စိုက်ပျိုး၊ မွေးမြူရေးအတွက် ထုတ်ချေးမည့် ငွေကျပ် ရှစ်ဘီလီယံ ဘယ်လောက်အလုပ်ဖြစ်မှာလဲ
diz_admin
December 25, 2022တနင်္သာရီတိုင်းအတွင်းက စိုက်ပျိုးရေး၊ မွေးမြူရေးသမားများကို ငွေကျပ် ၈ ဘီလီယံထုတ်ချေးမည်ဟု တိုင်းအစိုးရက ထုတ်ပြန်သည်။ အတိုး ၅ ရာခိုင်းနူန်းဖြင့် ဝိုင်းကြီးချုပ်ပုံစံ ထုတ်ချေးမည်ဟုဆိုသည်။ တိုင်းအတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးသမားအချို့ကမူ ချေးငွေအပေါ်စိတ်ဝင်စားဟန်မပြကြပေ။ လက်ရှိတွင် စိုက်ပျိုးရေးထုတ်ကုန်များမှာ ဈေးကွက်မရှိဖြစ်နေသဖြင့် ချေးငွေထက် ပြည်ပဈေးကွက်ရရှိရေးကို လုပ်ဆောင်သင့်ကြောင်း ထားဝယ်မြို့နယ်က စိုက်ပျိုးရေးသမားတစ်ဦးက ဆိုသည်။ “ဈေးကွက်ထိထိရောက်ရောက်မရှိဘဲနဲ့ ချေးငွေဆိုပြီး ပိုက်ဆံလိုက်ပေးနေတာကတော့ အလကားပဲ” ဟု ၎င်းကဆိုသည်။ ဒေသတွင်း နိုင်ငံရေးပဋိပက္ခများကြောင့် နယ်စပ်သို့ ရော်ဘာ၊ ဝဥ၊ ကွမ်းသီး၊ သီဟိုဠ်စသည့်တို့ တင်ပို့ရာတွင် အခက်အခဲတားဆီးမျိုးစုံနှင့် စိုက်ပျိုးရေးသမားများ ရင်ဆိုင်နေရကြောင်းပြောဆိုကြသည်။ ထားဝယ်ခရိုင် ဝဥဈေးကွက်ဆိုရင် ယခုနှစ်တွင် ဝယ်သူမရှိသဖြင့် မတူးဘဲ ပစ်ထားရသည့် တောင်သူတော်တော်များများ ရှိနေကြောင်း ဝဥစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။ “စပေါ်တုန်းကတော့ တစ်ပိဿာ တစ်ထောင်ကျော်နဲ့ ဝယ်တာရှိသေးတယ်။ […]


