ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

တိုက်ပွဲများဖြစ်နေ၍ တနင်္သာရီမြို့ရှိ ဒေသခံများ စစ်ဘေးရှောင်နေရ

diz_admin

January 2, 2023

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး တိုက်ပွဲများပြန်ဖြစ်နေ၍ တနင်္သာရီမြို့နယ်ရှိ ကျေးရွာများမှ ဒေသခံများမှာ စစ်ဘေးရှောင် ထွက်ပြေးနေရသည်။ ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၆ နာရီခန့်က တနင်္သာရီမြို့၊ ဗောဓိကမ်းတံတားတွင် စစ်ကောင်စီတပ်သားတစ်ချို့ တိုက်ခိုက်ခံရပြီးနောက် နံနက် ၈ နာရီတွင် စစ်ကောင်စီတပ်များ ဘန်လောကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာကြောင်း ဒေသခံများကဆိုသည်။ ယင်းကြောင့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း ဒေသခံများကဆိုသည်။ “တိုက်ပွဲက (မနေ့)နံနက်ကစဖြစ်တာ နေ့လယ် ၂ နာရီလောက်မှ အသံစဲတယ်။ ခြောက်မိုင်လမ်းဆုံနားမှာ ပိုကြမ်းတယ်။ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်လို့အကုန်ထွက်ပြေးကြရတယ်”ဟု ဒေသခံအမျိုးသား ကပြောသည်။ လက်နက်ကြီးဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည့်အတွက် ဗောဓိကမ်း၊ ညောင်ပင်ကွင်း၊ ဘန်လော၊၆ မိုင်၊ ထုံတွန်နှင့် ပျို့အိုင် စသည့်ရွာများနေ ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရကြောင်း […]

မဲဆောက်တွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေး ကားတိုက်ခံရ

diz_admin

January 2, 2023

ထိုင်းနိုင်ငံ၊ တာခ့်ခရိုင် မဲဆောက်ဒေသတွင် အသက် ၁၃ နှစ်အရွယ် မြန်မာမိန်းကလေးတစ်ဦး လမ်းဖြတ်ကူးစဉ် ပစ်ကပ်ကားနှင့် တိုက်မိပြီး အပြင်းအထန်ဒဏ်ရာရရှိကာ သတိမရရှိတော့ဘဲ မေ့မြောနေကြောင်း ထိုင်းသတင်းဌာနများ၏ ဖော်ပြချက်အရသိရသည်။ နှစ်သစ်ကူးနေ့ ဇန်နဝါရီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်တွင် မြန်မာမိန်းကလေးသည် ဈေးတွင် နှစ်သစ်ကူးလက်ဆောင်ဝယ်ရန်အတွက် မဲဆောက်-အုန်ဖန်း အမြန်လမ်းကို လမ်းလျှောက်ဖြတ်ကူးစဉ်တွင် အရှိန်ဖြင့်လာသော ပစ်ကပ်ကားနှင့် တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ကားတိုက်မှုဖြစ်သော နေရာသို့ မဲဆောက်ဆေးရုံမှ အရေးပေါ်ကားများရောက်ရှိလာခဲ့ရာ မိန်းကလေးသည် မီတာ ၁၀၀ ခန့်အထိ လမ်ဘေးသို့လွင့်သွားပြီး ဒဏ်ရာပြင်းထန်ကာ သတိမရတော့သည့် အခြေအနေဖြစ်နေသဖြင့် ကယ်ဆယ်ရေးအဖွဲ့များမှ မဲဆောက်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရကြောင်း‌ ဖော်ပြထားသည်။ မြန်မာမိန်းကလေး၏ အမည်နှင့် နေရပ်ကို ဖော်ပြထားခြင်းမရှိသဖြင့် မသိရသေးပေ။ အနီးတွင် ပစ်ကပ်ကားနှင့်အတူ […]

