ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ထားဝယ်နာရေးကူညီမှုအသင်း အတွင်းရေးမှူး ဦးအောင်နိုင်ဦးနှင့်ဇနီးတို့ကို စစ်ကောင်စီဖမ်းဆီး

diz_admin

December 28, 2022

ထားဝယ်နာရေးကူညီမှုအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးအောင်နိုင်ဦးနှင့် ဇနီးဖြစ်သူကို မနေ့ (ဒီဇင်ဘာ ၂၇)ညက ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောဆိုသည်။ ဦးအောင်နိုင်ဦးတို့ လင်မယားကို စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးသလို မည်သည့်အကြောင်းကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးကြောင်း နီးစပ်သူအသိုင်းအဝိုင်းက ပြောဆိုသည်။ “မနက်တုန်းက အိမ်မှာသွားကြည့်တာလည်း မရှိဘူး၊ လင်မယားနှစ်ယောက်လုံး ပါသွားတယ်လို့ ကြားတယ်၊ ကလေးတစ်ယောက်တော့ အိမ်မှာရှိနေတယ်၊ ကလေးကိုမေးတာလည်း ကလေးကလည်း ဘာမှမသိဘူး” ဟု ဦးအောင်နိုင်ဦးနှင့် နီးစပ်သူ အမျိုးသားတစ်ဦးက ပြောသည်။ နာရေးကူညီမှုအသင်း-ထားဝယ်မှာ ကိုဗစ်ကာလအတွင်း ထားဝယ်မြို့တွင်းနှင့် ထားဝယ်ပြည်သူ့ဆေးရုံကြီးမှ အလောင်းများ ကူညီသယ်ဆောင်ခြင်း မီးသင်္ဂြိုဟ်ခြင်းများကို လုပ်ဆောင်ပေးနေသည့် အဖွဲ့ဖြစ်ပြီး ဦးအောင်နိုင်ဦးမှာ တက်တက်ကြွကြွ ပါဝင်ကူညီ လုပ်ကိုင်ပေးနေသူလည်းဖြစ်သည်။ ထားဝယ်ခရိုင်ကြက်ခြေနီအဖွဲ့၏ […]

ရေဖြူတွင် စစ်‌ကားမိုင်းဆွဲခံရ၊ အမျိုးသမီးတစ်ဦးသေဆုံး

diz_admin

December 28, 2022

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြား လမ်းပိုင်းတစ်နေရာတွင် ယနေ့ ဒီဇင်ဘာလ ၂၈ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ်ကားတန်း မိုင်းဆွဲခံရပြီးနောက် ပစ်ခတ်သံများ ဆက်တိုက်ကြားရကြောင်း ဒေသခံများက ပြောသည်။ ယင်းနောက် အဆိုပါနေရာတွင် ခရီးသွားအမျိုးသမီးတစ်ဦး ဦးခေါင်း ကြေမွဒဏ်ရာဖြင့် သေဆုံးနေကြောင်း ၎င်းတို့က ဆိုသည်။ နံနက် ၆ နာရီဝန်းကျင်တွင် ရေဖြူဖက်မှ ထားဝယ်သို့လာသော စစ်ကားခြောက်စီးခန့် ဇီးကျရွာအနီး မိုင်းဆွဲခံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “မိုင်းပေါက်တာ ငါးလုံးလောက်ရှိတယ်။ ပြီးတာနဲ့ သေနတ်သံတွေ ထွက်လာတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းမိုင်းဆွဲခံရပြီး ပစ်ခတ်မှုဖြစ်သည့်နေရာတွင် အသက် ၂၀ကျော်အရွယ်ရှိ ဇီးကျရွာသူ မပန်းအိဖြူမှာ သေဆုံး‌ နေကြောင်း ၎င်းက ဆိုသည်။ မပန်းအိဖြူသည် ယနေ့ နံနက်စောစော ညင်းထွေးရွာသို့ […]

