ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပလမြို့အနီးတဝိုက်တွင် တိုက်ပွဲဆက်ဖြစ်၊ ကျေးရွာသုံးရွာတွင် မီးလောင်

diz_admin

December 30, 2022

မြိတ်ခရိုင်၊ ပလမြို့အနီးတစ်ဝိုက်တွင် တိုက်ပွဲများ ယနေ့ မွန်းလွဲ ၃ နာရီခွဲအထိဆက်လက်ဖြစ်ပွားနေသေးပြီး နေအိမ်မီးလောင်သည့် နေရာများလည်း ထပ်တိုးလာကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက် နံနက် ၁၀ နာရီမှစတင်ပြီး တိုရွာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ် တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး တိုရွာရှိနေအိမ်အချို့ မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ မွန်းလွဲ ၃ နာရီတွင်မူ မီးခိုးလုံးများ မမြင်ရတော့ကြောင်း ၎င်းတို့က ဆိုသည်။ ယင်းနောက် စစ်ကောင်စီတပ်က တန်းရှင်းရွာနှင့် သင်္ကန်းတောရွာများသို့လည်း ဝင်ရောက်နေကြောင်းဒေသခံများက ပြောဆိုသည်။ “သင်္ကန်းတော ရွာလယ်ကအိမ် အခုမီးစလောင်နေပြီ။ လက်နက်ကြီးပစ်သံ၊ မိုင်းကွဲသံတွေလည်း အခုထိ ကြားနေရတုန်းပဲ” ဟု ထွက်ပြေးနေရသည့် ဒေသခံတစ်ဦးက မွန်းလွဲ ၃ နာရီခွဲခန့်က ပြောသည်။ […]

သရက်ချောင်း၊ ဘုတ်တောင်ရွာအနီး စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ

diz_admin

December 30, 2022

သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ရွာအနီး ၄၇ မိုင်နှင့် ၄၈ မိုင်အကြားတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်း ဒီဇင်ဘာလ ၂၉ ရက် ညနေ ၄နာရီဝန်းကျင်တွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ အင်အား ၇၀ ခန့်ရှိသည့် အဆိုပါစစ်ကြောင်းသည် သေနတ်များပစ်ဖောက်ကာ ပုလောဘက်ကို သွားနေခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့က ဆိုသည်။ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့်ကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကမူ ညနေ ၅ နာရီအထိ ပစ်ခတ်နေခဲ့ကြောင်း ဒေသခံအချို့ထံ၏ ပြောပြချက်အရ သိရသည်။ “ပစ်သံတွေကတော့ ညနေအထိ ကြားရတယ်” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု ကြားသိရသော်လည်း မည်မျှထိခိုက်သွားသည်ကိုမူ တိတိကျကျ မသိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။ […]

ပလ၊ တိုရွာတွင် ပစ်ခတ်သံများထွက်ပြီးနောက် မီးလောင်နေ

diz_admin

December 30, 2022

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့ အမှတ် (၂) ရပ်ကွက် တိုရွာတွင် ပစ်ခတ်သံများ ထွက်ပေါ်လာပြီးနောက် မီးစတင်လောင်ကျွမ်းနေကြောင်း ဒေသခံများထံမှ ကနဦးသိရသည်။ ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် ပစ်ခတ်သံများ စတင်ကြားရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “အမှတ် (၂) ဖက်က မီးခိုးလုံးကြီးတွေ တက်နေတာ မြင်နေရတယ်။ အနည်းဆုံးတော့ အိမ်လေးငါးဆောင်လောက် လောင်နေတဲ့သဘောပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ပြောဆိုသည်။ မီးလောင်သည့် အကြောင်းအရင်းကို Dawei Watch မှ စုံစမ်းနေဆဲဖြစ်သည်။ တိုရွာသည် ပလမြို့၏ အမှတ် (၁) ၊ အမှတ် (၂) ရပ်ကွက်ဖြစ်ပြီး အိမ်ခြေငါးရာအထက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တက်ရိပ်ပြနေသည့် ကဏန်းမဲဈေး ပြန်လည်ကျဆင်း

