ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တနင်္သာရီတွင် အမြှောက်တပ်နှင့် စစ်ဆေးရေးဂိတ်တို့ ပစ်ခတ်ခံရပြီးနောက် လက်နက်ကြီးဖြင့်ပြန်ပစ်

diz_admin

January 1, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် အမြှောက်တပ်တစ်ခုနှင့် မြို့အထွက်က တံတားစစ်ဆေးဂိတ်တို့ ပစ်ခတ်ခံရ ပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဇန်နဝါရီလ ၁ရက် နံနက် ၆ နာရီဝန်းကျင်က တနင်္သာရီမြို့အထွက်က ဗောဓိကမ်းတံတားရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်များ လာပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် စစ်ကောင်စီတပ်ဘက်က ညောင်ပင်ကွင်းကျေးရွာနှင့် ဘန်လောကျေးရွာတို့ဖက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း ၎င်းတို့က ဆိုသည်။ “တံတားစစ်ဆေးဂိတ်ကို လာပစ်ကြတာ။ စစ်တပ်ဘက်က သုံးဦးသေပြီး လက်နက်တစ်လက်လည်း ပါသွားတယ်လို့ ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ယင်းအပြင် ဒီဇင်ဘာလ ၃၁ ရက် နှစ်သစ်ကူးညကလည်း တနင်္သာရီမြို့နယ်၊ ကဒဲလိပ်ကျေးရွာအနီးရှိ အမြှောက်တပ်ကို ပြည်သူကာကွယ်ရေးတပ်များက လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

December 31, 2022

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ စစ်ဘေးရှောင်ဒုက္ခသည် နှစ်သန်းနီးပါးရှိလာပြီ မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနောက်ပိုင်း စစ်ဘေးရှောင်ဒုက္ခသည် နှစ်သန်းနီးပါးရှိလာပြီဖြစ်ကြောင်း သုတေသနအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP Myanmar) က ထုတ်ပြန်ထားသည်။ အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်ပွားနေသည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကြောင့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်အထိ ပြည်တွင်းစစ်ဘေးရှောင်ဒုက္ခသည် ၁,၉၁၂,၇၆၉ ဦးထက်မနည်း ရှိလာကြောင်း ဖော်ပြသည်။ ၂၀၂၂ ခုနှစ်တစ်နှစ်အတွင်းပင် ပြည်တွင်း စစ်ဘေးရှောင်ဒုက္ခသည် တစ်သန်းသုံးသိန်းခွဲကျော်ရှိသည်ဟုလည်း ဖော်ပြသည်။ ယင်းအပြင် အာဏာမသိမ်းမီနှင့် သိမ်းပြီးနောက်ပိုင်းတို့တွင် နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရတဲ့ စစ်ဘေးရှောင်ဒုက္ခသည် အရေအတွက်မှာလည်း တစ်သန်းကျော် (၁,၀၁၉,၁၉၀ ဦးထက်မနည်း) […]

ပုလောတွင် တိုက်ပွဲဆက်ဖြစ်

diz_admin

December 31, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကဒဲကျေးရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ရက် တိုက်ပွဲ ဆက်လက်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာလ ၃၀ ရက်က ပလမြို့အနီးဝန်းကျင်က ကျေးရွာများဖြစ်သည် တိုရွာ၊ သင်္ကန်းတော၊ တင်းရှင်းရွာတို့တွင် တိုက်ပွဲဖြစ်ပြီးခဲ့သည်။ ယင်းရွာများနှင့် တစ်ဆက်တည်း တည်ရှိသည့် ကဒဲရွာတွင် ယနေ့ ဒီဇင်ဘာလ ၃၁ နံနက် ၇ နာရီမှစတင်ကာ မွန်းလွဲ ၃ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများက ဆိုသည်။ “ဒီနေ့ ကဒဲကို ဝင်လာတိုက်တယ်။ စစ်တပ်ဘက်က တော်တော်အထိနာသွားတယ်လို့ကြားရတယ်။ မိုင်းတွေလည်း ဟိုနားက ပေါက်ဒီနားကပေါက်နဲ့။ ကဒဲလမ်းဆုံမှာလည်း မိုင်းထိတယ်လို့ ကြားရတယ်” ဟု ထွက်ပြေးတိမ်းရှောင်နေသည့် ကဒဲရွာသားတစ်ဦးက ပြောသည်။ ညနေ ၄ နာရီ […]

