မက်ဆီနဲ့ စီရော်နယ်ဒို အားပြိုင်မယ့်ပွဲအတွက် အထူးသီးသန့် VIP လက်မှတ်တစ်စောင်ကို ပေါင် ၂ ဒသမ ၂ သန်းဖြင့်ဝယ်ယူ
diz_admin
January 19, 2023မက်ဆီနဲ့ စီရော်နယ်ဒို တို့ တွေ့ဆုံအားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲအတွက် တစ်စောင်တည်းအဖြစ် အထူးစီမံကာ လေလံစနစ်နဲ့ ရောင်းချပေးခဲ့တဲ့ VIP လက်မှတ်ကို ဆော်ဒီအာရေဗျ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ လေလံဆွဲသွားခဲ့ပြီး လေလံအောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ အယ်လ်နတ်စ်ဆာ-အယ်လ်ဟီလယ်လ် ညွန့်ပေါင်းအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ အားပြိုင်ကြမယ့် ရီယာ့ဒ်ဖိတ်ခေါ်ဖလား ချစ်ကြည်ရေးခြေစမ်းပွဲမှာ ထိပ်တိုက်တွေ့ဆုံ အားပြိုင်ကြမှာပါ။ စီရော်နယ်ဒိုဟာ အယ်လ်နတ်စ်ဆာ – အယ်လ်ဟီလယ်လ်အသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး ကျောနံပါတ် ၇ ကို ဝတ်ဆင်ကာ ဒီပွဲကို ကစားသွားဖို့ ရှိနေပါတယ်။ ပေါင် ၂ ဒသမ ၂ သန်းအထိ ပေးချေကာ ဒီလက်မှတ်ကို လေလံအောင်သွားခဲ့တဲ့ ဆော်ဒီစီးပွားရေးလုပ်ငန်းရှင်ဟာ အထူးစီစဉ်ပေးထားတဲ့နေရာက ပွဲကြည့်ရှုခွင့်၊ မက်ဆီနဲ့ […]


