပျော်နေတဲ့ ပင်လယ်ဖျံကြီးတစ်ကောင် အိပ်ရေးမပျက်စေဖို့နဲ့ အနားယူနိုင်ဖို့ အင်္ဂလန်နိုင်ငံ စကာဘရော့မြို့ငယ်လေးဟာ နှစ်သစ်ကူးည မီးရှူးမီးပန်း ပစ်ဖောက်မယ့် အစီအစဉ်တွေကို ဖျက်သိမ်းပစ်ခဲ့ပါတယ်။ သော် (Thor) လို့ အမည်ပေးထားတဲ့ အာတိတ်ဒေသ ပင်လယ်ဖျံကြီးဟာ ပင်လယ်ဆိပ်ကမ်းမြို့ကို ဒီဇင်ဘာ ၃၁ ညမှာ ရောက်ရှိလာခဲ့ပြီး မြောက်ဘက်ပင်လယ်တွေကို ဦးတည်သွားမယ်လို့ ယုံကြည်နေကြပါတယ်။ ပင်လယ်ဖျံကြီး ခရီးဆက်ဖို့အတွက် အနားယူ၊ အားမွေးဖို့ လိုအပ်တာကြောင့် ဆိပ်ကမ်းမှာ အိပ်ပျော်နေတုန်း အိပ်ရေးမပျက်ရလေအောင် ဆူညံသံတွေ […]

ရန်ကုန်-မြိတ် ခရီးသည်တင်ယာဉ်တစ်စီး သထုံတွင် မိုင်းဆွဲပစ်ခတ်ခံရ

diz_admin

January 6, 2023

ရန်ကုန်-မြိတ် ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်တစ်စီး မွန်ပြည်နယ်၊ သထုံမြို့နယ် ကမာစိုင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းတွင် မိုင်းဆွဲခံရပြီး သေနတ်ဖြင့်လည်းပစ်ခတ်ခံရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ရန်ကုန်ဘက်မှ မော်လမြိုင်ဘက်သို့ မောင်းနှင်လာသော သီဟမင်း ခရီးသည်တင်ယာဉ်သည် ဇန်နဝါရီလ ၅ ရက် ည ၁၀ နာရီဝန်းကျင်ခန့်က ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်းကျေးရွာအနီးအရောက်တွင် ယင်းသို့ ဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ခရီးသည်တင်ကား မိုင်းဆွဲခံရပြီး သေနတ်ဖြင့်ပါ ပစ်ခတ်ခံရမှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။ “ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးတော့ သေနတ်နဲ့ပါ ပစ်တယ်လို့ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ကို လူမှုကူညီကယ်ဆယ်ရေးအသင်းတို့၏ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ဆေးကုပေးနေကြောင်း ဒေသခံတို့ထံမှ […]

လောင်းလုံး သကျက်တောရွာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ နေအိမ်နှစ်လုံးနှင့် တဲတစ်လုံး မီးရှို့ခံရ

diz_admin

January 6, 2023

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောရွာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နေအိမ်နှစ်လုံးနှင့် ထန်းရည်တဲတစ်လုံး မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီခန့်တွင် သကျက်တောနယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ထန်းရည်လာဝယ်တဲ့ရဲကို ချောင်းပြီးပစ်တာကနေ စဖြစ်တာ။ ရဲတွေက အမြဲတမ်း (ထန်းရည်) လာဝယ်နေကျပဲ အဲဒီဆိုင်မှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ သကျက်တောနာရေးကူညီမှုရုံးအနီးတွင်ဖြစ်သည်။ အနီးနားရှိ ဒေသခံများမှာ ပစ်ခတ်သံများကြောင့် ထွက်ပြေးသွားချိန်တွင် နေအိမ်နှစ်လုံးနှင့် ထန်းရည်တဲကို စစ်ကောင်စီတပ်က မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ နာရေးကူညီမှုရုံးအနီးရှိ သံပန်း၊ သံတံခါးလုပ်ကိုင်နေသော ဓနိမိုး၊ ဝါးထရံကာ နေအိမ်တစ်လုံး၊ သံချဲ့စက်ငှားရမ်းခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် တစ်ထပ်တိုက်အိမ်တစ်လုံးနှင့် ထန်းရည်တဲတို့ […]

