ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

လောင်းလုံး ဝေဒီကျေးရွာတွင် ပွဲစားတစ်ဦးပစ်သတ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ဒီဇင်ဘာလ ၂၃ ရက်က အမျိုးသားတစ်ဦး ပစ်သတ်ခံရသဖြင့် သေဆုံးသွားကြောင်း ဒေသခံအချို့ကပြောသည်။ သေဆုံးသူမှာ အသက် ၄၀ ဝန်းကျင် ဦးနေလင်းထွန်း(ခ) နော်မှေးဆိုသူဖြစ်ပြီး မနက် ၁၀ နာရီကျော်အချိန်တွင် ပစ်သတ်ခံရခြင်းဖြစ်သည်။ “လောင်းလုံးကနေ အစည်းဝေးတက်ပြီးပြန်လာတဲ့အချိန်မှာပေါ့။ ရွာအဝင်ဝက ကုက္ကိုပင်အောက်မှာ ပစ်သတ်ခံရတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ၎င်းသည် ရွာထဲတွင် ဆိုင်ကယ်မောင်းလိုင်စင်၊ မှတ်ပုံတင်၊ အုပ်ချုပ်ရေးမှူးထောက်ခံစာ စသည်တို့ကို အခကြေးငွေဖြင့် လုပ်ပေးနေသည့် ပွဲစားတစ်ဦးဖြစ်ပြီး Mytel ဖုန်းဆင်းကတ်ရောင်းချခြင်းတို့ကို လုပ်ကိုင်နေသူတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ သေဆုံးသူသည် ပျူစောထီးအဖွဲ့ဝင်တစ်ဦးဖြစ်သောကြောင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လာရောက်ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့ကပြောဆိုသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။ “သူများတွေကတော့ ပျူစောထီးအဖွဲ့ဝင်လို့ပြောနေကြတယ်။ သူ့အကြောင်း သေချာတော့မသိဘူး။ ဌာနဆိုင်ရာတွေနဲ့ ဆက်ဆံရေးရှိတယ်။ ရုံးတွေကို ဝင်ထွက်သွားလာနေတာ လောက်ပဲသိရတယ်” ဟု အခြားဒေသခံတစ်ဦးကဆိုသည်။ ဝေဒီကျေးရွာအနီးနှင့် […]

ညင်းမော်ရွာတွင် ဆယ်ဦးထက်မနည်း အဖမ်းခံထားရ

diz_admin

December 23, 2022

လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာတွင် ဒေသခံ ဆယ်ဦးထက်မနည်း ဖမ်းဆီးခံထားရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့(ဒီဇင်ဘာ ၂၃) မနက် ၅ နာရီခန့်က လောင်းလုံးမြို့နှင့် ညင်းမော်အကြား ပိုးစာပင်ဟုခေါ်သည့်နေရာတွင် စစ်ကောင်စီကား မိုင်းဆွဲခံရပြီးနောက် စစ်ကောင်စီတပ်က ညင်းမော်ရွာနှင့် အနီးရှိတောတောင်များအတွင်း ရှာဖွေမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။ ယင်းသို့ရှာဖွေနေစဉ် လမ်းသွားလမ်းလာများကို စစ်ဆေးပြီး မသင်္ကာသူများကို ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ကဆိုသည်။ “လူငယ်ပိုင်းကတစ်ယောက် ပန်းရန်အလုပ်သမားက နှစ်ယောက် အဲ့သုံးယောက်ပဲမြင်ရတယ်။ ဆိုင်ကယ်ကတော့ ဆယ်စီးလောက်တွေ့တယ်။ လမ်းမှာသွားနေတာကို တားပြီးစစ်ပြီး ဖမ်းထားတာ” ဟု ဒေသခံတစ်ဦးကဆိုသည်။ ကျေးရွာအတွင်းရှိ အမျိုးသားများမှာ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများကဆိုသည်။ ယနေ့မနက်ပိုင်းကလည်း နွားကျောင်းနေသည့် ညင်းမော်ရွာက လူငယ်တစ်ဦး ပစ်ခတ်ခံရသဖြင့် ဆေးရုံတင်ထားရသည်။ ညင်းမော်ရွာတွင် ယနေ့ ညနေ ၃ […]

တနင်္သာရီတိုင်းတွင် အိမ်ထောင်စုစာရင်း ကွင်းဆင်းကောက်ယူရန် စစ်ကောင်စီစတင်လုပ်ဆောင်

