ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ပျူစောထီးဒုခေါင်းဆောင်၏ ဖမ်းဆီးခံမိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်

diz_admin

January 17, 2023

လောင်းလုံးမြို့နယ် လမ်းပိုင်းတစ်နေရာတွင် ဒီဇင်ဘာ ၁၈ ရက်နေ့က ဖမ်းဆီးခံခဲ့ရသည့် ကျောက်နီမော်ရွာ ပျူစောထီး ဒုခေါင်းဆောင် ဦးစိုးသန်း၏ မိသားစုဝင်သုံးဦးအနက် တစ်ဦးပြန်လွတ်လာပြီဖြစ်ကြောင်း ဒေသခံများနှင့် မိသားစုဝင်များထံမှသိရသည်။ ဒေသခံပြည်သူ့ကာကွယ်ရေး အဖွဲ့တစ်ခုက ၎င်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီခံရပြီးနောက် ဆယ်ရက်ခန့်အကြာတွင် သားငယ်ဖြစ်သူ မောင်ရဲခန့်ကျော်အား ပြန်လွှတ်ပေးလိုက်ပြီး မိခင်ဖြစ်သူမချိုလွင်ဦးနှင့် သားကြီးဖြစ်သူ မောင်ယဉ်ကိုထက်မှာမူ တစ်လနီးပါးကြာသည်အထိ မလွတ်လာသေးပေ။ “ဘာသတင်းမှလည်းမရသေးဘူး။ စိတ်ပူတာပေါ့နော် အမေကလည်း သွေးတိုးဆီးချိုရှိတယ်။ ခုဆိုရင်ဆေးပြတ်နေလောက်ပြီ အနည်းဆုံးတော့ ဖုန်းလေးနဲ့ပဲ ဆက်သွယ်ခွင့်တော့ပေးစေချင်တယ်။ ခုကဘာဖြစ်နေမှန်း မသိဘဲစိတ်ပူနေရတာ”ဟု ၎င်းကပြောသည်။ ဒေါ်ချိုလွင်ဦးနှင့်သားသုံးယောက်သည် ဒီဇင်ဘာ ၁၈ ရက်နေ့ ထားဝယ်မြို့သို့ ကင်းမွန်တက်ရောင်းစဉ် မိသားစုသုံးဦးစလုံး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။ ဒေါ်ချိုလွင်ဦး၏ဖခင်မှာ လက်နက်ကိုင်ဆောင်ထားသည့် ပျူစောထီးဒုခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ယခု ဖမ်းဆီးခံထားရသည့် မိသားစုဝင်များနှင့် စိတ်ဓာတ်၊ခံယူချက်ခြင်းကွာခြားသူ […]