တိုင်းအတွင်း ဂတ်စ်ဈေးကျ

diz_admin

January 6, 2023

ကမ္ဘာ့ဂတ်စ်ဈေးကွက်တွင် ဈေးကျလာသဖြင့် တိုင်းတွင်းဂတ်စ်ဈေးလည်း လိုက်ပါ၍ကျဆင်းလာကြောင်း တိုင်းအတွင်း ဂတ်စ်တင်သွင်းဖြန့်ဖြူးနေသူများနှင့် အရောင်းကိုယ်စားလှယ်အချို့က ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က ဂတ်စ်ဈေးမှာ ၄၈ ကီလိုလျှင် ၁၄၆,၀၀၀ ကျပ်ရှိရာမှ ဇန်နဝါရီလ ၅ ရက်နေ့တွင် ၁၃၈,၀၀၀ ကျပ်သို့ ကျဆင်းလာကြောင်း ဂတ်စ်တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်၊ ဩဂုတ်လများက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဈေးကွက်အတွင်း ဂတ်စ်ပြတ်လပ်ခဲ့ပြီးနောက် တိုင်းအတွင်း ဂတ်စ်ဈေးနှုန်းမှာလည်း ၄၈ ကီလိုလျှင် ကျပ် နှစ်သိန်းခန့်အထိ မြင့်တက်သွားခဲ့သည်။ ယင်းနောက်တွင် ဂတ်စ်များ ပြန်လည်ရရှိပြီးနောက် မြိတ်၊ ထားဝယ် ဈေးကွက်တွင်ပါ ဈေးနှုန်းများ တဖြေးဖြေး ပြန်လည်ကျဆင်းလာခြင်းဖြစ်ကြောင်း ဂတ်စ်တင်သွင်း ဖြန့်ဖြူးရောင်းချနေသူများထံမှ သိရသည်။ “မနေ့ကမှ ဈေးကျတယ်။ ၁၉၅၀၀၀ ကနေ တဖြေးဖြေးနဲ့ […]

ပုလောတိုက်ပွဲအတွင်း ကာကွယ်ရေးတပ်သားတစ်ဦးကျဆုံး

diz_admin

January 6, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ် တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်သားတစ်ဦး ကျဆုံးကြောင်း ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF – Palaw) က ထုတ်ပြန်သည်။ ဇန်နဝါရီလ ၃ ရက် နံနက်က ကြဲကျေးရွာနှင့် တပိုကျေးရွာဖက်သို့ တက်လာသည့် စစ်ယာဉ်တန်းအား မိုင်းထောင်ရန် သွားသည့်လမ်းတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပြီး ကျဆုံးခဲ့ရကြောင်း ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ KPDF ဘက်ကမူ ရဲဘော်တစ်ဦးကျဆုံးပြီး M 16 တစ်လက်၊ ပစ္စတိုတစ်လက်နှင့် ကျည်ဘောက်နှစ်ခုအပါအဝင် ကျည်ဆံအချို့ ဆုံးရှံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ KPDF နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားပြီး ကျဆုံးခဲ့ရသည့် ရဲဘော်အမည်ကိုမူ ဖော်ပြထားခြင်း […]

မြိတ်တွင် အုပ်ချုပ်ရေးမှူးများ တစ်ပတ်အတွင်းနုတ်ထွက်ရန် နောက်ဆုံးအကြိမ်သတိပေးသည်ဟု ပကဖဆို

diz_admin

January 6, 2023

မြိတ်တွင် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ အပါအဝင် ရာအိမ်မှူးများ၊ ပျူစောထီးများနှင့် သတင်းပေးများ တစ်ပတ်အတွင်း နုတ်ထွက်ပေးရန် သတိပေးကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) က ဇန်နဝါရီလ ၅ ရက်က ထုတ်ပြန်သည်။ ယခုတစ်ကြိမ်မှာ နောက်ဆုံးအနေဖြင့် သတိပေးခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ သတိပေးသည်ကို မလိုက်နာဘဲ ဆက်လက်လုပ်ဆောင်နေလျှင် အဆိုပါပုဂ္ဂိုလ်များ၏ အသက်အန္တရာယ်ကို အာမခံမည် မဟုတ်ပါကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ၂၀၂၂ နှစ်ဆန်းပိုင်းတွင်လည်း မြိတ် (ပကဖ) က နုတ်ထွက်ကြရန် သတိပေးသည့် အလားတူ ထုတ်ပြန်ချက်မျိုး ထုတ်ပြန်ခဲ့ဖူးသည်။ ယင်းသို့ထုတ်ပြန်ပြီးနောက် ၂၀၂၂ ဖေဖော်ဝါရီလမှစတင်ကာ ဩဂုတ်လကုန်အထိ မြိတ်မြို့နေရာအနှံ့တွင် ပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများကို ဆယ်ကြိမ်ထက်မနည်း ရှိခဲ့သည်။ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် မြိတ်မြို့၊ […]

