ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ဇန်နဝါရီ ၁၂ ရက်တွင် ထိုင်းဘက်က ဖွင့်မည်
diz_admin
January 10, 2023ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးပိတ်ထားခဲ့သော ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားကို ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မဲဆောက်ဒေသ အုပ်ချုပ်ရေး တာဝန်ရှိသူများက ထုတ်ပြန်သည်။ နယ်စပ်ဂိတ်ဖွင့်ပွဲကို တက်ရောက်ရန်အတွက် မဲဆောက်အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာရုံးအဖွဲ့အစည်းများထံသို့ ဖိတ်ကြားစာများ ပေးပို့ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကိုဗစ်ကြောင့် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား နယ်စပ်ဂိတ်ကို ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့ ကတည်းက ပိတ်ထားခဲ့ပြီးနောက် ၃ နှစ်နီးပါးအကြာတွင် ပြန်လည်ဖွင့်လှစ်မည့်ရက်ကို ထပ်မံထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံဘက်က နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ခဲ့သော ၂၀၂၂ ခုနှစ် မေလအစောပိုင်းတွင်လည်း မြဝတီ-မဲဆောက် နယ်စပ်ဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ရန် ထိုင်းဘက်က ကြေညာခဲ့သော်လည်း မြန်မာဘက်က ပြန်လည် ဖွင့်လှစ်ပေးခဲ့ခြင်း မရှိခဲ့ပေ။ လုံခြုံရေးအခြေအနေအရ ညှိနှိုင်းမှုအဆင်မပြေဟု […]