၁၉၁ ခေါ်ဆိုမှုများပြားနေ၊ စမ်းသပ်မခေါ်ကြရန် မီးသတ်အဖွဲ့ထုတ်ပြန်

diz_admin

December 28, 2022

မီးလောင်ပါက ဆက်သွယ်နိုင်သည့် အရေးပေါ်ဖုန်းနံပါတ် ၁၉၁ သို့ ဖုန်းခေါ်ဆိုသူ အရမ်းများပြားနေကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ “အရေးပေါ်မဟုတ်ဘဲ မဆက်ကြပါနဲ့လို့။ မီးလောင်တယ်ဆိုရင် ဒါမှမဟုတ် အခြားအရေးပေါ်ကိစ္စဆိုရင် ၂၄ နာရီ အချိန်မရွေးဆက်လို့ရပါတယ်။ စမ်းသပ်ပြီး ဆက်တာမျိုး မလုပ်ကြဖို့ပြောချင်ပါတယ်” ဟု ၎င်းကဆိုသည်။ မော်တော်ယာဉ်တွင် ၁၉၁ စတေကာမတပ်ပါက ဒဏ်ရိုက်ခံရမည်ဆိုသည့် ကောလာဟလသတင်းတစ်ခု ဒီဇင်ဘာလ ၂၇ ရက်က ပျံ့နှံ့လာခဲ့ပြီးနောက် တိုင်းမီးသတ်ဦးစီးဌာနတွင် စတေကာလာရောက်တပ်ဆင်သူ များပြားလာခဲ့သည်။ ယင်းနောက် ၁၉၁ အရေးပေါ်ဖုန်းနံပါတ်သို့ စမ်းသပ်ခေါ်ဆိုသူများရှိလာခဲ့ကြောင်း ခရိုင်မီးသတ်ဦးစီးမှူးကပြောသည်။ “မနေ့က (ဒီဇင်ဘာလ ၂၇ ရက်) ကတော့ ဖုန်းခေါ်ဆိုတာအရမ်းများတယ်။ ဒီနေ့‌( ဒီဇင်ဘာလ ၂၈ ရက်) မှာတော့ နည်းနည်းကျဲသွားပြီ” ဟု ၎င်းကဆိုသည်။ […]

ထားဝယ်တွင် ကွမ်းသီးခြောက်ဈေးကျ

diz_admin

December 28, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်ဈေးကျနေကြောင်း ပွဲရုံအချို့နှင့် ဒေသခံတောင်သူအချို့ထံမှ သိရသည်။ ယခုနှစ် သီတင်းကျွတ်ကာလမှ အောက်တိုဘာလကုန်ထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ကျပ် ၄၅၀၀ မှ ၅၀၀၀ အတွင်းဈေးရှိခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်ကဆိုလျှင် တစ်ပိဿာလျှင် ၉၅၀၀ ကျပ်အထိ ဈေးကောင်းရခဲ့သည်။ ယခုအခါ တစ်ပိဿာလျှင် ၄၀၀၀ ကျပ်မှ ၄၂၀၀ ကျပ်အထိသာ ဈေးရှိတော့ကြောင်း ထားဝယ်မြို့ ဝဲကျွန်းရပ်ကွက်မှ ကွမ်းသီးခြောက်ပွဲရုံပိုင်ရှင်တစ်ဦးက ပြောသည်။ “ကွမ်းသီးအဟောင်းတွေရှိသေးတော့ ဈေးက မတက်သေးဘဲဖြစ်နေတယ်။ Export ပိတ်ထားတယ်။ အခုက ရန်ကုန်လည်း မတင်ဖြစ်ဘူး။ ဒီအတိုင်းပဲ ဝယ်ပြီးတော့ပဲ ထားထားတယ်။ ရန်ကုန်မှာလည်း အရောင်းအေးတယ် ဆိုပြောတယ်၊ အရောင်းအဝယ်ပါးနေတယ်။ တမူးတွေဘက်က သွားလည်း မရဘဲကိုး” ဟု ၎င်းက ဆိုသည်။ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်ဖြစ်သည့် […]

ရေးမြို့နယ် ခမရ ၅၉၁ တပ်ရင်းမှကားကို ရေးဘီလူးအဖွဲ့ တိုက်ခိုက်

diz_admin

December 27, 2022

မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းမှ ကျောင်းပို့ပြီး ပြန်လာသည့် စစ်ကားတစ်စီး ဒီဇင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က တိုက်ခိုက်ခံရကြောင်း သိရသည်။ ရေးမြို့နယ် ကျောင်းရွာကျေးရွာထဲ ဝင်လာသည့် ခမရ ၅၉၁ တပ်ရင်းမှ စစ်ကားကို နံနက် ၈ နာရီအချိန်ခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်သား ၂ ဦး သေဆုံးသွားသည်ဟုလည်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။ တိုက်ခိုက်ခံရသည့် စစ်ကား မောင်းပြေးသွားသည့်အတွက် လက်နက်များ မရလိုက်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ထုတ်ပြန်ပြောဆိုထားသည်။ “ကျောင်းရွာထဲ ဝင်လာတဲ့ ၅၉၁ စစ်ကားကို ရေးဘီလူးအဖွဲ့က ဝိုင်းပစ်ခဲ့တာဖြစ်ပါတယ်၊ တပ်သား ၂ ဦး ကားပေါ်မှာ ကျပါတယ်၊ ကားမရပ်လို့ လက်နက်တွေကိုလုဖို့ အချိန်မရလိုက်ဘူး၊ ကားမောင်းပြေးသွားတယ်” […]

