ရေဖြူတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး ရုပ်အလောင်းတွေ့
diz_admin
January 11, 2023ရေဖြူမြို့နယ်၊ သဗြေဇွန်းရွာအနီးတွင် ယနေ့ ဇန်နဝါရီလ ၁၁ ရက် နံနက်ပိုင်းက လမ်းဘေးတွင် စွန့်ပစ်ထားသည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိရကြောင်း ဒေသခံများက ပြောသည်။ သဗြေဇွန်းရွာနှင့် ရေဖြူမြို့ ကြားလမ်းပိုင်းတစ်နေရာတွင် အဆိုပါ ရုပ်အလောင်း နှစ်လောင်းကို ခရီးသွားဒေသခံများက စတင်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ခရီးသွားဒေသခံတစ်ဦးက ဆိုသည်။ “နှစ်ဦးစလုံးက ပုဆိုးနဲ့ အင်္ကျီမရှိဘူး။ လက်နှောက်ပြန် ကြိုးတုတ်ပြီး မျက်နှာကို အဝတ်စည်းထားတယ်။ လမ်းဘေးမှာ မှောက်ခုံ သေနေတာတွေ့ရတယ်” ဟု ၎င်းက ပြောသည်။ သေဆုံးသူနှစ်ဦးမှာ မည်သူမည်ဝါ ဖြစ်သည်ကို မသိရသလို သဗြေဇွန်းရွာသားများလည်း မဟုတ်ကြကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။ “ညက ခုနစ်နာရီလောက် ကားတစ်စီး အဲဒီဖက် ဖြတ်သွားတာတွေ့ရတယ်။ ပြီးတာနဲ့ သေနတ်သံ သုံးလေးချက် ကြားတယ်။ ပြီးတော့ […]


