ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

အဖမ်းခံထားရသည့် ကျောက်နီမော်ဒေသခံ အမျိုးသမီးနှစ်ဦးပြန်လွတ်

diz_admin

January 26, 2023

စစ်ကောင်စီတပ်က ဖမ်းဆီးထားသည့် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ရွာမှ အမျိုးသမီးနှစ်ဦး မနေ့(ဇန်နဝါရီ ၂၅)ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူအချို့၏ ပြောပြချက်အရ သိရသည်။ အသက် ၄၅ နှစ်ခန့်ရှိ ကျောက်နီမော်ရွာသား ကိုဇော်ဦး၏ နေအိမ်ကို ဇန်နဝါရီလ ၂၄ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က လာရောက်ချိပ်ပိတ်စဉ် ဘေးအိမ်တွင်နေသည့် အမျိုးသမီးနှစ်ဦးကိုပါ ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးမှာ ကိုဇော်ဦး၏ အမဝမ်းကွဲတော်စပ်သူ အသက် ၄၇ နှစ်ခန့်ရှိ ဒေါ်စန်းမူနှင့် အိမ်နီးချင်းဖြစ်သူ အသက် ၂၀ ကျော်အရွယ် မအိအိထွေးတို့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က တစ်ရက်ကြာ စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဆွေမျိုးနီးစပ်တော်သူ အမျိုးသားတစ်ဦးက ပြောသည်။ “ပြန်လွတ်ပြီ မနေ့ညနေကပြန်လွတ်တယ်။ ရိုက်နှက်ထုထောင်းတာတော့မရှိပါဘူး။ ဖမ်းပြီး စစ်ဆေးမေးမြန်းတာလောက်ပဲတဲ့” ဟု ၎င်းက ပြောသည်။ ဆန္ဒပြချိန်က […]

ထိုင်းတွင် မြန်မာတက္ကသိုလ်ကျောင်းသားတစ်ဦး ငါးလွှာက ပြုတ်ကျသေဆုံး

diz_admin

January 26, 2023

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်တွင် တက္ကသိုလ်တက်နေသော မြန်မာကျောင်းသားတစ်ဦးသည် ယနေ့ ဇန်နဝါရီလ ၂၆ရက် နံနက်ပိုင်းတွင် ငါးထပ်အဆောင်ပေါ်က ပြုတ်ကျသေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ သေဆုံးသူမှာ အသက် ၂၁ နှစ်အရွယ် ကိုဖြိုးကျော်ခိုင်အမည်ရှိ မြန်မာကျောင်းသားဖြစ်ပြီး ပထုံဌာနီခရိုင်ရှိ ရန်စစ်တက္ကသိုလ် စက်မှုပညာဌာနတွင် ပထမနှစ်တက်ရောက်သင်ယူနေသူဖြစ်ကြောင်း ရေးသားထားသည်။ လက်ဟွက့်ဒေသ အေပကျင်းလမ်းရှိ ငါးထပ်အဆောင်တွင် ယနေ့ နံနက် ၇ နာရီခန့်က အမြင့်မှ ပြုတ်ကျသံတစ်ခုကို ကြားရသဖြင့် သွားရောက်စစ်ဆေးရာ လူတစ်ဦးပြုတ်ကျကာ သွေးအိုင်ထဲလဲနေပြီး အသက်မရှူတော့သည်ကို အဆောင်လုံခြုံရေးဝန်ထမ်းက တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းနောက် သက်ဆိုင်ရာကို အကြောင်းကြားခဲ့သဖြင့် မှုခင်းဆရာဝန်များ၊ အရေးပေါ်အဖွဲ့အစည်းနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ပြုတ်ကျသူမှာ မြန်မာတက္ကသိုလ်ကျောင်းသားဖြစ်နေပြီး ဦးခေါင်းကွဲ၊ ခြေလက်ကျိုးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း ရေးသားထားသည်။ […]