diz_admin

December 30, 2022

မောတောင်နယ်စပ်ဂိတ်ပြန်ဖွင့်သဖြင့် တက်ရိပ်ပြနေသည့် မြိတ်ဒေသထွက် ကဏန်းမဲဈေးနှုန်းတို့သည် ဒီဇင်ဘာလ လလယ်ခန့်မှစပြီး ပြန်လည်ကျဆင်းနေကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်နေသူတို့ထံမှ သိရသည်။ ဒေသထွက် ကဏန်းမဲတို့အား ထိုင်းသို့တင်ပို့နေကျဖြစ်သည့် တနင်္သာရီမြို့နယ်ရှိ မောတောင်နယ်စပ်ဂိတ်အား ပြီးခဲ့သည့် မေလအတွင်းက စစ်ရေးအခြေအနေကြောင့် ပိတ်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။ နယ်စပ်ဂိတ်ပိတ်စဉ်က ကဏန်းမဲတစ်ပိဿာလျှင် ကိုးထောင်ကျပ်အထိ ထိုးကျခဲ့ပြီး ဂိတ်ပြန်ဖွင့်ချိန်တွင် တစ်သောင်းသုံးထောင်ကျပ်အထိ ပြန်လည်မြင့်တက်လာခဲ့သည်။ ယင်းနောက် ဒီဇင်ဘာလ လလယ်ခန့်မှ စပြီး လက်ရှိအချိန်အထိ တစ်ပိဿာလျှင် တစ်သောင်းကျပ်အထိ ပြန်လည်ကျဆင်းနေကြောင်း ကဏန်းဖမ်းလုပ်ငန်းလုပ်ကိုင်သူကချို့က ဆိုသည်။ “ဂိတ်ပြန်ဖွင့်တော့ ကဏန်းဈေးပြန်တက်တယ်။ ထပ်ပြီးတက်လာမယ့် တက်ရိပ်လေးပြတဲ့ သဘောပဲ။ တက်လာမလား၊ တက်လာမလား စောင့်ရင်းနဲ့ အခုက မတက်တဲ့အပြင် ထပ်ပြီးကျလာတာ။ ဘတ်ဈေးက မကျဘူး။ ဝယ်တဲ့သူတွေ ဈေးကစားတာပဲ သူတို့အပေါ်မှာပဲ […]

ထားဝယ်ခရိုင်တွင် အလုပ်သမားခ ဈေးတက်

diz_admin

December 30, 2022

ထားဝယ်ခရိုင်တွင် အလုပ်သမားရှားပါးလာမှုနှင့် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှုတို့ကြောင့် အလုပ်သမား ငှားရမ်းခ ဈေးလည်း လိုက်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ ယခုပွင့်လင်းရာသီတွင် ရော်ဘာ၊ ကွမ်းသီး၊ ဥယျာဉ်ခြံလုပ်ငန်းနှင့် လယ်ယာ၊ ဆား၊ ဆောက်လုပ်ရေးလုပ်ငန်းများ အတွက် နေရာဒေသ၊ လုပ်ငန်းကျွမ်းကျင်မှုအပေါ်မူတည်ပြီး လူတစ်ဦးလျှင် တစ်ရက်လုပ်ခ ၁၀၀၀ ကျပ်မှ ၅၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း အလုပ်ရှင်နှင့် အလုပ်သမားအချို့က ပြောဆိုသည်။ ပြည်တွင်းနေထိုင်သူများမှာ စစ်အာဏာသိမ်းမှုကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာနှစ်ခုစလုံး မလုံမခြုံ ခံစားနေရပြီး ပဋိပက္ခကာလတွင် နှစ်ဖက်လက်နက်ကိုင်တို့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သေဆုံးသူများရှိသလို စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံရမှုများလည်း ဖြစ်ပေါ်လျှက်ရှိသည်။ ယင်းအပြင် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုနှင့်အတူ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ခါးစည်းခံနေရခြင်း ကြောင့် ပြည်ပထွက်ခွာသွားသူများရှိသလို မလုံခြုံမှုကြောင့် အခြားနေရပ်ကို ထွက်ပြေးတိမ်းရှောင်နေရသူများလည်း […]