မြိတ်တွင် ထီကဲ့သို့လုပ်ထားသည့် မဲပြားစနစ်တစ်ခု ပေါ်ပေါက်၊ ထိုးသူများပြားနေ

diz_admin

January 2, 2023

မြိတ်မြို့တွင် ငွေငါးသောင်းကျပ်အထိ ပေါက်နိုင်သည့် ထီပုံစံမျိုးလုပ်ထားသော မဲပြားဆွဲစနစ်တစ်ခု ဒီဇင်ဘာလ လကုန်ခန့်မှစပြီး ခေတ်စားလာနေကာ ထိုးသူများနေကြောင်း ရပ်ကွက်နေသူများကဆိုသည်။ အဆိုပါ မဲပြားဆွဲစနစ်တွင် မဲတစ်ပြားလျှင် ငွေနှစ်ရာကျပ်နှုန်းပေးဝယ်ရပြီး သတ်မှတ် ပေါက်မဲဂဏန်းဖြင့် တူညီပါက သက်ဆိုင်ရာဆုကြေးကို ရရှိမည်ဖြစ်ကြောင်း၊ ဆုကြေးမှာ အနည်းဆုံး တစ်ထောင်ကျပ်မှ ငါးသောင်းကျပ်အထိရှိကြောင်း သိရသည်။ “ဒိုင်တွေက သူတို့အတွက် ကျန်အောင်လုပ်ထားပြီးသားပဲ၊ ဒါလည်း နှစ်လုံးသုံးလုံးထိုးသလို လောင်းကစားတစ်ခုပဲ” ဟု မြိတ်တောင်ရပ်နေ အသက် ၄၀ နှစ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ပေါက်မဲအနေဖြင့် ငါးသောင်းဆု သုံးဆု၊ သုံးသောင်းဆု နှစ်ဆု၊ နှစ်သောင်းဆု တစ်ဆု၊ တစ်သောင်းဆု လေးဆု၊ ငါးထောင်ဆု ရှစ်ဆု၊ တစ်ထောင်ဆု နှစ်ဆယ်စု စုစုပေါင်း သုံးဆယ်ရှစ်ဆုရှိပြီး ဆုမဲတန်ဖိုး သုံးသိန်းသုံးသောင်းကျပ်တန်ဖိုးရှိကြောင်း သိရသည်။ […]

လောင်းလုံး‌ရှိ ပျူစောထီးနေအိမ်အချို့နှင့် စခန်းကို PDF ဝင်ရောက်စီးနင်း

diz_admin

January 2, 2023

ထားဝယ်ခရိုင်၊ လောင်းလုံးမြိုနယ်ရှိ ပျူစောထီးအခြေစိုက်စခန်းနှင့် အဖွဲ့ဝင်များ၏ နေအိမ်အချို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ညက လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်လိုက်သည်။ ဝင်ရောက်စီးနင်းခဲ့စဉ် ပျူစောထီးအဖွဲ့၏ အချက်အလက်၊ ထားဝယ်မျိုးချစ်တပ်မတော်၏ အချက်အလက်၊ YMBA နှင့် မဘသအဖွဲ့ဝင်များ၏ အချက်အလက်များ၊ စစ်ဖက်ရေးရာ ချိတ်ဆက်ဆောင်ရွက်မှု မှတ်တမ်းများအပါအဝင် လက်နက် မျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်၏နောက်ဆုံးရက်ဖြစ်သော ဒီဇင်ဘာ ၃၁ ရက်နေ့ည ၈ နာရီခန့်မှစ၍ လောင်းလုံးမြို့နယ်၊ ပန်းဒလဲရွာရှိ ပျူစောထီး ခေါင်းဆောင် ဦးဇော် (သေဆုံး)၏ နေအိမ်အပါဝင်အဖွဲ့ဝင်အချို့၏ နေအိမ် သုံးဆောင်ခန့်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ညရှစ်နာရီလောက်ကတည်းက တစ်ရွာလုံးကင်းတွေချထားတယ်။ စကားပြောစက်တွေနဲ့လည်း ပြောနေတာကြားရတယ်။ အဲဒီအိမ်တွေမှာက လူမနေတော့ဘူး။ နေ့ဘက်ပဲ ခဏလာတာတွေ့ရတော့တယ်”ဟု ၎င်းကပြောသည်။ […]

