ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ကံပေါက်တွင် အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းနှစ်ဦး ထပ်အဖမ်းခံရ

diz_admin

January 27, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အာယုဒါန အောက်ဆီဂျင်နှင့် အခမဲ့သွေးလှူဒါန်းရေးအသင်းက စေတနာ့ဝန်ထမ်း ဖြစ်သူ ကိုမောင်မောင်နှင့် မသိင်္ဂိစိုး (ခေါ်) မလတီဖွါတို့နှစ်ဦး ထပ်မံအဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်အစောပိုင်းတွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဗိုလ်ချုပ်ရပ်ကွက်မှာ အိမ်သုံးလေးအိမ် ဧည့်စာရင်းစစ်သလို တံခါးတွေ ဖွင့်ခိုင်းပြီး စစ်တယ်။ စစ်ပြီးတာနဲ့ မလတီဖွာကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ကိုမောင်မောင်ကိုပါ ခေါ်သွားတာ” ဟု ဗိုလ်ချုပ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ ကိုမောင်မောင်မှာ ပြီးခဲ့သည့်နှစ်က စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့သူဖြစ်သည်။ မလတီဖွာနှင့် ကိုမောင်မောင်တို့ကို မည်သည့်အကြောင်းအရင်းကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ ကံပေါက်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရပြီးနောက် ဒေသခံများ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရသည်။ […]

တနင်္သာရီတွင် တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော် သုံးဦးကျဆုံး

diz_admin

January 27, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက ရဲဘော်သုံးဦး ကျဆုံးခဲ့ရကြောင်း မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က ယနေ့ထုတ်ပြန်သည်။ ဇန်နဝါရီလ ၂၃ ရက်မှ ၂၅ ရက်အတွင်း မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်နှစ်ဦးနှင့် တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်တစ်ဦး တိုက်ပွဲတွင်ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက် ဖော်ပြသည်။ တိုက်ပွဲသုံးရက်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက စစ်ကောင်စီတပ်အား မိုင်းဆွဲခြင်း၊ အပြန်အလှန်ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်းတို့ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်တွင်လည်း ၃၀ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ တိုက်ပွဲဖော်ဆောင်မှုကို မြိတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တောကြီးမြွေဟောက်အဖွဲ့နှင့် မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂) တို့က လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ တနင်္သာရီမြို့နယ်အတွင်း ဇန်နဝါရီလ ၂၃ ရက်နေ့မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိ […]

လောင်းလုံးတွင် လောင်းကစားဝိုင်းကို  ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်ဖမ်းပြီး လူအချို့ကိုရိုက်နှက်ပြစ်ဒဏ်ပေး

diz_admin

January 27, 2023

လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာက လောင်းကစားဝိုင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုက ဝင်ရောက်ဖမ်းဆီးကာ လူအချို့ကိုရိုက်နှက်ကာ ပြစ်ဒဏ်ပေးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။ ဆီအုန်း‌တောအတွင်း ပြုလုပ်နေသည့် လောင်းကစားဝိုင်းကို ဇန်နဝါရီလ ၂၇ ရက်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ဝင်ရောက်ဖမ်းဆီးစဉ် လောင်းကစားပြုလုပ်နေသူ အချို့ထွက်ပြေးသွားပြီး ၂၀ ဦးကို ဖမ်းမိခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ဖမ်းခံရသူများကို နောက်တစ်ကြိမ် လောင်းကစားထပ်မလုပ်ရန် အပြစ်ပေးသည့်အနေဖြင့် ခြေထောက်ကို ရိုက်နှက်ခဲ့ကြောင်း ရိုက်နှက်ခံရသူတစ်ဦးကို ကိုးကားပြီး အခြားဒေသခံတစ်ဦးကပြောသည်။ “ခြေသလုံးမှာ အရှိုးရာနှစ်ခုတွေ့တယ်။ ဝါးခြမ်းပြားနဲ့ရိုက်ထားတဲ့ပုံစံမျိုးပေါ့နော်။ သူတို့ပြောတာကတော့ အပြစ်ပေးတဲ့သဘောရိုက်တာပေါ့နော်။ ဒဏ်ရာက ကြီးကြီးမားမားတော့မဟုတ်ဘူး။ ကျောင်းမှာ ဆရာမရိုက်လို့ရတဲ့ ဒဏ်ရာမျိုးပဲပေါ့နော်” ဟု ၎င်းက‌ဆိုသည်။ ထုတ်ပြန်ချက်တွင်မူ ရိုက်နှက်ခဲ့သည့်အကြောင်းမပါဝင်ပေ။ လောင်းကစားပြုလုပ်နေသူတို့ထံမှ ငွေကျပ် ၁၂ သိန်းကျော်၊ ထိုင်းဘတ်ငွေ နှစ်ထောင်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း […]