ပုလောရှပ်ပုံရွာတွင် တိုက်ပွဲပြင်းထန် အုပ်ချုပ်ရေးမှူးသေဆုံးဟုဆို

diz_admin

January 16, 2023

မြိတ်ခရိုင်၊ပုလောမြို့အနီး ရှပ်ပုံရွာတွင် တိုက်ပွဲပြင်းထန်နေပြီး အုပ်ချုပ်ရေးမှူးလည်း တိုက်ပွဲအတွင်းသေဆုံး သွားကြောင်း ဒေသခံများ ထံမှသိရသည်။ ရှပ်ပုံကျေးရွာ သင်္ချိုင်းဟောင်းအနီး စံပြရပ်ကွက်တွင် ယနေ့နေ့လယ် ၁ နာရီခွဲမှ စတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွါးနေခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီတပ်သားအချို့လည်း သေဆုံးသွားသည်ဟု ကြားရကြောင်း ဒေသခံများကပြောသည်။ “အုပ်ကြီးအပါအဝင် စစ်သားတချို့ သေတယ်လို့ကြားတယ်။ ဖြစ်တဲ့နေရာနားမှာက အကွက်ရိုက်ရောင်းထားတဲ့ မြေကွက်တွေဆိုတော့ အိမ်တွေကနည်းတယ်။ ရွာသားထိခိုက်တာကတော့ မကြားရသေးဘူး” ဟု ဒေသခံအမျိုးသား ကပြောသည်။ စံပြရပ်ကွက်ရှိ ချောင်းကူးတံတားအား ပြည်သူ့ကာကွယ်ရေးတပ်များက မိုင်းခွဲပြီးနောက် ချောင်းတစ်ဖက်တစ်ချက်မှနေ၍ နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေသည်ဟု ၎င်းတို့ကပြောသည်။ “”ခုထိလက်နက်ကြီးတွေနဲ့ ပစ်နေတုန်းပဲ ရွာသားတွေကတော့ အိမ်ထဲပုန်းနေရတာပေါ့။ ရွာမကြီးထဲရောက်လာရင် ပြေးဖို့တော့ အဆင်သင့်လုပ်ထားကြတယ်”ဟု ဒေသခံအမျိုးသမီးကပြောသည်။ ယနေ့ညနေ ၅ နာရီတွင် ပစ်ခတ်မှုများလျော့ကျသွားပြီး လုံးဝရပ်စဲခြင်းတော့မရှိသေးဟု ဒေသခံများကဆိုသည်။ ရှပ်ပုံကျေးရွာသည် […]

ထိုင်းတွင် ကလေးငယ်ချီထားသော မြန်မာမိခင်တစ်ဦး စတိုးဆိုင်ထဲ စားစရာ ဝင်ခိုးမိသဖြင့် ဖမ်းဆီးခံရ

diz_admin

January 16, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက် တစ်နှစ်အရွယ် ကလေးငယ်ကိုချီထားသော မြန်မာအမျိုးသမီးမိခင်တစ်ဦးသည် 7-Eleven စတိုးဆိုင်ထဲ ဝင်ရောက်ခိုးယူမိသဖြင့် ဖမ်ဆီးခံရကြောင်း စတ်တဟစ်ရဲစခန်းက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃ ရက် ည ၁၀ နာရီခွဲခန့်တွင် စတ်တဟစ်ဒေသရှိ 7-Eleven စတိုးဆိုင်၌ မြန်မာမိခင်တစ်ဦးသည် ကလေးအနှီးခံ ၂ ထုပ်နှင့် မာမားခေါက်ဆွဲဘူး ၂ ဘူးတို့ကို ဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၆နှစ်အရွယ် အဆိုပါအမျိုးသမီးသည် ၁၇၃ ဘတ်တန်ဖိုးရှိသော အဆိုပါပစ္စည်းကို ၎င်းနှင့် အတူပါလာသော အစိမ်းရောင်အိတ်ထဲသို့ ထည့်ကာ ခိုးယူရန်ကြိုးစားခဲ့သည်ဟု ဆိုသည်။ ခိုးယူမှုကို ဆိုင်ဝန်ထမ်းများက သိရှိသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး စတ်တဟစ်ရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။ […]

ထားဝယ်တွင် ဆန္ဒပြလူငယ်၏နေအိမ် ချိပ်ပိတ်ခံရ

diz_admin

January 16, 2023

ထားဝယ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြချိန်က တောက်လျှောက်ပါဝင်ခဲ့သည့် လူငယ်တစ်ဦး၏ နေအိမ် ချိပ်ပိတ်ခံလိုက်ရကြောင်း ကာယကံရှင်က ပြောသည်။ ထားဝယ်မြို့ ဆေးရုံလမ်းရှိ နေအိမ်ကို စစ်ကောင်စီတပ်က ပြီးခဲ့သည့်သီတင်းပတ်အတွင်း ချိပ်ပိတ်ခဲ့ကြောင်း နေအိမ်ချိပ်ပိတ်ခံရသည့် ကိုတက်တိုးအောင်က ဆိုသည်။ “တော်လှန်ရေးသပိတ်စကတည်းက တော်လှန်ရေးထဲပါဝင်လာတော့ ကျွန်တော့်ကို မမိလို့ ဒီလိုလုပ်သွားတာလို့ ယူဆတယ်” ဟု ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်က နေအိမ်ကို ချိပ်လာပိတ်ချိန်တွင် မိသားစုဝင်များက နယ်ဘက်ခရီးသွားနေချိန်ဖြစ်သလို ၎င်းကိုယ်တိုင်လည်း နေအိမ်တွင်မရှိကြောင်း ကိုတက်တိုးအောင်က ပြောသည်။ အိမ်နီးချင်းများ၏ ပြောဆိုချက်အရ စစ်ကောင်စီတပ်ကား ခုနစ်စီးဖြင့် လာရောက်ပြီး ချိပ်ပိတ်သွားသည်ဟု ဆိုသည်။ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်အထိ ထားဝယ်ဒေသတွင် ချိပ်ပိတ်ထားသည့် နေအိမ် ဆယ်ချီရှိနေပြီဖြစ်သည်။ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် […]