လောင်းလုံး သကျက်တောတွင် ရွာမီး‌လောင်နေ၊ ရှို့မီးဖြစ်နိုင်ဟုဆို

diz_admin

January 6, 2023

လောင်းလုံးမြို့နယ် သကျက်တောကျေးရွာ နာရေးကူညီမှူရုံးအနီးတွင် မီးလောင်နေကြောင်း ရှို့မီးဖြစ်နိုင်ကြောင်း မျက်မြင်တွေ့ခဲ့ရသည့် ခရီးသည်အချို့ကပြောသည်။ ယနေ့ (ဇန်နဝါရီ ၆) နံနက် ၁၀ နာရီကျော်အချိန်တွင် မီးလောင်နေသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်သည်။ “မီးလောင်နေတာက နာရေးကူညီမှုရုံးထင်တယ်။ အဲရုံးနားကနေ မီးခိုးလုံးကြီးတွေ တက်နေတာမနည်းဘူး။ မီးရှို့တာလို့ ပြောနေတာကြားရတယ်” ဟု မျက်မြင်တွေ့သူတစ်ဦးကဆိုသည်။ မီးလောင်နေသည်မှာ နာရေးကူညီမှုရုံးဟုတ်မဟုတ်နှင့် မည်သည့်အကြောင်းရင်းကြောင့် မီးလောင်‌နေသည်ကို ဆက်လက်မေးမြန်းစုံစမ်းနေဆဲဖြစ်သည်။ မီးလောင်နေသည့်နေရာအနီး ထားဝယ် ရှင်မော် ကားလမ်းမပေါ်တွင်လည်း စစ်ကောင်စီတပ်သားတစ်ဦးက လက်နက်ကိုင်စောင့်ကြပ်နေပြီး ခရီးသည်များကို ဖြတ်သန်းသွားလာခြင်းမပြုရန် တားမြစ်နေကြောင်း သိရသည်။ ဖြတ်သန်းသွားလာခွင့်ပိတ်ထားသည့်အချိန် လူငယ်အမျိုးသားတစ်ဦးက ဆိုင်ကယ် ဖြတ်မောင်းသွား၍ သေနတ်ဖြင့် ပစ်ခတ်လိုက်ကြောင်းဆိုသည်။ “သေနတ်နဲ့ နှစ်ချက်ဆင့်ပစ်လိုက်တာမြင်လိုက်တယ်။ ထိသွားလား၊ မထိဘူးလားတော့ မသိဘူး” ဟု ၎င်းကဆိုသည်။ သကျက်တောရွာ လမ်းဘေးရှိ နေအိမ်များအားလုံး […]

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ခြောက်ဆယ်ပါဝင်

diz_admin

January 5, 2023

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထားဝယ်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသား ၉၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ ၆၀ ဦးပါဝင်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဇန်နဝါရီ ၅) ထုတ်ပြန်သည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထောင်ချခံရသည့် 7 day သတင်းထောက်ဟောင်း စိုင်းကိုကိုထွန်း၊ တပ်ပေါင်းစုသပိတ်ကော်မတီ၊ ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ အထွေထွေအတွင်းရေးမှူး ထူးမြတ်လွင်၊ ရှေ့နေ ဒေါ်စန္ဒာချိုနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ အခြားနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပါဝင်ခဲ့သည်။ “သူတို့ ပြန်လွတ်လိုက်တာက သူတို့ စိတ်တိုင်းကျချုပ်ထားပြီးပြီ၊ တစ်နှစ်အောက်ပဲ ကျန်ပြီ၊ ဒီတိုင်းလည်း ပြန်လွတ်ဖို့ လူတွေပဲ၊ အခုလက်ရှိ သူတို့စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် မျက်နှာပန်းလှအောင် ဖော်ရှိုး(ဟန်ပြ)တစ်ခုလုပ်ပြတာပေါ့နော်” ဟု ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ရှိသူက ပြောသည်။ စစ်ကောင်စီက […]