ပရဟိတအဖွဲ့ဝင်များကို လူဦးရေစာရင်းကောက်ရာတွင် အဓမ္မထည့်သွင်းမှုရှိနေ
diz_admin
January 12, 2023တနင်္သာရီတိုင်းရှိ လူဦးရေစာရင်းကောက်ယူရေးအဖွဲ့တွင် ပရဟိအဖွဲ့ဝင်များကို ကာယကံရှင်ဆန္ဒမပါဘဲ အဓမ္မထည့်သွင်းထားမှုများ ရှိနေကြောင်း စုံစမ်းသိရှိရသည်။ လူဦးရေစာရင်းကောက်အဖွဲ့ လုံခြုံရေးခေါင်းစဉ်ဖြင့် နာရေးကူညီမှု၊ အရေးပေါ်ကားအသင်း စသည်တို့မှ ပရဟိတအဖွဲ့ဝင်များကို ကာယကံရှင်များ၏ သဘောထားမေးမြန်းမှုမရှိဘဲ ထည့်သွင်းထားခြင်းဖြစ်သည်။ သို့သော်ကျေးရွာ၊ ရပ်ကွက်တိုင်းတွင် ထိုကဲ့သို့ထည့်သွင်းထားခြင်းမျိုး မဟုတ်ဘဲ အချို့ကျေးရွာများတွင်သာ ထည့်သွင်းထားခြင်းဖြစ်သည်။ “ကျွန်တော်တို့အဖွဲ့မှာဆို ငါးယောက်စာရင်းပါနေတယ်။ ကျွန်ဝောာ်တို့ဆန္ဒမပါဘဲ စာရင်းထည့်လိုက်တာ” ဟု ထားဝယ်ခရိုင်ရှိ ကျေးရွာတစ်ရွာမှ ပရဟိတအဖွဲ့ဝင်တစ်ဦးကဆိုသည်။ အချို့ကျေးရွာများတွင်မူ ကိုယ်တိုင်ဆန္ဒမပါသော်လည်း မိသားစုလုံခြုံရေးကဲ့သို့သော ငြင်းမရသည့် အနေအထားမျိုးကြောင့် မဲစာရင်းကောက်အဖွဲ့တွင် ပါဝင်နေရသူများလည်းရှိကြောင်း ပြောဆိုကြသည်။ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးအဖွဲ့တို့ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် ယင်းကဲ့သို့ ကြုံတွေ့နေရခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ “စာရင်းထဲထည့်ထားတဲ့ ပုံစံမျိုးတော့မဟုတ်ဘူး။ လိုအပ်လာရင် အဲဒီအဖွဲ့မှာ ပါပေးဖို့ဆိုပြီး အုပ်ချုပ်ရေးမှူးက လိုက်ပြောထားတာရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့မှာက သူတို့လက်ထဲမှာရှိနေတော့ […]


