ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကျိုက်ထို မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

January 15, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းကို အမည်မသိ သေနတ်သမားတို့က ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က မရမ်းချောင် ဘုရားကိုးဆူအနီးတွင် ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အသက် ၄၇ နှစ်အရွယ် ဦးအောင်ထွန်းတွင် နဖူးကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။ ဦးအောင်ထွန်းမှာ ယခင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံရသည့် ဇွန်လနောက်ပိုင်းမှသာအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။ “ဘုရားကိုးဆူအနားမှာ ပစ်သတ်ခံရတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်လာတာမကြာသေးဘူး။ အရင် အုပ်ချုပ်ရေးမှူးကလည်း ဒီလိုပဲ ပစ်သတ်ခံရတာ” ဟု မရမ်းချောင်ဒေသခံတစ်ဦးက ပြောသည်။ […]

စစ်တပ်ထုတ်ကုန်များ ဖြန့်ဖြူးရောင်းချခြင်းမလုပ်ရန် တနင်္သာရီ ပအဖ ထုတ်ပြန်

diz_admin

January 15, 2023

မိုင်တဲ ဖုန်းဆင်းမ်ကတ်၊ ငွေဖြည့်ကတ် အပါအဝင် စစ်ကောင်စီတပ်တို့နှင့် ဆက်နွယ်နေသည့် ကုန်ပစ္စည်းများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများ လုံးဝ မပြုလုပ်ကြရန် ကုန်ပစ္စည်း အမည်စာရင်းနှင့် တကွ တနင်္သာရီပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ယနေ့ ထုတ်ပြန်လိုက်သည်။ ထုတ်ပြန်လိုက်သည့် စာရင်းတွင် မိုင်တဲ အပြင် အရက်၊ ဘီယာ၊ စီးကရက်နှင့် စားသောက်ကုန်များလည်း ပါဝင်နေသည်။ အရက်နှင့် ဘီယာတွင် Army Rum၊ Andaman Gold Blue၊ Andaman Gold Special၊ Black Shield Stout၊ Mandalay Beer၊ Myanmar Beer၊ Myanmar Premium Beer၊ Dagon Extra Strong Beer၊ Dagon Gin၊ Dagon […]

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

diz_admin

January 15, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီလ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိ CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ အိန္ဒိယ-မြန်မာနယ်စပ် ချင်းပြည်နယ် ထန်တလန်မြို့နယ်တွင်ရှိသည့် ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ် Camp Victoria ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။ ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် စတင်ဗုံးကြဲတိုက်ခိုက်ခံရခြင်းပြီး ရဲမေ နှစ်ဦးနှင့် ရဲဘော်သုံးဦး ထိခိုက်ကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်။ ဌာနချုပ်နှင့် မိသားစုအိမ်ရာတို့ကို ဗုံးလေးလုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲလည်း ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသတွင်းသတင်းအချို့တွင် ဖော်ပြသည်။ ယင်းတိုက်ခိုက်မှုကို ဝမ်းနည်းကြောင်းပြသသည့်အနေဖြင့် ဇန်နဝါရီလ ၁၁ရက်က ဟားခါးမြို့တွင် ဈေးဆိုင်များမဖွင့်ဘဲ အသွားအလာတိတ်ဆိတ်ငြိမ်သက်ကာ […]

ကံပေါက်တွင် လူဦးရေစာရင်းကောက်သူများကို ဒေသကာကွယ်ရေးအဖွဲ့သတိပေး

diz_admin

January 15, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်းရှိ ကျေးရွာအုပ်စုများအတွင်း လူဦးရေစာရင်းကောက်ရာတွင် ပါဝင်သူများကို ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့ (KBDF) က သတိပေးချက်ထုတ်ပြန်ထားသည်။ လူဦးရေစာရင်းကောက်ခြင်းကို ဆက်လက်မလုပ်ဆောင်ကြရန် ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်ဟု ဇန်နဝါရီလ ၁၂ရက်က ထုတ်ပြန်ထားခြင်းဖြစ်သည်။ ကံပေါက်ဒေသအတွင်းရှိ ကံပေါက်၊ အုန်းပင်ကွင်း၊ သဲချောင်း၊ ဖောင်းတော၊ ဇာဒီ၊ အိန္ဒရာဇာ၊ နတ်ကြီးစင်၊ မင်းသား၊ ကျွဲသုံးညီမ၊ ဖားချောင်း စသည့် ကျေးရွာအုပ်စု ၁၀ ခုအတွက် သတိပေးထားခြင်းဖြစ်သည်။ ကံပေါက်ဒေသတွင် ကျေးရွာဆယ်ရွာရှိသည့်အနက် ကံပေါက်ကျေးရွာ စက်ကုန်းရပ်ကွက်တစ်ခုတည်းတွင်သာ လူဦးရေစာရင်းကောက်နေသည်ကိုတွေ့နေရဆဲဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ စက်ကုန်းရပ်ကွက်တွင် တစ်အိမ်တက်တစ်အိမ်ဆင်း လူဦးရေစာရင်းလိုက်ကောက်နေခြင်းမဟုတ်ဘဲ ရပ်ကွက်ဓမ္မာရုံသို့ ခေါ်ယူကာ အိမ်ထောင်စုစာရင်းဖြည့်ခိုင်းနေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။ “ဓမ္မာရုံကို အိမ်ထောင်စုစာရင်း ယူလာခိုင်းပြီးတော့ သူတို့မှာပါတဲ့ စာရွက်ထဲဖြည့်သွင်းသွားတာပါ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတစ်ဦးက ပြောသည်။ လူဦးရေစာရင်းကောက်ယူရာတွင် […]

