ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးရာကျော်ရှိသည်ဟုဆို

diz_admin

January 3, 2023

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ သုံးရာခုနှစ်ဆယ့်ငါးဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ဇန်နဝါရီလ ၃ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့အထိ ရရှိထားသည့်စာရင်းများအရ အမိန့်ချပြီးသည့် နိုင်ငံရေးအကျဉ်းသား ၂၈၂ ဦးရှိပြီး ထောင်တွင်း တရားရင်ဆိုင်ဆဲ ၂၇ ဦးရှိကြောင်း အထက်ပါ အဖွဲ့ကထုတ်ပြန်သည်။ အမိန့်ချပြီးသည့် နိုင်ငံရေးအကျဉ်းသူမှာ ၆၃ ဦး၊ တရားရင်ဆိုင်ဆဲ နိုင်ငံရေးအကျဉ်းသူမှာ ၃ ဦးရှိပြီး ပြန်လည်လွတ်မြောက်လာကြသည့် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူများ မပါဝင်သေးဟု ထုတ်ပြန်ချက်က ဆိုသည်။ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသား အကျဉ်းသူ ၂၀၀ ကျော်ရှိမည်ဖြစ်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်မှ တာဝန်ရှိသူက ဆိုသည်။ ထားဝယ်အကျဉ်းထောင်တွင် အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူများနှင့် လက်နက်ကိုင်ခုခံတော်လှန်သူများကို စစ်ကောင်စီက […]

မလေးရှားသွားမည့် မြန်မာလုပ်သား ၁၂ဦး ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

diz_admin

January 3, 2023

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ဦး ထိုင်း-မလေးရှားနယ်စပ် စွန်ခရာခရိုင်တွင် ယနေ့ (ဇန်နဝါရီ ၃) ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ စွန်ခရာခရိုင် စဒေါင်းဒေသ ထပ်ကိုးရွာ ထိုင်း-မလေးရှားနယ်စပ် ခြံစည်းရိုးအနီးတွင် ကားအနောက်ကို ရာဘာပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကားတစ်စီးကို အမှတ် (၅) ထိုင်းခြေမြန်တပ်ရင်းက စစ်ဆေးရာမှ ဖမ်းမိခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် အသက် ၁၈ နှစ်မှ ၄၉ နှစ်အရွယ်ရှိ မြန်မာအလုပ်သမား အမျိုးသား ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ထိုင်းနိုင်ငံသား ကားသမား နှစ်ဦးကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ရေးသားထားသည်။ မြန်မာအလုပ်သမားများသည် ရန်ကုန်မြို့မှ လာရောက်ကြခြင်းဖြစ်ပြီး နှစ်သစ်ကူးညတွင် တနင်္သာရီတိုင်းမှတစ်ဆင့် ပရာကျွတ်ခီရီခန်ခရိုင်အတွင်းသို့ နယ်စပ်ဖြတ်ကျော်ခဲ့ကာ မလေးရှားနိုင်ငံ စားသောက်ဆိုင်များတွင် လုပ်ကိုင်နိုင်ရန်အတွက် လာရောက်ကြခြင်းဖြစ်ကြောင်း […]

တနင်္သာရီတွင် တိုက်ပွဲဆက်ဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေ

diz_admin

January 3, 2023

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ တနင်္သရီမြို့နယ်တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဒီဇင်ဘာလ ၃၁ ရက်နှင့် ဇန်နဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားပြီး ယနေ့လည်း ဆက်လက် ဖြစ်ပွားနေခြင်းဖြစ်သည်။ တနင်္သာရီမြို့နယ်၊ သမီးလှရွာနှင့် ဘန်းကြုတ်ရွာဝန်းကျင်သို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ယနေ့ ဇန်နဝါရီလ ၃ ရက် နံနက်က ထိတွေ့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။ “ဒီမနက် ၉ နာရီလောက်က နှစ်ဖက်ပစ်ခတ်မှုတွေ ဖြစ်ကြတယ်။ နာရီဝက်လောက်တော့ ကြာတယ်။ အဲဒီနောက် စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ လက်နက်ကြီး ပစ်ခတ်မှုကြောင့်လည်း အနီးအနားကျေးရွာနေ ဒေသခံအချို့ ဘေးလွတ်ရာ […]