ပုလော တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦးကျဆုံး

diz_admin

January 15, 2023

မြိတ်ခရိုင်၊ပုလောမြို့နယ်တွင် အခြေစိုက်သည့် တောကြီးမြွေဟောက်အဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ က ယနေ့ (ဇန်နဝါရီ ၁၅)ည ၈ နာရီတွင် ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် နိုင်ငံနှင့်ပြည်သူအတွက် ရဲဝံ့စွာတာဝန်ထမ်းဆောင်ရင်း အသက်ပေးဆပ်သွားသည်ဟုသာ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ရဲဘော်ဘိုဖြူသည် မည်သည့်တိုက်ပွဲတွင် ကျဆုံးခဲ့သည်ကို ထုတ်ပြန်ချက်တွင် ရေးသားမထားသော်လည်း ဒေသခံများပြောဆိုချက်အရ ပုလောမြို့နယ်၊တပိုကျေးရွာအနီးတွင် ဇန်နဝါရီ ၁၄ ရက်နေ့က နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးဖက်မှ ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့က မော်ကွန်းရေးထိုးမှတ်တမ်းတင်ကြောင်းနှင့် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပါကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ တောကြီးမြွေဟောက်အဖွဲ့ King Cobra Force သည် ပုလောပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) လက်အောက်တွင်ရှိပြီး မိုင်းကိုအဓိကထား အသုံးပြုကာ စစ်ကောင်စီကိုတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်သည်။ ပုလောမြို့နယ်သည် တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် […]

ထားဝယ်တွင် ကြက်သွန်ဖြူဈေး ဆက်တိုက်မြင့်တက်

diz_admin

January 15, 2023

ထားဝယ်ဈေးကွက်ရှိ အဝယ်ဒိုင်များတွင် ကြက်သွန်ဖြူအဟောင်း ပြတ်လုနီးပါးဖြစ်နေပြီး ကြက်သွန်ဖြူအသစ် စျေးကွက်အတွင်း ဝင်မလာသေးသည့်အတွက် ကြက်သွန်ဖြူဈေး ဆက်တိုက်တက်နေကြောင်း စျေးကွက်အတွင်းမှသိရသည်။ “ကြက်သွန်ဖြူအသစ် ထွက်ဖို့က နောက်တစ်လနှစ်လလောက် လိုသေးတယ်။ လက်ရှိအဟောင်းက ပွဲရုံတိုင်းမှာနည်းလာတဲ့အခါကျတော့ သူလိုသူဆွဲ ငါလိုငါဆွဲနဲ့ဈေးက မြင့်တက်လာတဲ့သဘောပါ”ဟု ထားဝယ်မြို့ရှိ ကုန်ခြောက်ပစ္စည်း လက်လီ၊လက်ကားရောင်းချနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ၂၃ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူတစ်ပိဿာ ၄၉၀၀ကျပ်မှ ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ၅၅၀၀ ကျပ် အထိမြင့်တက်ခဲ့သည်။ ယခုလ ဇန်နဝါရီ ၆ ရက်နေ့ဈေးကွက်ထဲတွင် ကြက်သွန်ဖြူတစ်ပိဿာ ၆၀၀၀ ကျပ်မှ ယနေ့ ဇန်နဝါရီ ၁၃ ရက်နေ့တွင် တစ်ပိဿာ ၆၅၀၀ ကျပ်ဖြစ်သွားသည်။ သုံးပတ်အတွင်း တစ်ပိဿာ ၁၆၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။ ကြက်သွန်ဟောင်းနည်းနေချိန် […]

