ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပုလောတွင် ခရီးသည်ကားနှင့်ပါလာသည့် စစ်ကောင်စီတပ်သားတစ်ဦး ဖမ်းဆီးခံရဟုဆို

diz_admin

January 4, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ခရီးသည်တင်ကားဖြင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားတဦး ဖမ်းမိကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်က ယနေ့ ဇန်နဝါရီလ ၄ရက် မွန်းလွဲတွင် ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂ ရက်နေ့ ညနေပိုင်းက ခရီးသည်တင်ကားဖြင့် ပြည်သာများနှင့်အတူ ရောနှောလိုက်ပါလာသည့် တပ်ရင်း (၅၅၆) မှ အသက် ၁၉ နှစ်အရွယ် စစ်ကောင်စီတပ်သား အောင်အောင်ဆိုသူကို ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပုလောမြို့နယ်၊ သင်္ကန်းတောရွာအနီး ပြည်ထောင်စုလမ်းမပေါ်တွင် ယာဉ်များကို ပုလောဒေသကာကွယ်ရေးတပ်က စစ်ဆေးစဉ် ဖမ်းမိခြင်းဖြစ်သည်ဟု ဆိုသည်။ ၎င်းကိုစစ်ဆေးရာ ဖုန်းတစ်လုံးနှင့် ငွေကျပ်နှစ်သောင်းတွေ့ရှိပြီး လက်ရှိတွင် ပုလောကာကွယ်ရေးတပ် (PRDF) က ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ ရက်ကလည်း ခရီးသည်တင်ကားနှင့် လိုက်ပါလာသည့် […]

လွတ်လပ်ရေးနေ့ အကျဉ်းသား၊ အကျဉ်းသူ ခုနှစ်ထောင်ကျော်ကို ပြန်လွှတ်ပေး

diz_admin

January 4, 2023

လွတ်လပ်ရေးနေ့အထိမ်းအမှတ်နေ့အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ခုနှစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးလိုက်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။ ယနေ့ ဇန်နဝါရီလ ၄ရက်တွင် ကျရောက်သည့် ၇၅နှစ်မြောက် စိန်ရတုအထိမ်းအမှတ်နေ့တွင် နိုင်ငံတဝှမ်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် အကျဉ်းကျနေသည့် အကျဉ်းသား၊ အကျဉ်းသူ ၇၀၁၂ ဦးကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။ လူသတ်မှု၊ မုဒိမ်းမှု၊ ပေါက်ကွဲစေတတ်သောဝတ္ထုပစ္စည်းများအက်ဥပဒေ ၁၉ (စ) အရ ပြစ်မှုများ၊ လက်နက်မှု၊ မူးယစ် ဆေးဝါးအမှု၊ အဂတိလိုက်စားမှု၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပုဒ်မများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ ပြစ်မှုများ မဟုတ်သည့် အခြားပုဒ်မများဖြင့် ထောင်ဒဏ်ကျခံနေရသူများကို ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့်ဖြင့် ပြန်လွှတ်ပေးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ လွတ်ငြိမ်းသက်သာခွင့်ရသူများသည် နောက်တစ်ကြိမ်ပြစ်မှုကျူးလွန်လျှင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံရမည်ဟုဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ […]

သရက်ချောင်းက ရွာအချို့တွင် ရော်ဘာခြစ်တောင်သူများ ထောက်ခံစာဖြင့်သွားလာရ

diz_admin

January 4, 2023

သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာအပါအဝင် ရွာအချို့တွင် ရော်ဘာခြစ်တောင်သူများမှာ ထောက်ခံစာ ပြသနိုင်မှသာ ခြံသို့ သွားရောက်ခွင့်ရကြောင်း ဒေသခံများထံမှ သိရသည်။ စော်ဖျားရွာ၊ မိုးရွှေကုန်းရွာ၊ ကျောက်လှေကားရွာတို့တွင် ရော်ဘာခြစ်တောင်သူများကို ထောက်ခံစာ ပြုလုပ်ရန်၊ သက်တမ်းတိုးရန်တို့ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ပူးပေါင်းကာ ပြုလုပ်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ ရော်ဘာခြစ်နေသူမှန်ကန်ကြောင်း ထောက်ခံစာတွင် လိုင်စင်ဓာတ်ပုံ၊ မှတ်ပုံတင်အမှတ်၊ ခွင့်ပြုသည့် ရက်စွဲတို့ပါဝင်ပြီး ကျေးရွာအုပ်ချုပ်ရေးလက်မှတ်ထိုး ထုတ်ပေးခြင်ဖြစ်ကြောင်း ရော်ဘာတောင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ထောက်ခံစာများကို ပြီးခဲ့သည့်နှစ် ရော်ဘာရာသီမှစတင်ကာ လုပ်ဆောင်ခဲ့ရကာ ယခုနှစ်တွင်လည်း ဆက်လက် လုပ်ဆောင်နေကြရပြီး သက်တမ်းကုန်လျှင် ပြန်တိုးနေကြရကြောင်း ၎င်းက ဆိုသည်။ ထောက်ခံစာသက်တမ်းမှာ ၁၅ ရက်သာဖြစ်ပြီး ၁၅ ရက်တစ်ကြိမ် ပျူစောထီးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များထံတွင် သက်တမ်းသွားတိုးရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။ လူတစ်ဦးအတွက် […]