‘စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြ’ သပိတ်လှုပ်ရှားမှု ပြုလုပ်

diz_admin

January 15, 2023

“စစ်တပ်ရဲ့ အခြေခံစီးပွားရေးထောက်တိုင်ကို ဖြိုချကြ” ဘန်နာကို ကိုင်စွဲ၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဇန်နဝါရီလ ၁၄ ရက်နေ့က ချီတက်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြပြီး စစ်တပ်၏ အခြေခံစီးပွားရေးထောက်တိုင်များ ဖြိုချရေးအတွက် အသိပညာပေးဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

မကြာခဏ တိုက်ခိုက်ခံနေရသည့် လောင်းလုံးမြို့နယ်က ရဲစခန်းတစ်ခုကို စစ်ကောင်စီတပ် လက်လွှတ်စွန့်ခွာ

diz_admin

January 14, 2023

‌ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များ မကြာခဏဝင်ရောက်တိုက်ခိုက်နေသည့် လောင်းလုံးမြို့နယ် သကျက်တောနယ်မြေရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်လွှတ်စွန့်ခွာသွားပြီဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။ ဇန်နဝါရီလ ၁၃ ရက်ညအချိန်က စွန့်ခွာသွားခြင်းဖြစ်ပြီး နောက်တစ်နေ့မနက် ( ဇန်နဝါရီလ ၁၄ ရက်မနက်) မှ စစ်ကောင်စီတပ်သားများ စခန်းစွန့်သွားသည်ကို ဒေသခံများက သိရှိခဲ့ခြင်းဖြစ်သည်။ “စခန်းကနေသူတို့( စစ်ကောင်စီတပ်ဖွဲ့ဝင်များ) ထွက်သွားတာကို အစကမသိဘူး။ စခန်းတံခါးကြီးပွင့်ပြီးတော့ တိတ်ဆိတ်နေတာကိုတော့ သတိထားမိတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။ နောက်ပိုင်းမှ တစ်ယောက်စကားတစ်ယောက်ကြားပြီး ရဲစခန်းအခြေအနေကို သွားရောက်ကြည့်ရှုခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာသွားသည်ကို သိရှိခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ ဇန်နဝါရီလ ၆ ရက်နေ့က သကျက်တောရဲစခန်းမှ တပ်ဖွဲ့ဝင်နှစ်ဦး ရဲစခန်းအပြင်ဖက်သို့ထွက်ပြီး ထန်းရည်ဝယ်ချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် တစ်ပတ်အကြာတွင် စခန်းကိုစွန့်ခွာသွားခြင်း ဖြစ်သည်။ ထိုကဲ့သို့ပစ်ခတ်မှုတွင် ရဲတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီတပ်ကလည်း ပြည်သူနေအိမ်နှစ်ဆောင်နှင့် ထန်းရည်တဲတစ်လုံးကို […]

သထုံတွင် လူဦးရေစာရင်းကောက်နေသော အုပ်ချုပ်ရေးမှူးနှင့် စာရေးမ ပစ်သတ်ခံရ

diz_admin

January 14, 2023

မွန်ပြည်နယ်၊ သထုံမြို့နယ် တောင်စွန်းကျေးရွာတွင် မဲစာရင်းလိုက်ကောက်နေသည့် အုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ ပစ်သတ်ခံရကြောင်း သိရသည်။ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးသိန်းနှင့် စာရေးမတို့သည် ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ကျေးရွာအတွင်း လူဦးရေစာရင်း လိုက်လံကောက်ခံနေစဥ် ပစ်ခတ်ခံရခြင်းဖြစ်သည်။ သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် စာရေးမသည် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားပြီး အုပ်ချုပ်ရေးမှူးကတော့ ရရှိသည့်သေနတ်ဒဏ်ရာဖြင့် ဆေးရုံအရောက်တွင် သေဆုံးသွားသည်ဟု သိရသည်။ “အုပ်ချုပ်ရေးမှူးက ဆေးရုံရောက်ပြီးမှ သေသွားတယ်လို့ သိရတယ်။ သူတို့က ရွာထဲမှာ လူဦးရေစာရင်း ကောက်နေရင်း ပစ်ခတ်ခံရတာ” ဟု တောင်စွန်းဒေသခံတစ်ဦးက ပြောသည်။ တောင်စွန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးမတို့ကို ၎င်းတို့အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ စစ်ကောင်စီထောက်တိုင် ပြုလုပ်ပေးနေသူများ ရွေးကောက်ပွဲ […]

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

diz_admin

January 14, 2023

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ယနေ့(ဇန်နဝါရီ ၁၄) မနက်ပိုင်းက စစ်တပ်ထုတ်ကုန်မသုံးစွဲရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ ယင်းလှုပ်ရှားမှုတွင် စစ်တပ်ထုတ်ကုန်မသုံးစွဲရန် စည်းရုံးဟောပြောခြင်း၊ ဝယ်ယူသုံးစွဲခြင်းမလုပ်ဘဲ သပိတ်မှောက်ရမည့် စစ်တပ်ထုတ်ကုန်စာရင်းများ ဖြန့်ဝေခြင်း၊ စတေကာကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။