တပ်ပိုင်မြေဟုဆိုကာ ကွမ်းစိုက်တောင်သူများကို ရာအိမ်မှူးနှစ်ဦးက ဖယ်ခိုင်း

diz_admin

January 15, 2023

မြိတ်မြို့၊ စန္ဒဝတ်ကျေးရွာအုပ်စု၊ ရွာသစ်ရွာအတွင်း ကွမ်းရွက်ခြံစိုက်ပျိုးထားသည့် တောင်သူများကို တပ်ပိုင်မြေ ဟုဆိုကာ စစ်ကောင်စီခန့် ရာအိမ်မှူးနှစ်ဦးက ဖယ်ရှားခိုင်းနေကြောင်း ကွမ်းစိုက်တောင်သူအချို့နှင့် ရွာသားများထံမှ သိရသည်။ လွန်ခဲ့သည့် ဆယ်နှစ်နီးပါးမှစတင်ကာ ယခုအချိန်အထိ ယင်းမြေပေါ်တွင် ဒေသခံအချို့က ကွမ်းရွက်ခြံနှင့် ကွမ်းသီးပင်များ စိုက်ပျိုးခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။  လက်ရှိတွင် အဆိုပါနေရာသို့ သွားရောက်လုပ်ကိုင်ခွင့်မရဘဲ တားမြစ်ခံနေရကြောင်း တောင်သူများက ပြောဆိုသည်။ “စစ်တပ်က တရားဝင် လာပြောတာမျိုး မလုပ်ဘူး။ အလံနီတွေ ဘာတွေလည်း လာမစိုက်ဘူး။ ရာအိမ်မှူး နှစ်ယောက်ကပဲ တပ်ပိုင်မြေလို့ပြောပြီး လာနှင်ထုတ်နေတာ” ဟု ကွမ်းစိုက်တောင်သူတစ်ဦးကပြောသည်။ ယင်းကွမ်းခြံအနီးတွင် အမှတ် (၁၃) စစ်မြေပြင် ဆေးတပ်ရင်းတည်ရှိသည်။ တောင်သူများ လုပ်ကိုင်စားသောက်နေသည့် ယင်းမြေ ၅ ဧကနှင့် ပတ်သက်ပြီး တပ်ပိုင်မြေနှင့် ကင်းလွတ်ကြောင်း […]

ကျိုက်ထို မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရ

diz_admin

January 15, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မရမ်းချောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်း ပစ်သတ်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ၎င်းကို အမည်မသိ သေနတ်သမားတို့က ဇန်နဝါရီလ ၁၄ ရက် ည ၇ နာရီခွဲခန့်က မရမ်းချောင် ဘုရားကိုးဆူအနီးတွင် ဆိုင်ကယ်ဖြင့် လာရောက်ပြီး ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အသက် ၄၇ နှစ်အရွယ် ဦးအောင်ထွန်းတွင် နဖူးကျည်ထိမှန်ဒဏ်ရာဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ဒေသခံတို့က ဆိုသည်။ ဦးအောင်ထွန်းမှာ ယခင် မရမ်းချောင်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းဦး ပစ်သတ်ခံရသည့် ဇွန်လနောက်ပိုင်းမှသာအုပ်ချုပ်ရေးမှူး အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်သည်ဟု ၎င်းတို့ထံမှ သိရသည်။ “ဘုရားကိုးဆူအနားမှာ ပစ်သတ်ခံရတယ်။ သူက အုပ်ချုပ်ရေးမှူးဖြစ်လာတာမကြာသေးဘူး။ အရင် အုပ်ချုပ်ရေးမှူးကလည်း ဒီလိုပဲ ပစ်သတ်ခံရတာ” ဟု မရမ်းချောင်ဒေသခံတစ်ဦးက ပြောသည်။ […]