မြိတ်တွင် ငါးဖမ်းလှေမီးလောင်ပြီး လှေလုပ်သားသုံးဦးဒဏ်ရာရ

diz_admin

December 31, 2022

မြိတ်မြို့တွင် ငါးဖမ်းလှေတစ်စီး ယနေ့ ဒီဇင်ဘာလ ၃၁ ရက် နေ့လယ်ပိုင်းက မီးလောင်ကျွမ်းပြီး လှေလုပ်သားသုံးဦး မီးလောင်ဒဏ်ရာရကြောင်း အရေးပေါ်ကယ်ဆယ်ရေး ပရဟိတအသင်းများထံမှ သိရသည်။ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် လှေဝမ်းဗိုက်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကယ်ဆယ်ရာတွင်ပါဝင်ခဲ့သည့် ပရဟိတသမားတစ်ဦးက ပြောသည်။ “ဒဏ်ရာကတော့ စိုးရိမ်စရာတော့ မရှိပါဘူး။ ကျွန်တော်တို့ အခုဆေးရုံ ပို့လိုက်ပြီးပြီ” ဟု ၎င်းက ပြောဆိုသည်။ မည်သည့်အကြောင်းအရင်းကြောင့် မီးလောင်ကျွမ်းရသည်ကိုမူ တာဝန်ရှိသူများက စစ်ဆေးနေဆဲဖြစ်သည်ဟု ပရဟိတအသင်းများထံမှ သိရသည်။ မီးလောင်ရာသို့ မြိတ်ခရိုင်မီးသတ်တပ်ဖွဲ့နှင့် ရပ်ကွက်မီးသတ်တပ်ဖွဲ့ဝင်းများ လာရောက် မီးငြှိမ်းသတ်ပြီး မီးလောင်ပြီး တစ်နာရီအကြာတွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း ပရဟိတအသင်းများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက်ကလည်း မြိတ်ရေပြင်တွင် ရပ်နားထားသည့် စပိဘုတ်တစ်စီး မီးလောင်ခဲ့ သေးသည်။

ထားဝယ်တွင် ကြက်သွန်နီဈေးဆက်တိုက်ကျ

diz_admin

December 31, 2022

ထားဝယ်တွင် ဒီဇင်ဘာလ ပထမပတ်ကစပြီး နောက်ဆုံးပတ်အထိ ကြက်သွန်နီဈေး ဆက်တိုက်ကျဆင်းနေသည်။ ထားဝယ်တွင် ကြက်သွန်ဟောင်းပြတ်ချိန် တစ်ပိဿာ ငါးထောင်ဝန်းကျင်တွင် အတက်ဈေးဖြင့် မာနေသည့် ကြက်သွန်နီ ဈေးသည် ဒီဇင်ဘာလ ပထမပတ်ကစပြီး တစ်ပိဿာ ၄၇၀၀ ကျပ်ခန့် ဖြစ်လာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် တစ်ပိဿာ ၃၅၀၀ ကျပ်ခန့်သာ ဈေးရှိတော့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ “အဲဒါက လက်ရွေး (စိတ်ကြိုက်ရွေးဝယ်နိုင်တာ) ပါ။ အရင်က တစ်ပိဿာ ငါးထောင်နီးပါးထိ ဈေးတက်တာ” ဟု ထားဝယ်မုန့်လက်သုတ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ လက်ရှိထားဝယ် လက်လီလက်ကားဈေးကွက်တွင် ယခင်က ကျပ်သုံးသောင်းခွဲဝန်းကျင်ရှိသည့် ရိုးရိုးကြက်သွန် ဆယ်ပိဿာ တစ်အိတ်ကို ၂၇၀၀ဝကျပ် နှင့် ယခင်က လေးသောင်းဝန်းကျင်ခန့်ရှိသည့် မြစ်သား (အသန့်) […]