ပုလော၊တပိုတွင် စစ်ယာဥ်တန်း မိုင်းဆွဲခံရ

diz_admin

December 29, 2022

မြိတ်ခရိုင်၊ပုလောမြို့နယ်၊ တပိုကျေးရွာအနီးတွင် စစ်ယာဥ်တန်းမိုင်းဆွဲခံရပြီး ထိခိုက်မှုရှိနိုင်ကြောင်း ဒေသခံများနှင့် တောကြီးမြွေဟောက်အဖွဲ့ ထံမှသိရသည်။ မြိတ်မှပုလောဘက်သို့တက်လာသည့် စစ်ကောင်စီယာဥ်တန်းအား တပိုရွာအနီးတွင် ယနေ့ နေ့လယ် ၃ နာရီ ၄၅ မိနစ်ဝန်းကျင်က တောကြီးမြွှေဟောက်အဖွဲ့မှ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း တောကြီးမြွေဟောက်အဖွဲ့ King Cobra ကထုတ်ပြန်သည်။ “မိုင်းဆွဲခံရပြီး အထိအခိုက်ရှိတယ်လို့ပဲသိရတယ်။ ကျွန်တော်တို့လည်း သွားမကြည့်ရဲကြဘူ။ အသံကတော့ ဆက်တိုက်ကြားရတယ်။ အကျယ်ကြီးပဲ”ဟု ဒေသခံအမျိုးသား ကပြောသည်။ စစ်ကောင်စီတပ်မှ ဖြတ်သွားစဥ် လယ်ကွင်းထဲအလုပ်လုပ်နေသည့် ဒေသခံအမျိုးသား ၃ ဦးလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ကပြောသည်။ “(ဖမ်းဆီးခံရသူများမှာ) မီးလောင်ချောင်းကလို့ ကြားရတယ်။ ဘယ်သူတွေဆိုတော့ အတိအကျမသိသေးဘူး”ဟု ဒေသခံ နောက်တစ်ဦး ကပြောသည်။ စစ်ကောင်စီတပ်သားများသည် ယနေ့နံနက်က မီးလောင်ချောင်းရွာမှစတင်ကာ ကားဖြင့်တစ်ချို့တစ်ဝက်သွားကြသလို ခြေလျှင်ဖြင့်လည်း လမ်းတစ်ေလျှာက် စစ်ကြောင်းထိုးလာကြောင်း […]

ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီး ပြန်လွတ်

diz_admin

December 29, 2022

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူတို့ ယနေ့ (ဒီဇင်ဘာ ၂၉)နေ့လယ်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ၎င်းတို့နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောဆိုသည်။ ဒီဇင်ဘာ ၂၇ ရက်နေ့ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ “ကျွန်တော်ဖုန်းဆက်လိုက်တာ အိမ်ပြန်ရောက်သွားပြီဆိုပြောတယ်။ ဦးအောင်နိုင်ဦးကိုပဲ ဆက်လိုက်တာ။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာတော့ မမေးစားဖြစ်ဘူး။ သူပြန်ရောက်ပြီလို့ပြောတယ်။ ရောက်ရင်ရပြီလို့ နောက်မှပဲ မေးစားတော့မယ်လို့ ကျွန်တော်အဲ့တိုင်းပဲ ပြောလိုက်တယ်” ဟု ၎င်းနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မေးမြန်းရန် ဖုန်းဆက်ခဲ့သော်လည်း ဖုန်းကိုင်ခြင်းမရှိသေးသဖြင့် အကြောင်းရင်းကို မသိရသေးပေ။

တနင်္သာရီဂျာနယ် ပင်တိုင်ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) ထောင်ဒဏ် ငါးနှစ်ချခံရ

diz_admin

December 29, 2022

တနင်္သာရီတိုင်းအခြေစိုက် ထုတ်ဝေခဲ့သည့် တနင်္သာရီဂျာနယ်၏ ပင်တိုင်ဆောင်းပါးရှင်တစ်ဦးဖြစ်သည့် အောင်လွင် (ကံပေါက်သား) ကို ဒီဇင်ဘာလ ၂၉ ရက် တွင် ထောင်ဒဏ် ၅ နှစ်ချခံလိုက်သည်။ ဆောင်းပါးရှင် အောင်လွင်(ကံပေါက်သား) အား အကြမ်းဖက်မှုတိုက်ဖျက်ရေးဉပဒေပုဒ်မ- ၅၂ (က) ဖြင့် တရားစွဲဆိုပြီး ထားဝယ်မြို့နယ် တရားရုံးတွင် ထိုသို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “ကျန်းမာရေးကောင်းတယ်လို့ ပြောတယ်။ ကျန်တာတော့ ဘာမှ ထူးထူးထွေထွေ မပြောဘူး”ဟု မြို့နယ် တရားရုံးတွင် သွားရောက်တွေ့ဆုံခဲ့သူ တစ်ဦးက ဆိုသည်။ ဦးအောင်လွင်အား ယခုနှစ် ဧပြီလ ၈ ရက်နေ့က ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် ၎င်းစီးနင်းလာသည့် ယာဉ်မောင်းနှင့်အတူ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ယနေ့ တရားရုံးမှ အမိန့်ချမှတ်ချိန်တွင်မူ ဦးအောင်လွင်နှင့်အတူ အဖမ်းခံရသည့် ယာဉ်မောင်းဖြစ်သူမှာ အမှုမှ […]