ကလေးငယ်များအပါအဝင် တရားမဝင်မြန်မာအလုပ်သမားနှစ်ဆယ်ကျော် ထိုင်းမြောက်ပိုင်းတွင် အဖမ်းခံရ
diz_admin
January 14, 2023ကလေးငယ်များအပါအဝင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား နှစ်ဆယ်ကျော်ကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်တွင် ဇန်နဝါရီလ ၁၃ ရက် ညက ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများက ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ရှိ ရွှေတြိဂံဒေသ နမ့်ဟုတ်မြစ်ကိုဖြတ်၍ အုပ်စုလိုက်လမ်းလျှောက်ဝင်ရောက်လာသည်ကို သတင်းရရှိခဲ့သဖြင့် နယ်ခြားစောင့်တပ်က သွားရောက်စစ်ဆေးခဲ့ကြောင်း ရေးသားထားသည်။ ထိုသို့စစ်ဆေးရာတွင် ကလေးငယ် ၇ ဦးအအပါအဝင် စုစုပေါင်း ၂၂ ဦးကို တွေ့ရှိရပြီး ၎င်းတို့မှာ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသည်ကိုတွေ့ရကြောင်း ဖော်ပြထားသည်။ ကလေးငယ် ၇ ဦးအပါအဝင် အမျိုးသား ၆ ဦး၊ အမျိုးသမီး ၇ ဦးနှင့်အတူ လမ်းပြကူညီသူ ၂ ဦး ဖြစ်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အဆိုပါ […]