ရန်ကုန်-မြိတ်ခရီးသည်တင်ကား ဓားပြတိုက်ခံရ

diz_admin

January 2, 2023

ရန်ကုန်မှ မြိတ်မြို့သို့ ဆင်းလာသည့် ရွှေဝယ်သူ ခရီးသည်တင်မှန်လုံကား ဓားပြတိုက်ခံရကြောင်း ခရီးသည်များထံမှ သိရသည်။ ရန်ကုန်မှမောင်းနှင်လာစဉ် မလွှဲတောင် မရောက်မီ မွန်ပြည်နယ်ထဲတွင် ဓားပြတိုက်ခံရခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လူသုံးဆယ်ကျော် လိုက်ပါလာသည့် ခရီးသည်တင်ကားကို ယနေ့ ဇန်နဝါရီလ ၂ ရက်နေ့ နံနက် ၄ နာရီခွဲတွင် မလွှဲတောင်အနီး၌ လူတစ်စုက သေနတ်ပစ်ဖောက်တားဆီးကြောင်း ခရီးသည်များက ပြောသည်။ ယင်းနောက် ကားပေါ်က ခရီးသည်များအား ဆင်းခိုင်းကာ ရွှေထည် လက်ဝတ်လက်စားများနှင့် ပိုက်ဆံအိတ်များ ယူသွားကြောင်း ၎င်းတို့က ဆိုသည်။ “လူအားလုံးခြောက်ယောက်ပါတယ်။ အရပ်ဝတ်အင်္ကျီ လက်လုပ်သေနတ်တွေနဲ့ စီးထားတာက တောစီး ဖိနပ်တွေနဲ့ပါ။ အားလုံးပေါင်းရင် သိန်းတစ်ရာကျော်လောက် ပါသွားတယ်” ဟု မြိတ်ဒေသခံခရီးသည်တစ်ဦးက ပြောသည်။ ရေးနှင့် သံဖြူဇရပ်မြို့နယ်ကြား ကနင်ကမော့ရွာအနီးတွင် […]

လောင်းလုံးရဲစခန်းအတွင်း ပစ်ခတ်မှုဖြစ်၊ စခန်းမှူးဒဏ်ရာရ

diz_admin

January 2, 2023

လောင်းလုံးမြို့မ ရဲစခန်းထဲတွင် မနေ့ (ဇန်နဝါရီ ၁) ညရှစ်နာရီခန့်က ပစ်ခတ်မှုဖြစ်ရာ မြို့မ ရဲစခန်းမှူး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ရဲတပ်ဖွဲဝင်တစ်ဦးနှင့် စစ်တပ်က( တပ်ကြပ်ကြီးအဆင့်) တစ်ဦးတို့ စကားများရန်ဖြစ်ပြီး သေနတ်ပစ်ခတ်ရာတွင် ဝင်ရောက်ဖျန်ဖြေရာမှ စခန်းမှူး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက သုံးချက်ပဲကြားရတယ်။ ရှစ်နာရီခွဲလောက်မှာ အရေးပေါ်ကား စခန်းဘက်ဝင်သွားတာလည်း တွေ့ရတယ်”ဟု ၎င်းကပြောသည်။ ပစ်ခတ်မှုကြောင့် စခန်းမှူးခြေထောက် ကျည်ဆန်ထိမှန်ခဲ့ပြီး ညတွင်းချင်း အရေးပေါ်ကားဖြင့် ထားဝယ်ဘက်သို့ တင်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။