ဆိုင်ကယ်စီးခွင့်ပိတ်ထားသည့် ကံပေါက်တွင် အသွားအလာတိတ်ဆိတ်၊ ဒေသခံအချို့အဖမ်းခံရ

diz_admin

January 26, 2023

ဆိုင်ကယ်စီးနင်းသွားလာခွင့် ပိတ်ခံထားရသည့် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာအတွင်း ယနေ့ ဇန်နဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် သွားလာသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းအပြင် မဂ္ဂင်ရပ်ကွက်၊ လှည်းကုန်း (၁) ရပ်ကွက်၊ မိကျောင်းအိုင်ရပ်ကွက်တို့က ဒေသခံ ၁၀ ဦးနီးပါး အဖမ်းခံထားရကြောင်း စုံစမ်းသိရှိရသည်။ အဖမ်းခံရသူများတွင် ဆိုင်ကယ်မစီးဘဲ သွားလာနေသူများလည်း ပါဝင်နေသလို နေအိမ်ထဲတွင် ဝင်ရောက်ဖမ်းဆီးမှုများလည်းကြောင်း ဒေသခံများထံမှ သိရသည်။ ဆိုင်ကယ်စီးသွားလာစဉ် အဖမ်းခံရသူအချို့မှာလည်း အဓိက လမ်းမများတွင် စီးသူများမဟုတ်ဘဲ အိမ်နီးနား ပတ်ဝန်းကျင် လမ်းသွယ်ထဲတွင် စီးနင်းသည်ကိုပင် ကားဖြင့် လိုက်လံဖမ်းဆီးခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ လတ်တလောတွင် မဂ္ဂင်ရပ်ကွက်မှ ပန်းရံလုပ်ငန်းလုပ်ကိုင်သူ ဦးမင်းမင်း၊ ၎င်းနှင့် သားမက်တော်စပ်သူ ကိုအာကာမာန်၊ လှည်းကုန်း (၁) ရပ်ကွက်မှ […]

ကော့သောင်းမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ဇနီး သေနတ်ဖြင့်ပစ်ခံရ

diz_admin

January 26, 2023

ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။ အေးရိပ်ငြိမ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးယုလွင်နှင့် ဇနီးဖြစ်သူတို့ မနေ(ဇန်နဝါရီ ၂၅)ည ၉ နာရီခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဆေးရုံတင်ထားရသည်ဟု ဒေသခံများကပြောသည်။ အဆိုပါဇနီးမောင်နှံနှစ်ဦး အပြင်မှပြန်လာစဥ် နေအိမ်အနီး၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး စစ်ဆေးရုံတွင် ကုသမှုခံယူနေသည်ဟု ၎င်းတို့ကပြောသည်။ “မိန်းမမှာက ခြေသလုံးဖောက်ထွက်သွားတယ်။ ယောက်ျားမှာက လက်မောင်းမှာထိတယ်။ သေတော့မသေပါဘူး။ ခုလောလောဆယ်တော့ ဆေးရုံတင်ထားရတယ်”ဟု အေးရိပ်ငြိမ်ရပ်ကွက်နေ အမျိုးသား ကပြောသည်။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်က ပတ်ဝန်းကျင်ရှိနေအိမ်အချို့ကို ဝင်ရောက်စစ်ဆေးခဲ့သည်ဟု ဒေသခံများကပြောသည်။ အုပ်ချုပ်ရေးမှူးဦးယုလွင်သည် ၂၀၂၂ ခုနှစ်ဇွန်လအတွင်းကလည်း သေနတ်ဖြင့်ပစ်ခံရဖူးပြီး ဒဏ်ရာရရှိဖူးကာ ယခုဒုတိယအကြိမ်မြောက် ထပ်မံအပစ်ခတ်ခံရခြင်းဖြစ်သည်။ “ခုဆိုနှစ်ခါရှိပြီပေါ့။ အပစ်ခံရတာ”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ ၂၀၂၂ နိုဝင်ဘာလကလည်း ကော့သောင်းမြို့ယာဥ်ထိန်းရဲတစ်ဦး သေနတ်ပစ်ခံရပြီး […]