စစ်တပ်ရိက္ခာ သယ်လာသည်ဆိုသော ခရီးသည်ကားကို ပုလောကာကွယ်ရေးတပ် သတိပေးပစ်ခတ်

diz_admin

January 27, 2023

စစ်တပ်ရိက္ခာများ သယ်ဆောင်လာသည်ဆိုသော ခရီးသည်တင်မှန်လုံကားတစ်စီးကို ပစ်ခတ်သတိပေးခဲ့ကြောင်း ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့(PRDF)က ယနေ့ထုတ်ပြန်လိုက်သည်။ စစ်တပ်ရိက္ခာသယ်နေသည့် ရွှေပုလဲသီခရီးသည်တင်ယာဥ်ကို ပုလောမြို့နယ်၊ကဒဲရွာအနီး ဇန်နဝါရီ ၂၆ ရက်နေ့နံနက် ၁၁ နာရီခွဲခန့်က သတိပေးပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ ပစ်ခတ်ရာတွင် ယာဉ်မောင်း၊ ယာဥ်နောက်လိုက်အပါအဝင် ခရီးသည်အားလုံးကို ကားပေါ်မှ ဆင်းခိုင်းပြီး လေကာမှန်ကို ပစ်ခတ်ခဲ့ကြောင်း၊ မှန်ကွဲစများကိုလည်း ပုလောကာကွယ်ရေးတပ်မှ ရှင်းလင်းပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စစ်တပ်ရိက္ခာများ သယ်ဆောင်ခြင်းမပြုရန် အကြိမ်ကြိမ်သတိပေးခဲ့သည့်ကြားမှ ဆက်လက်လုပ်ဆောင်နေသည့်အတွက် ပစ်ခတ်ရခြင်းဖြစ်ကြောင်း လည်းဖော်ပြထားသည်။ ယာဥ်လိုင်းအား အပြင်းအထန်သတိပေးသည့်အနေဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ခရီးသည်များ စိတ်အနှောင့်အယှက်ဖြစ်ရသည့်အတွက် အနူးအညွတ်တောင်းပန်ကြောင်းနှင့် ယင်းယာဥ်လိုင်းအား ခရီးသွားပြည်သူများ အနေဖြင့် ရှောင်ကြဥ်ကြရန်လည်း တိုက်တွန်းကြောင်း ရေးသားထားသည်။ စစ်ကောင်စီတပ်ရိက္ခာ သယ်ယူသည်ဆိုခြင်းနှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။ မြိတ်-ပုလော […]

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည့် မွန်ငြိမ်းချမ်းရေးခေါင်းဆောင် သေနတ်ထိမှန်သေဆုံး