ကျွန်းစုတွင် ဂျင်းမွေးမြူသည့်ရွာ ပိုများလာ

diz_admin

January 3, 2023

ကျွန်းစုမြို့နယ်အတွင်းရှိ ကျေးရွာတို့တွင် ကျေးရွာပိုင် ဂျင်း (သွေးဂုံးခေါ် ခရုတစ်မျိုး) မွေးမြူသည့်ရွာ ပိုများလာနေကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ်မှစပြီး ကျေးရွာအစုအဖွဲ့ပိုင် ဂျင်းမွေးမြူရေးကို စတင်လုပ်ကိုင်ခဲ့ရာမှ အကျိုးအမြတ်ရရှိနေကြသဖြင့် မွေးမြူသည့်ရွာ တဖြေးဖြေးများလာကာ ၂၀၂၂ ခုနှစ်အတွင်း ပိုများလာကြောင်း ဂျင်းမွေးမြူနေသည့် ကျေးရွာအချို့က ဒေသခံများထံမှ သိရသည်။ “အရင်ကဆို ဆယ်ရွာမှာ နှစ်ရွာသုံးရွာပဲ မွေးကြတာ။ အခုနောက်ပိုင်း မနှစ်ကအထိဆို ဆယ်ရွာမှာ ရှစ်ရွာလောက် အထိကို မွေးလာနေကြတာ။ ရွာဘက်မှာဆို နေရာလွတ် မရှိတော့ဘူး။ တချို့လည်း တစ်ပိုင်တစ်နိုင်လို မွေးနေတာ တွေ ရှိတယ်” ဟု ကျွန်းစုမြို့နယ် မစမ်းပါးရွာနေသူတစ်ဦးက ပြောသည်။ ထို့အပြင် ကျေးရွာအချို့တွင် အစုအဖွဲ့ပိုင် ဂျင်းမွေးမြူရန်အတွက် ဂျင်းသားပေါက် ကီလိုချိန်ရာဂဏန်းမှ ‌ထောင်ဂဏန်းအထိ မှာယူထားသည့် ကျေးရွာအချို့ရှိနေကြောင်း […]

ဓနိဖက်ထိုးသူရှားပါးလာ၍ လုပ်အားခ ဈေးတက်

diz_admin

January 3, 2023

ထားဝယ်ဒေသထွက် ဓနိဖက်ရာသီအစ လုပ်သားရှားပါးမှုကြောင့် လုပ်အားခဈေးပိုပေးနေရကြောင်း ဓနိဖက်လုပ်ငန်း လုပ်ကိုင်သူတို့ထံမှ သိရသည်။ ပြီးခဲ့သည့်နှစ်က ဓနိဖက်တံ အချောင်း တစ်ထောင်ကို ထိုးခအနေဖြင့် ကျပ် တစ်သောင်းခွဲခန့်ပေးရသော်လည်း ယခုနှစ်တွင် ကျပ်တစ်သောင်းရှစ်ထောင်ခန့်ပေးရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောသည်။ “ယခုနှစ်က အိမ်မှာလာထိုးဆိုပြီး ခေါ်လို့မရဘူး။ ဘာဖြစ်လို့လဲဆို လုပ်သားကလည်းရှားပါးတယ်။ အိမ်တိုင်ရာရောက် ကုန်ကြမ်းဖြစ်တဲ့ ဓနိဖက်ကို သွားချပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။ အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာသည့် ပဋိပက္ခများနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် ဒေသတွင်း ဖက်ထိုး လုပ်ငန်း လုပ်ကိုင်ကြသည့် အမျိုးသမီးအများစုမှာ ထိုင်း၊ မလေးရှားနိုင်ငံများသို့ ရွှေ့ပြောင်းလုပ်သားအဖြစ် သွားရောက် လုပ်ကိုင်ကြနေကြသည်။ ထို့ကြောင့် လုပ်သားရှားပါးလာခြင်းဖြစ်သည်ဟု ဆိုသည်။ “ကျွန်မတို့ရွာမှာဆို အရင်က ဖက်ထိုးရာသီဆို အမျိုးသမီးအစုလိုက်ဖွဲ့ပြီး လိုက်ထိုးကြတယ်။ ညဖက်ဆို ရှစ်နာရီ ကိုးနာရီအထိ၊ အခုက […]