ပုလောဒေသကာကွယ်ရေးတပ် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီး

diz_admin

January 4, 2023

ပုလောဒေသကာကွယ်ရေးတပ်က ဇန်နဝါရီလ ၃ရက်တွင် မူးယစ်ဆေးဝါးများ ထပ်မံဖမ်းဆီးခဲ့ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ လက္ကူးရွာတွင် နေထိုင်သူ ဦးဇော်ခိုင်ဆိုသူနှင့်အတူ စိတ်ကြွဆေးပြား လေးရာနီးပါး၊ ငွေရှစ်သိန်းခွဲကျော်၊ ဖုန်းနှစ်လုံး၊ ငှက်ကြီးတောင်ဓါးတစ်ချောင်းနှင့် လှံတစ်ချောင်းတို့ကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၇ ရက်နေ့က ပုလောမြို့နယ်၊ လက္ကူးရွာတွင် မူးယစ်ဆေးများနှင့် ရောင်းချနေသူ အမျိုးသား နှစ်ဦးကို ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ဖမ်းဆီးခဲ့ပြီးနောက် ဇန်နဝါရီ ၃ ရက်တွင် ထပ်မံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ဦးဇော်ခိုင်သည် မူးယစ်ဆေးဝါးကို နှစ်တာရှည်ရောင်းချခဲ့သူဖြစ်ပြီး အကြိမ်ကြိမ် သတိပေးခြင်းခံရသူလည်းဖြစ်ကြောင်း ထုတ်ပြန်ချက်က ပါရှိသည်။ မူးယစ်ဆေးဝါးများကို အမြစ်ပြတ်အောင် ဆက်လက်လုပ်ဆောင်သွားမည်ဟုလည်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) က ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပုလောမြို့နယ်ကျေးရွာအချို့တွင် WY စိတ်ကြွဆေးပြားကို […]

ထားဝယ်ထောင်က လွတ်လာသူများ

diz_admin

January 4, 2023

ထားဝယ်အကျဉ်းထောင်က လွတ်ငြိမ်းသက်သာခွင့်ရသည့် အကျဉ်းသားများ ယနေ့ ဇန်နဝါရီလ ၄ ရက် မွန်းလွဲ ၁နာရီဝန်းကျင်က လွတ်မြောက်လာသည်ကို တွေ့ရခြင်းဖြစ်သည်။ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ခုနစ်ထောင်ကျော်ကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လွှတ်ပေးရာ တနင်္သာရီတိုင်းက ၂၅၃ ဦးပါဝင်နေသည်။ ယနေ့ လွတ်မြောက်မည့်သူများတွင် ထားဝယ်အကျဉ်းထောင်က ၉၀ ဦး၊ မြိတ်က ၈၂ ဦး၊ ကော့သောင်းက ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းက ၂၂ ဦး၊ ကျောက်ဖြူတောင်နှင့် အခြားရဲဘက်စခန်းတစ်ခုက ၂၆ ဦး ပါဝင်နေသည်။ ထားဝယ်ထောင်က လွတ်လာသူများတွင် နိုင်ငံရေးအကျဉ်းသား ၃၄ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၁၂ ဦးပါဝင်ကြောင်း ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာမည့်သူများ ထောင်ဘူးဝတွင် စောင်းဆိုင်း