ဖမ်းဆီးခံရသည့် လောင်းလုံးမြို့ခံ ခုနစ်ဦးအနက် နှစ်ဦးပြန်လွတ်

diz_admin

December 27, 2022

လောင်းလုံးမြို့နယ်တွင် ဒီဇင်ဘာလ ၂၂ ရက်က ဖမ်းဆီးခံခဲ့ရသည့် မြို့ခံ ခုနစ်ဦးအနက် နှစ်ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းအဖွဲ့သည် လောင်လုံး တောင်မိုးတောင် တစ်ကြောတွင် စစ်ကြောင်းထိုးရှာဖွေပြီးနောက် ယင်းနေ့ညတွင် လောင်းလုံးမြို့ခံ ခုနစ်ဦးဖမ်းဆီးခံရခြင်းဖြစ်သည်။ ပြန်လွတ်လာသူများမှာ ဦးဖေသန်းဆိုသူနှင့် ဒေါ်အေးသန်းဆိုသူတို့ဖြစ်ပြီး သုံးရက်ကြာဖမ်းဆီးခံရပြီးနောက် ဒီဇင်ဘာ ၂၅ ရက်နေ့က ပြန်လွတ်လာခြင်းဖြစ်ကြောင်း နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။ “ဒေါ်အေးသန်းကတော့ ပြန်လွတ်လာတယ်။ သူ့တူမကတော့ မလွတ်လာသေးဘူး” ဟု ၎င်းက ဆိုသည်။ လောင်းလုံးမြို့ (ဂ) ရပ်ကွက်နေ အသက် ၂၀ကျော်အရွယ်ရှိ အမျိုးသမီးဖြစ်သူ မလင်းဇာဇာခြည် (ခေါ်) မီးရှမ်းကို ယင်းနေ့က အဒေါ်ဖြစ်သူ ဒေါ်အေးသန်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း […]

ထိုင်းတောင်ပိုင်းတွင် တရားမဝင် မြန်မာလုပ်သား ၃၅ဦးနှင့် မူးယစ်ဆေးနှစ်ကီလို အဖမ်းခံရ

diz_admin

December 27, 2022

ထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ခရိုင်တွင် တရားမဝင်လမ်းကြောင်းဖြင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသော မြန်မာအလုပ်သမား ၃၅ ဦးကို ဒီဇင်ဘာလ ၂၆ရက်တွင် ဖမ်းမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းအနက် အလုပ်သမားတစ်ဦး၏ ကျောပိုးအိတ်တွင် ဘတ် နှစ်သန်းကျော်တန်ဖိုးရှိသော ICE မူးယစ်ဆေးဝါး နှစ် ကီလိုခန့်ကို တွေ့ရှိသည်ဟု ဖော်ပြသည်။ ပရာကျွတ်ခီရီခန်ခရိုင် ထပ်စကေးဒေသ ဖက်ကဆန်လမ်းမပေါ်ရှိ ဟွေးယန်းရဲစခန်းရှေ့ စစ်ဆေးဂိတ်အနီးတွင် ပစ်ကပ်ကားနှစ်စီးသည် လမ်းကြောင်းပြောင်းကာ ဟွေးယန်းဘုန်းကြီးကျောင်းလမ်းသို့ ဝင်သွားသဖြင့် ရဲတပ်ဖွဲ့က နောက်က လိုက်စစ်ခဲ့ကြောင်း ရေးသားထားသည်။ ယင်းသို့ စစ်ဆေးသောအခါ ကင်းဗက်အပိုင်းဖြင့် ကားအနောက်စတီးတန်းအပေါ်အထိ ဖုံးထားသော ပစ်ကပ်ကားနှစ်စီးကို တွေ့ရှိခဲ့ရပြီး မြန်မာအလုပ်သမား အမျိုးသား ၂၇ ဦး၊ အမျိုးသမီး ၈ ဦးနှင့်အတူ ထိုင်းနိုင်ငံသား ၆ ဦးတို့ကိုပါ ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြသည်။ ယင်းအနက် […]

အလုပ်သွင်းပေးမည်ဟု ထိုင်းဘက်က ကတိပေးသော်လည်း ဆန္ဒပြမြန်မာသုံးထောင်ကျော်အလုပ်မရ

diz_admin

December 27, 2022

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် ပီမိုင်နှစ်သစ်ကူးမတိုင်မီ အလုပ်သွင်းပေးမည်ဟု ထိုင်းအာဏာပိုင်များက လက်မှတ်ထိုး ကတိပေးထားသော်လည်း ဆန္ဒပြ မြန်မာအလုပ်သမား ၃၃၀၀ ကျော် အလုပ်မရကြောင်း အလုပ်သမား ကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမား ၃၇၅၀ အနက် လေးရာဝန်းကျင်ကိုသာ အလုပ်သွင်းပေးခဲ့ပြီး ကျန် ၃၃၀၀ ကျော်မှာ ဒီဇင်ဘာလ ၂၇ ရက်အထိ အလုပ်မရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထိုင်းနှင့် မြန်မာ ပွဲစားများက အလုပ်ရှာပေးမည်ဟုဆိုကာ မြန်မာအလုပ်သမား ၃၇၀၀ ကျော်ထံမှ ဘတ်ငွေ သန်းနှင့်ချီ တောင်းယူထားပြီး လနှင့်ချီကြာသည်အထိ အလုပ်မရသဖြင့် ဒီဇင်ဘာလ ၉ ရက်တွင် အလုပ်သမားများသည် စမွတ်စခွန်ခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ထို့နောက် အလုပ်သမားများကို နှစ်သစ်ကူးကာလမတိုင်မီ ဒီဇင်ဘာလအတွင်း […]