diz_admin

December 23, 2022

တိုက်ပွဲများ၊ ပေါက်ကွဲမှုများ၊ ဒလန်ရှင်းလင်းရေးများ အပါအဝင် ပဋိပက္ခဖြစ်စဉ်များ ဆက်တိုက်ဖြစ်ပွားနေသည့် တနင်္သာရီတိုင်းတွင် အိမ်ထောင်စုစာရင်း ကွင်းဆင်းကောက်ယူရန်အတွက် စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီဖြစ်သည်။ ကွန်ပျူတာအတွင်း ရိုက်သွင်းထားပြီးဖြစ်သည့် အိမ်ထောင်စုစာရင်းများကို ‌မှန်ကန်မှုရှိ၊မရှိ သိရှိနိုင်ရန် ကွင်းဆင်းကောက်ယူခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကဆိုသည်။ “အိမ်ထောင်စု စာရင်းတွေကို ကွန်ပျူတာဆော့ဖ်ဝဲလ်ထဲ ရိုက်ထည့်ပြီးသားတွေရှိတယ်။ အဲဒီစာရင်းက မြေပြင်မှာ တကယ်ထုတ်ပေးထားတာမှန်လား၊ မမှန်ဘူးလား။ ပြောင်းသွားတာတွေ၊ သေဆုံးတာတွေ၊ မွေးဖွားပြီးတိုးလာတာတွေ အဲဒါတွေကို အကုန်စစ်မှာ” ဟု ၎င်းကဆိုသည်။ ယင်းစာရင်းကောက်ယူမှုကို ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်အထိ ၂၃ ရက်အတွင်း အပြီးကောက်မည်ဖြစ်ပြီး စာရင်များကို ဖေဖော်ဝါရီလအတွင်း စိစစ်ပြီးစီးရန် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ တနင်္သာရီတိုင်းရှိ ဒေသအချို့ကို KNU တပ်မဟာ ၄ က ထိန်းချုပ်ထားပြီး၊ […]

စစ်ကောင်စီက ဖမ်းထားသည့် လောင်းလုံးမြို့ခံ ခြောက်ဦး ပြန်မလွတ်သေး

diz_admin

December 23, 2022

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် လောင်းလုံးမြို့ပေါ်ရပ်ကွက်နေ ပြည်သူခြောက်ဦးမှာ ယနေ့(ဒီဇင်ဘာလ ၂၃ ရက်) အထိ ပြန်မလွတ်သေးကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၂ ရက်ညက လောင်းလုံးမြို့နေ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။ လောင်းလုံးမြို့နေ ဒေါ်ရင်နွယ်၊ ဒေါ်ကျင်သန်း၊ ဒေါ်အေးသန်း၊ မမီးထွေး၊ မလင်းဇာခြည်၊ ဦးဖေသန်းနှင့် ဦးအောင်အောင်တို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ဒေသခံအချို့ကမူ အဖမ်းခံရသည့် အမျိုးသမီး ၅ ဦးဖြစ်ကြောင်း ပြောဆိုကြသော်လည်း အတည်ပြုနိုင်သည်မှာ ၄ ဦးသာရှိပြီး မလင်းဇာခြည် အဖမ်းခံရခြင်းရှိမရှိကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ လက်ရှိတွင် ၎င်းတို့ကို လောင်းလုံးမြို့မရဲစခန်းအတွင်းချုပ်နှောင်ထားပြီး ဒီဇင်ဘာလ ၂၃ ရက် နေ့လယ် […]

စစ်ကား မိုင်းဆွဲခံရပြီးနောက် ညင်းမော်ရွာသားတစ်ဦး ပစ်ခတ်ခံရ

diz_admin

December 23, 2022

လောင်းလုံးမြို့အထွက် ညင်းမော်ရွာအနီးတွင် စစ်ကောင်စီတပ်ကား မိုင်းဆွဲခံရပြီးနောက် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ဒေသခံတစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခံရသူ၏ မိသားစုနှင့် နီးစပ်သူအချို့ထံမှ သိရသည်။ ဒီဇင်ဘာလ ၂၃ ရက် နံနက်စောစောတွင် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီး လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြားတွင် မိုင်းဆွဲခံရခြင်းဖြစ်သည်။ ထိုနောက် စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်လာပြီး ညင်းမော်ရွာ အနောက်ဘက် ဆီအုန်းတောအတွင်း စုဖွဲ့ပြီး တောနင်းနေကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းသို့ တောနင်းရှာဖွေနေချိန်တွင် ဆီအုန်းတောအစပ်တွင် နွားကျောင်းနေသည့် ညင်းမော်ရွာနေ အသက် ၁၇ နှစ်ဝန်းကျင်ရှိ ကိုဖြိုးကို ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူကပြောသည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကိုဖြိုးကို၏ တင်ပါးတွင် သေနတ်ဒဏ်ရာရခဲ့ပြီး သွေးထွက်လွန်နေကြောင်း ၎င်းက ဆိုသည်။ “ဒဏ်ရာက တင်ပါးကနေ ပေါင်ကို ဖောက်ထွက်သွားတာ။ […]