ရေခူသားပေါက်များကြောင့် ကင်းမွန်ရှားနေပြီး ဖမ်းဆီးရရှိမှုနည်းနေ

diz_admin

January 26, 2023

စျေးကောင်းနေသော်လည်း ကင်းမွန်ရှားပါးသဖြင့် ဖမ်းဆီးရရှိမှုနည်းပါးနေပြီး တွက်ခြေမကိုက်ဖြစ်နေကြောင်း မြိတ်ဒေသမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။ ကင်းမွန်ငါးဖမ်းလုပ်ငန်းရာသီအား နှစ်စဉ် ( သီတင်းကျွတ်ကာလပြီးနောက်) နိုဝင်ဘာလမှစပြီး ဧပြီလကုန်အထိ လုပ်ကိုင်လေ့ရှိကြသည်။ “လက်သီးဆုတ်လောက်ရှိတဲ့ ရေခူသား‌ပေါက်တွေပေါလို့ ကင်းမွန်အရနည်းတာပါ။ စရိတ်တော့ ကာမိသေးတယ်။ ရေခူရှိတဲ့နေရာဆို ‌တော်တော်များများ ငါးတွေမရှိတော့ဘူး” ဟု ရွှေပြည်တန်ရပ်နေ ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ကင်းမွန်ငါးဖမ်းလုပ်ကွက်အတွင်း ဇန်နဝါရီလအစမှစပြီး ရေခူသားပေါက်များ ပေါ်များနေသဖြင့် ကင်းမွန်ဖမ်းဆီးရရှိမှု နည်းပါးလာခဲ့ခြင်းဖြစ်သည်။ “‌ဒီတ‌စ်လ‌တော့ တော်တော်များများ အရနည်းကြတယ်။ ရရင်လည်း စရိတ်ပိုရုံလေးပဲရကြတာ ရေခူတွေက ဘယ်အချိန်အထိပေါ်နေမလဲတော့ မသိဘူး။ ပေါ်လိုက်ပျောက်လိုက်ဖြစ်တတ်တယ်” ဟုကျွန်းစုမြို့ရှိ ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ ကင်းမွန်လှေတစ်စီးလျှင် ပင်လယ်ပြင်တစ်ခေါက်(ဆယ့်ငါးရက်)အတွက် စက်သုံးဆီနှင့် အခြားကုန်ကျစရိတ် ပျမ်းမျှ သိန်းတစ်ရာနီးပါးအထိ ကုန်ကျလေ့ရှိကြောင်း ကင်းမွန်ငါးဖမ်းလှေလုပ်ငန်း […]

ကံပေါက်တွင် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ဆိုင်ကယ်စီးခွင့်ပိတ်

diz_admin

January 25, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသအတွင်း ဆိုင်ကယ်စီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နေ့လယ်ပိုင်းတွင် ကံပေါက်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်စိုးနှင့် အခြားအမျိုးသားတစ်ဦးတို့ကို အမည်မသိလက်နက်ကိုင်များက လာရောက်ပစ်ခတ်သဖြင့် ဒဏ်ရာရှိခဲ့သည်။ ယင်းနောက် ညနေပိုင်းတွင် မောရဝတီရေတပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်လာပြီး ‌ကံပေါက်ကျေးရွာအုပ်စုရှိ ရပ်ကွက် ၁၀ ရပ်ကွက်အတွင်း ဆိုင်ကယ်စီးနင်းသွားလာခွင့် ပိတ်လိုက်သည်ဟု လာရောက်ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြားခဲ့ရသည့် ဒေသခံတစ်ဦးက ဆိုသည်။ မောရဝတီရေတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကံပေါက်အခြေခံပညာအထက်တန်းကျောင်း အရှေ့တွင် လမ်းသွားလမ်းလာ ဆိုင်ကယ်များအား ရပ်တန့်စစ်ဆေးကာ ဆိုင်ကယ်စီးခွင့် ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီ ဖြစ်သည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။ နောက်ရက်များတွင် ဆိုင်ကယ်စီးသည်ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ […]