diz_admin

January 4, 2023

လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသော ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၉၀ ဦးခန့်မှာ ထောင်ဘူးဝတွင် စောင့်ဆိုင်းနေကြပြီဖြစ်ကြောင်း သိရသည်။ အကျဉ်းသား အကျဉ်းသူများကို လွှတ်ပေးမည်ဆိုသည့် သတင်းကြောင့် ထားဝယ်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များကလည်း စောင့်ဆိုင်းနေကြသည်။ လွတ်ငြိမ်းခွင့်ဖြင့် လွှတ်ပေးမည့် အကျဉ်းသား အကျဉ်းသူ ၉၀ ဦးတွင် နိုင်ငံရေးအကျဉ်းသား ၃၄ ဦးနှင့် နိုင်ငံရေးအကျဉ်းသူ ၁၂ ဦးပါဝင်သည်ဟု ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ “ထောင်ဘူးဝပြင် ရိပ်သာမှာ ရှိနေတယ်တဲ့၊ အမိန့်တစ်ခုကိုစောင့်နေတာလို့ ပြောတယ်၊ 7 day သတင်းထောက်ဟောင်း စိုင်းကိုကိုထွန်းလည်းပါတယ်” ဟု ၎င်းက ဆိုသည်။ နိုင်ငံရေးအမှုဖြင့် လွတ်ငြိမ်းခွင့်ရသူတွေမှာ ၅၀၅ ပုဒ်မဖြင့် ထောင်ဒဏ် ၂ နှစ်ကျခံထားရသူများဖြစ်ပြီး ၅၀၅ ပုဒ်မနှင့် တခြားအမှုတွဲရှိသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူများကိုမူ ၆ […]

တနင်္သာရီတိုင်းအတွင်း အကျဉ်းကျနေသူ ၂၅၃ ဦး ယနေ့လွတ်မည်

diz_admin

January 4, 2023

တနင်္သာရီတိုင်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသား ၂၅၃ ဦး ယနေ့ပြန်လွှတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ လွတ်မြောက်မည့်သူများမှာ ထားဝယ်အကျဉ်းထောင်မှ ၉၀ ဦး၊ မြိတ် ၈၂ ဦး၊ ကော့သောင်း ၃၃ ဦး၊ ဆင်ဖြူပြင်အကျဉ်းစခန်းမှ ၂၂ ဦး၊ ကျောက်ဖြူတောင်နှင့် အခြားရဲဘက်စခန်းတစ်မှ ၂၆ ဦးဖြစ်သည်။ ၎င်းတို့အထဲတွင် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို မသိရသေးပေ။ “ဘယ်လိုအကျဉ်းသားမျိုးပါလဲဆိုတာ အဲဒါတော့မသိဘူး။ အကျဉ်းဦးစီးဌာနရဲ့ မူဘောင်အတိုင်း လွှတ်ပေးတာပဲလေ” ဟု စစ်ကောင်စီခန့်တနင်္သာရီတိုင်း ပြော‌ရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကဆိုသည်။ နိုင်ငံရေးအကျဉ်းသားအချို့လည်း ပြန်လွတ်မည်ဟုသတင်းကြားထားသဖြင့် မိသားစုဝင်အချို့မှာ ထားဝယ်အကျဉ်းထောင်သို့ သွားရောက်စောင့်ဆိုင်းနေကြသည်။ “ကျွန်မတို့ရွာက သုံးယောက်လွတ်မယ်လို့တော့ပြောတယ်။ အခုထားဝယ်ကိုတက်သွားပြီ။ လွတ်မလွတ်သေသေချာချာတော့ မသိရသေးဘူး” ဟု ရေဖြူမြို့နယ်‌နေ နိုင်ငံရေးအကျဉ်သား မိသားစုဝင်တစ်ဦးကဆိုသည်။ ထားဝယ်အကျဉ်းထောင်အရှေ့တွင် ယနေ့နံနက် အစောပိုင်းကတည်းက လာရောက်စောင့်ဆိုင်းနေသူများ […]

လွတ်လပ်ရေးနေ့တွင် ရေဖြူမြို့ မြို့မဈေးအနီးဗုံးပေါက်

diz_admin

January 4, 2023

ရေဖြူမြို့ လွတ်လပ်ရေးကျောက်တိုင်နှင့် မလှမ်းမကမ်းတွင်ရှိသည့် ရေဖြူမြို့မဈေးအနီးတွင် ဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၄ ရက် နံနက် ၆ နာရီခန့်တွင် ပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “လူတော့ ထိခိုက်မှုမရှိနိုင်ဘူး။ ဈေးလည်းပုံမှန်ပဲ ရောင်းဝယ်နေကြတယ်။ ဘာမှထွေထွေထူးထူး မကြားရဘူး” ဟု မြို့ခံတစ်ဦးက ပြောဆိုသည်။ ဈေးနှင့် မလှမ်းမကမ်းတွင် လွတ်လပ်ရေးကျောက်တိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ အထက်တန်းကျောင်းတို့တည်ရှိသည်။ မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ဗုံးဖောက်ခွဲသည်ကို မသိ‌ရသေးပေ။ မြို့ခံအချို့ကမူ လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပနေသည့် ဌာနဆိုင်ရာများအား သတိပေးသည့်အနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်ဖောက်ခွဲခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။ လွတ်လပ်ရေးနေ့ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဗုံးပေါက်ကွဲမှုမတိုင်မီ ယနေ့ နံနက်အစောပိုင်းတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။