ပုလောတွင် တိုက်ပွဲ သုံးရက်ဆက်တိုက်ဖြစ်

diz_admin

January 1, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် ယနေ့လည်း တိုက်ပွဲထပ်မံဖြစ်ပြီး တိုက်ပွဲဖြစ်ပွားမှု သုံးရက်ဆက်တိုက်ရှိလာပြီဖြစ်ကြောင်း ဒေသခံများ ထံမှသိရသည်။ ပုလောမြို့နယ်နှင့် ပလမြို့အနီး ကျေးရွာများတွင် ဒီဇင်ဘာလ ၃၀ ရက်မှစတင်ကာ ယနေ့ ဇန်နဝါရီလ ၁ ရက်အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်။ ဒီဇင်ဘာလ ၃၀ ရက်က ပလမြို့အနီးဝန်းကျင်က ကျေးရွာများဖြစ်သည် တိုရွာ၊ သင်္ကန်းတော၊ တင်းရှင်းရွာတို့တွင် တိုက်ပွဲဖြစ်ပြီးခဲ့သည်။ နောက်တစ်ရက်တွင် ယင်းရွာများနှင့် တစ်ဆက်တည်း တည်ရှိသည့် ကဒဲရွာတွင် တိုက်ပွဲထပ်မံ ဖြစ်ပွားသည်။ ယနေ့တွင်လည်း ကဒဲရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။ “ဒီနေ့လည်း ၉ နာရီလောက်က စပစ်တာ ၁၂ နာရီလောက်မှ တိုက်ပွဲရပ်သွားတယ်။ အထိအခိုက် အကျအဆုံးတော့ မသိရသေးဘူး” ဟု ကဒဲရွာဒေသခံတစ်ဦးက ပြောသည်။ တိုက်ပွဲဖြစ်သည့် […]

ထားဝယ် ကမြောကင်းတံတားပေါ်က အမျိုးသမီးတစ်ဦးခုန်ချ၊ အသက်ကယ်နိုင်ခဲ့

diz_admin

January 1, 2023

ထားဝယ်မြို့ ကမြောကင်းတံတားပေါ်က ခုန်ချပြီးသေကြာင်းကြံစည်သည့် အမျိုးသမီးတစ်ဦးကို အသက်ကယ်တင်နိုင်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူ အချို့က ပြောသည်။ ထားဝယ်မြို့ခံ အသက် ၆၀ ဝန်းကျင်အရွယ်ရှိသည့် အမျိုးသမီးတစ်ဦး ယနေ့ ဇန်နဝါရီလ ၁ရက် ညနေ ၄နာရီခန့်တွင် တံတားပေါ်က ခုန်ချခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ထားဝယ်ဖက်ခြမ်း ကမြောကင်းတံတားသစ်နှင့် တံတားဟောင်းကြားကို ခုန်ချခဲ့ခြင်းဖြစ်ပြီး မျက်မြင်တွေ့ရှိသည့် ဒေသခံ လူငယ်အမျိုးသားနှစ်ဦးက ကယ်တင်ခဲ့ခြင်းဖြစ်ကြောင်း မျက်မျက်တွေ့ရှိသူ ဒေသခံတစ်ဦးက ပြောသည်။ “သူခုန်ချတဲ့နေရာက ရေတိမ်တိမ်လေး။ ကမ်းနဲ့လည်းနီးနေတယ်ဆိုတော့ အဲဒီနားက မျက်မြင် တွေ့ရှိတဲ့ လူငယ်တွေကပဲ ဆင်းကယ်လိုက်တာ” ဟု ၎င်းက ဆိုသည်။ အဆိုပါအမျိုးသမီးတွင် ပြင်းထန်သည့် ဒဏ်ရာမျိုးမတွေ့ရှိရကြောင်း မျက်မြင်တွေ့ရှိသည် အချို့က ပြောသည်။ ၎င်းကို အရေးပေါ်ကားဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်းလည်း ၎င်းတို့က ဆိုသည်။