တနင်္သာရီတွင် တိုက်ပွဲဆက်ဖြစ်နေပြီး ညဖက်မသွားလာကြရန် ထုတ်ပြန်

diz_admin

January 25, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းပေါ်တွင် ညဖက်သွားလာခြင်းမပြုကြရန် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။ ဇန်နဝါရီလ ၂၃ ရက်မှ ယနေ့ ဇန်နဝါရီလ ၂၅အထိ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ပြည်ထောင်စုလမ်းပေါ် ည ၇ နာရီမှ နံနက် ၅ နာရီအထိ ယာဉ်များမောင်းနှင်သွားလာခြင်း မပြုကြရန် ထုတ်ပြန်အသိပေးထားသည်။ ယင်းအပြင် စစ်ကောင်စီတပ်ကားများနှင့် နီးကပ်စွာသွားလာခြင်း မပြုရန်၊ အမိုးအကာဖုံးအုပ်ထားခြင်း မပြုရန်၊ မှန်ဖွင့်မှောင်းနှင်ရန်နှင့် တော်လှန်ရေးအဖွဲ့များ၏ စစ်ဆေးလျှင် ကြည်ဖြူစွာလက်ခံရန်လည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ “ညဖက်ကတော့ မသွားတာ တော်တော်ကြာနေပြီ။ နေ့ဖက်တောင် သတင်းလေသံနားထောင်ပြီးမှ သွားနေရတာ။ ညဖက် တချို့သွားတဲ့ အိမ်စီးကားတွေလည်း ရှိနေတယ်” ဟု မြိတ်-ကော့သောင်းခရီးသည်တင်ကား မောင်းသူတစ်ဦးက ပြောသည်။ ဇန်နဝါရီလ ၂၃ ရက်ကစပြီး […]

ကျုံဒိုးတွင် တိုက်ပွဲပြင်းထန်၊ ဒေသခံထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်

diz_admin

January 25, 2023

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ် ကမ်းနီကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲများပြင်းထန်နေပြီး နေအိမ်များ မီးလောင်နေသည့်အပြင် ဒေသခံထောင်နှင့်ချီမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ကမ်းနီကျေးရွာတဝိုက်တွင် စစ်ကောင်စီတပ်နှင့် ကရင်ပူးပေါင်းတပ်ဖွဲ့တို့အကြား ဇန်နဝါရီလ ၂၃ရက်တွင် တိုက်ပွဲ စတင်ဖြစ်ခဲ့ပြီး ဇန်နဝါရီလ ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း ဒေသခံတို့က ပြောသည်။   တိုက်ပွဲကြောင့် ကျုံဒိုးမြို့နှင့် အနီးအနားရှိ ကမ်းနီ၊ သရက်တော၊ ကော့ကျိုက်၊ ရွာကလေး၊ ကော့သာ၊ ညောင်ရိပ်သာ စသည့်ကျေးရွာတို့မှ ဒေသခံထောင်နှင့်ချီတို့သည် ဘားအံ၊ ဇာသပြင်၊ ကော့ဘိန်း၊ သံလှယ်၊ မော်လမြိုင်ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ၎င်းတို့ထံမှ သိရသည်။ “ရွာထဲမှာပဲ ပစ်ခတ်နေကြတော့ ဘယ်သူမှ မနေရဲကြတော့ဘူး။ ရွာမှာ ယောက်ျာလေးတွေပဲ တစ်ယောက်စ နှစ်ယောက်စ ကျန်နေတာ။ […]