ကော့သောင်းမှ ရနောင်းသို့ တရားမဝင် ဝင်သည့် မြန်မာလုပ်သားများ ဖမ်းဆီးခံရ
diz_admin
December 21, 2022ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရနောင်းခရိုင်အတွင်းသို့ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၁ ဦးနှင့် ကလေးတစ်ဦးအပါအဝင် ဗီဇာသက်တမ်းကုန်နေသော မြန်မာအလုပ်သမားလေးဦးတို့ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖမ်းမိခဲ့ကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်သည်။ မြန်မာအလုပ်သမားများသည် ကော့သောင်းမြို့မှတဆင့် ရနောင်းခရိုင် ကရဘူရီဒေသအတွင်းသို့ လှေဖြင့် မြစ်ကို ဖြတ် ၍ ကားထပ်စီး တရားမဝင် ဝင်ရောက်လာသည့် သတင်းအရသွားရောက်စစ်ဆေးဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ သွားရောက်စစ်ဆေးရာတွင် ကား၏အနောက်ပိုင်းကို အပြာရောင်ကင်းဗက်ပိုင်းဖြင့် ဖုံးထားသော ပစ်ကပ်ကား တစ်စီး နှင့် မော်တော်ဆိုင်ကယ်တစ်စီး မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှလိုက်ရာ ဒူးရင်းခြံအတွင်းရှိ အိမ်တစ်အိမ်ရှေ့တွင် ရပ်တန့်ထားခဲ့ကြောင်း ဖော်ပြထားသည်။ ပစ်ကပ်ကားသမားမှာ ကားကိုစွန့်ပစ်ကာ အမှောင်ထဲ ထွက်ပြေးသွားခဲ့ပြီး ကားပေါ်တွင် အသက် ၂၁ […]