ပလမြို့အနီးတိုက်ပွဲတွင် ရွာသုံးရွာက နေအိမ်သုံးဆယ်ကျော် မီးရှို့ခံရ

diz_admin

December 31, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ် ပလမြို့အနီး တိုက်ပွဲဖြစ်ပွားရာတွင် ကျေးရွာသုံးရွာက နေအိမ်သုံးဆယ်ကျော် မီးလောင်ပြာကျသွားကြောင်း ဒေသခံများထံမှ သိရသည်။ ဒီဇင်ဘာ ၃၀ ရက်နေ့က စစ်ကောင်စီတပ် အင်အား ၂၀၀ ခန့် စစ်ကြောင်းဝင်ရောက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားရာ ပလမြို့ တိုရွာရှိ နေအိမ် ၂၁ လုံး၊ တန်းရှင်းရွာတွင် နေအိမ် နှစ်လုံးနှင့် သင်္ကန်းတောရွာတွင် နေအိမ် ခုနစ်လုံး မီးရှို့ခံရကြောင်း ဒေသခံများထံမှ သိရသည်။ “လူတွေကတော့ အထိအခိုက်ဒဏ်ရာရတာ မကြားရသေးဘူး။ အရပ်သား တစ်ဆယ်နီးပါးလောက်တော့ အဖမ်း ခံရတယ်လို့တော့ ကြားတယ်။ ကျွန်တော်တို့ရွာကချည်း ငါးဦးလောက်ပါ သွားတယ်။ ဖုန်းတွေပိတ်ထားတော့ ဘယ်သူ ဘယ်ဝါတွေဆိုတာ မသိရသေးဘူး” ဟု တိုရွာမှ ထွက်ပြေးတိမ်းရှောင်နေရသည့် အမျိုးသားတစ်ဦးက ပြောသည်။ ဒီဇင်ဘာလ ၃၀ ရက် […]

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

December 30, 2022

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဒီဇင်ဘာ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ ရုံတင်ငွေ ၁ ဘီလီယံ ရှိသွားပြီဖြစ်တဲ့ Avatar: The Way of Water ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်ရဲ့ Avatar နောက်ဆက်တွဲ ရုပ်ရှင်ဇတ်ကားဟာ အမေရိကန်မှာ ကန်ဒေါ်လာသန်း ၃၀၀ နဲ့ နိုင်ငံတကာမှာ ကန်ဒေါ်လာ သန်း ၇၀၀ နဲ့အတူ Box Office မှာ ရုံတင်ငွေစုစုပေါင်း ၁ ဘီလီယံ ရရှိထားပြီလို့ သိရပါတယ်။ Avatar: The Way of Water ရုပ်ရှင်ကားကို ဒီဇင်ဘာ ၁၆ ရက်နေ့က ရုံတင်ပြသခဲ့တာဖြစ်ပြီး နှစ်ပတ်အတွင်းမှာ […]

ဘီးလင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပစ်သတ်ခံရ

diz_admin

December 30, 2022

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကျားကွင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်းဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းကို အမည်မသိ သေနတ်သမားနှစ်ဦးက ဒီဇင်ဘာလ ၂၉ ရက် နံနက် ၇ နာရီခန့်တွင် နေအိမ်သို့ လာရောက်ပစ်ခတ်သွားကြောင်း ဒေသခံတို့က ပြောသည်။ ပစ်ခတ်ခံရမှုကြောင့် ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင် ရရှိသည့်ဒဏ်များဖြင့် အခင်းဖြစ်ပွားရာ နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။ “သေနတ်သမားတွေက သူ့အိမ်ရှေ့မှာပဲ လာပစ်သွားတယ်။ ခြောက်ချက်၊ ခုနစ်ချက်လောက် ပစ်ခံထိထားတော့ ပွဲချင်းပြီး သေသွားတယ်။ ပစ်တဲ့လူတွေက ဘယ်သူဘယ်ဝါတော့ မသိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။ အုပ်ချုပ်ရေးမှူး ဦးစောစိုးသိန်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်တို့က ကျေးရွာအတွင်း စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်နေသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ ကျားကွင်း ကျေးရွာအုပ်ချုပ်ရေးမှူးကို […]