DDPC ဈေးဝယ်စင်တာအနီး ဗုံးတွေ့

diz_admin

January 3, 2023

ထားဝယ်မြို့ DDPC ဈေးဝယ်စင်တာအနီးတွင် ယနေ့(ဇန်နဝါရီ ၃) မနက်ပိုင်းက ဗုံး ဟုယူဆရသည့်အရာတစ်ခု တွေ့ရှိခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများထံမှသိရသည်။ ယနေ့နံနက်နက် ကိုးနာရီဝန်းကျင်ခန့်တွင် ထားဝယ်မြို့ ကမြောကင်းလမ်းနှင့် ကမ်းနားလမ်းထောင့် DDPC ဈေးဝယ်စင်တာအနီးတွင် စားအုန်းဆီပုံးဝါဖြင့် ထည့်ထားသော ဗုံးဟုယူဆရသည့် အရာဝတ္ထုတစ်ခုကို စစ်ကောင်စီတပ်သားများ ရှင်းလင်းနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်။ “ကမ်းနားလမ်းဘက်ပေးမဝင်ဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ကာထားတယ်။ ဗုံးတွေ့လို့ရှင်းနေတယ် လို့သိရတယ်ဟု”ထိုသူကပြောသည်။ စစ်ကောင်စီတပ်သားများက ဗုံးဟုယူဆရသည့် အဆိုပါအရာဝတ္တုကို ရှင်းလင်းနေစဉ် ကမ်းနားလမ်းကို နာရီဝက်ခန့်ပိတ်ထားပြီးနောက် ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဟု ခရီးသွားပြည်သူများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေများကို Dawei Watch အနေဖြင့်မသိရသေးပေ။ ပြီးခဲ့သည် ဒီဇင်ဘာလ ၄ ရက်နေ့ ကလည်း ယခုဗုံးတွေ့ရှိရသည့်နေရာနှင့် မလှမ်းမကမ်း ကမြောကင်းလမ်းမပေါ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ခရီးသွားအမျိုးသမီးနှစ်ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သေးသည်။

ပုလော၊ မီးလောင်ချောင်းရွာအနီး တိုက်ပွဲကြောင့် ခရီးသည်ကားအများအပြားပိတ်မိနေ

diz_admin

January 2, 2023

ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာအနီး တိုက်ပွဲဖြစ်နေသဖြင့် မြိတ်ဘက်သို့သွားသည့် ကုန်ကားအပါအဝင် ခရီးသည်တင်ကား အမြောက်အများ ပိတ်မိနေကြောင်း ခရီးသည်များထံမှ သိရသည်။ ရန်ကုန်မှဆင်းလာသည့်ကားများ ယခုည ၈ နာရီဝန်းကျင်တွင် မီးလောင်ချောင်းရွာအနီး ပိတ်မိနေခြင်းဖြစ်ပြီး ကားအစီးရေး ၈၀ ခန့်ရှိကြောင်း ခရီးသည်များက ပြောသည်။ ယင်းကားတန်းတွင် ယနေ့နံနက်က မွန်ပြည်နယ်အတွင်း ဓားပြတိုက်ခံရသည့် ခရီးသည်တင်ကားလည်း ပါဝင်နေကြောင်း ခရီးသည်များထံမှ သိရသည်။ အဆိုပါကားတန်းမှာ ညနေပိုင်းကလည်း ပလမြို့အနီးဝန်းကျင်တွင် တစ်ကြိမ်ပိတ်မိခဲ့သေးကာ ည ၈နာရီဝန်းကျင်တွင် ထပ်မံပိတ်မိနေခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ကားတန်းကတော့ အရှည်ကြီးပဲ ပိတ်မိနေတာ။ ကားသမားကတော့ ရသလောက်မောင်းပေးမယ်။ မရရင်တော့ ညအိပ်မယ် ဆိုပြီးပြောတယ်” ဟု ခရီးသည်အမျိုးသမီးတစ်ဦးက ပြောသည်။ မီးလောင်ချောင်းရွာသည် ပုလောမြို့နယ် ပလမြို့နယ်ခွဲအတွင်းရှိပြီး မြိတ်မြို့နယ်နှင့် ပလမြို့နယ်ခွဲအစပ်တွင် ရှိသည့် […]

သရက်ချောင်း ရွာသုံးရွာက ဒေသခံလေးဦးဖမ်းဆီးခံရ၊ နှစ်ဦးသာပြန်လွတ်

diz_admin

January 2, 2023

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်စံပြ၊ ရန်တောင်နှင့် သရက်နှစ်ခွကျေးရွာတို့က ဒေသခံလေးဦး ဖမ်းဆီးခံရပြီး နှစ်ဦးသာ ပြန်လွတ်လာသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ ဇန်နဝါရီလ ၁ ရက် နေ့လယ် ၁၂ နာရီခန့်က ထားဝယ်-မြိတ်ကားလမ်းအတိုင်း ထားဝယ်ဘက်မှ သရက်ချောင်း ဘက်သို့ ဆင်းလာသည့် စစ်ကောင်စီတပ်ကား သုံးစီးမှာ လမ်းတစ်လျှောက် သေနတ်ပစ်ဖောက်ခြင်း၊ ဒေသခံများကို စစ်ဆေးခြင်း၊ ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ ယင်းသို့ ဖမ်းဆီးစစ်ဆေးခြင်းများ၊ သေနတ်ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဒေသခံများ အိမ်ထဲမှ အိမ်အပြင်ထွက်မကြည့်ရဲသည်အထိ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က‌ ဆိုသည်။ ကုန်စုံဆိုင်ထဲတွင် ဈေးဝယ်နေသည့် အမျိုးသားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးရာ တစ်ဦးမှာ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး တစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း ညောင်ဇင်ကျေးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။ “အဖမ်းခံရတဲ့ […]