တနင်္သာရီတပ်ကပစ်သည့် လက်နက်ကြီးကြောင့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးသေဆုံး

diz_admin

December 23, 2022

တနင်္သာရီမြို့ ဗောဓိကမ်းရွာရှိ စစ်ကောင်စီတပ်မှ ဒီဇင်ဘာ ၂၁ ရက်နေ့က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဒဏ်ရာရရှိခဲ့သည့် အသက် ၁၇ နှစ်အရွယ် အမျိုးသမီးမှာ သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ယင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာတို့မှ အရပ်သား အနည်းဆုံးခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ အဆိုပါ ထိခိုက်ဒဏ်ရာရသူများအနက် ညောင်ပင်ကွင်းရွာမှ ဒဏ်ရာရ မိသားစုဝင် သုံးဦးတို့အား မြိတ်မြို့ရှိ စစ်ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း တနင်္သာရီမြို့အခြေစိုက် နာရေးကူညီမှုအသင်းများထံမှ သိရသည်။ ဒဏ်ရာရသူများအနက် ဦးခေါင်းပြင်းထန်ဒဏ်ရာရရှိခဲ့သည့် အသက် ၁၇ အရွယ် အမျိုးသမီးမှာ ဒီဇင်ဘာလ ၂၂ ရက်နေ့က မြိတ်မှ ရန်ကုန်ဆေးရုံသို့တင်ပို့ရာ ပလောက်မြို့အရောက်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း နီးစပ်သူများထံမှ သိရသည်။ “ဆုံးသွားတဲ့မိန်းကလေးရဲ့ အဖေနဲ့ညီမနှစ်ယောက်က သိပ်ပြီးစိုးရိမ်စရာမရှိပါဘူး” ဟု […]

လောင်းလုံးတွင် စစ်ရေးတင်းမာ၊ စစ်ကောင်စီတပ်ကား မိုင်းခွဲခံရ

diz_admin

December 23, 2022

စစ်ရေးတင်းမာနေသည့် လောင်းလုံးတွင် မြို့အထွက်လမ်းပိုင်းတစ်နေရာ၌ စစ်ကောင်စီတပ်ကားနှစ်စီး မိုင်းခွဲတိုက်ခိုက်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့(ဒီဇင်ဘာ ၂၃)နံနက် ငါးနာရီခန့်က စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် Vigo ကားနှစ်စီးဖြတ်သန်းချိန်တွင် လောင်းလုံးမြို့နှင့် ညင်းမော်ရွာကြား၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ လောင်းလုံး- ညင်းမော်သွားလမ်း မိုးလေဝသရုံးအနီးတွင် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။ “လူထိခိုက်တာမျိုးတော့ မရှိဘူးလို့ သိရတယ်”ဟု ၎င်းက ပြောသည်။ ထိုသို့ ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်ရောက်လာပြီး အခင်းဖြစ်နေရာမှ ညင်းမော်ရွာအထိ လမ်းတစ်လျှောက်တွင် နေရာယူထားကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းအပြင် ညင်းမော်ရွာရှိ နေအိမ်အများစုကို တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်လံစစ်ဆေးနေကြောင်း ၎င်းတို့က ပြောသည်။ နံနက် ၉ နာရီခွဲခန့်တွင်မူ စစ်ကောင်စီတပ်က အင်အားထပ်ဖြည့်ပြီး ညင်းမော်ရွာ အနောက်ဘက်ရှိ ဆီအုန်းတောအတွင်း ‌နေရာယူထားသည်ဟု ဆိုသည်။ “ဆီအုန်းတောထဲ အင်အားထပ်ဖြည့်ပြီး […]

တနင်္သာရီ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ရွာသားတစ်ချို့ ထိခိုက်ဒဏ်ရာရ

diz_admin

December 22, 2022

တနင်္သာရီမြို့၊ ဗောဓိကမ်းရွာနေ စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ညောင်ပင်ကွင်းရွာနှင့် ဘန်လောကျေးရွာတို့မှ အရပ်သား အနည်းဆုံးခြောက်ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။ ညောင်ပင်ကွင်းရွာဖက်သို့ ဒီဇင်ဘာ ၂၁ ရက်နေ့ မွန်းတည့်ချိန်မှ ညနေအချိန်အထိ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ညောင်ပင်ကွင်းရွာတွင် ရော်ဘာခြစ်နေသည့် ပြည်သူလေးဦးနှင့် ဘန်လောရွာနေ ပြည်သူနှစ်ဦး စုစုပေါင်း ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ ကပြောသည်။ “ညောင်ပင်ကွင်းကိုကျော်ပြီး ဘန်လောရွာလမ်းဆုံမှာ နှစ်လုံးလာကျတယ်။ နှစ်ယောက်ထိတယ်။ လူနာတွေအားလုံး အခု မြိတ်ဆေးရုံကို ရောက်နေတယ်။ မိန်းကလေးတစ်ယောက်က ဦးနှောက်မှာထိပြီး အခြေအနေဆိုးနေတယ်လို့ ကြားရတယ်”ဟု ဘန်လောရွာ ဒေသခံကပြောသည်။ ညောင်ပင်ကွင်းရွာနှင့် ဘန်လောရွာတို့တွင် ပြည်သူ့ကာကွယ်ရေးတပ်တစ်ချို့ မကြာခဏ အဝင်အထွက်ပြုလုပ်လေ့ရှိပြီး ပစ်ခတ်သည့်အချိန်တွင် တိုက်ပွဲဖြစ်ပွါးခြင်းမရှိကြောင်း ဒေသခံတစ်ချို့ကဆိုသည်။ “သူ့တိုတပ်(စစ်ကောင်စီတပ်)ကို လာမချခင် ကြိုကာပြီး […]