diz_admin

January 27, 2023

ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်သည့် မွန်ငြိမ်းချမ်းရေးခေါင်းဆောင် နိုင်အောင်သိုက်ဟင်မှာ သေနတ်ကျည်ဆန်ထိမှန်ပြီး သေဆုံးသွားကြောင်း ဒေသခံသတင်းရင်းမြစ်များ ထံမှသိရသည်။ နိုင်အောင်သိုက်ဟင်မှာ တနင်္သာရီမြို့နယ်၊ အေးမွန်သာရွာ၊ ထိုင်း-မြန်မာနယ်စပ်၊ ချောင်ချိဒေသတွင်နေထိုင်သူ ဖြစ်ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့ နံနက်က ဆက်ကြေးလာကောက်သည့် မွန်ငြိမ်းချမ်းရေးခွဲထွက်အဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ရာတွင် ဝဲနံကြားကျည်ဆန်မှန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ခွဲထွက်အဖွဲ့မှ လက်နက်ကိုင်ဆယ်ဦးသည် သေဆုံးသူ နိုင်အောင်သိုက်ဟင်၏ နေအိမ်သို့ရောက်ရှိလာပြီး ဆက်ကြေးငွေ ဘတ်သုံးသိန်းတောင်းခံရာ မပေးသဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က Dawei Watch သို့ သတင်းပေးပို့သည်။ နိုင်အောင်သိုက်ဟင်သည် အသက် ၅၀ ကျော်အရွယ်ဖြစ်ပြီး ရုပ်အလောင်းအား ထိုင်းနိုင်ငံတွင် ဇန်နဝါရီလ ၂၆ ရက်နေ့က သင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။ အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်အတွင်း ခွဲထွက်အဖွဲ့ဘက်မှလည်း တစ်ဦးသေဆုံးကျန်ရစ်သည်ဟု ဒေသတွင်း သတင်းရင်းမြစ် ကဆိုသည်။ လာရောက်ပစ်ခတ်သည့် ခွဲထွက်အဖွဲ့နှင့်ပတ်သက်ပြီး […]

ပလမြို့အနီး ပစ်ခတ်မှုဖြစ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်မီးရှို့ခံရ

diz_admin

January 26, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့အနီးက ဇာဒီရွာတွင် ယနေ့ ဇန်နဝါရီလ ၂၆ ညပိုင်းက နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ ဇာဒီရွာတွင် ယနေ့ည ၆ နာရီမှ ၇ နာရီအထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ယင်းပစ်ခတ်မှုပြီးနောက် ဇာဒီရွာ ပစ်ထောက်ရပ်ကွက်ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးကြင်ရှိန်၏ နေအိမ်မီးရှို့ခံရကြောင်း ဒေသခံများက ပြောသည်။ ယင်းမီးရှို့မှုတွင် အုပ်ချုပ်ရေးမှူးအိမ်၏ ဘေးတစ်ဖက်တချက်က နေအိမ်နှစ်လုံး မီးလောင်ကျွမ်းသွားကြောင်း ၎င်းတို့က ဆိုသည်။ “သူ (ဦးကြင်ရှိန်) က စစ်ကောင်စီခန့် ရပ်ကွက်လူကြီးပါ။ အရင်ကလည်း သူ့အိမ်မိုင်းခွဲခံရဖူးတယ်” ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။ မီးရှို့မှုကို မည်သည့်အဖွဲ့က ပြုလုပ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။ လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က […]

ဦးထွန်းမင်းလတ်ကို စွဲချက်တင်ထားသောအမှုများ တရားရုံးလက်ခံ၊ ပူးပေါင်းပါဝင်သူများကို သေဒဏ်ချ

diz_admin

January 26, 2023

ဟိုတယ်ထားဝယ်ပိုင်ရှင် ဦးထွန်းမင်းလတ်အပေါ်တွင် စွဲချက်တင်ထားသော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနှင့် နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများကို ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဘန်ကောက်မြို့ရှိ ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးမှ လက်ခံလိုက်ပြီဖြစ်ကြောင်း ထိုင်းတရားရေးကျွမ်းကျင်သူ Steven Sanyu က ရေးသားခဲ့သည်။ ယခင်က ဖမ်းမိခဲ့သော ဦးထွန်းမင်းလတ်နှင့် ဆက်နွယ်သူ ထိုင်းနိုင်ငံသား ၆ ဦးကိုလည်း မူးယစ်ဆေးဝါးမှုနှင့် ငွေကြေးခဝါချမှုများဖြင့် သုံးနှစ်ကျော်ကြာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။ လက်နက်ပွဲစားလည်းဖြစ်သူ မြန်မာစီးပွားရေးလုပ်ငန်းရှင် ဦးထွန်းမင်းလတ်ကို Allure Group မှလုပ်ဖော်ကိုင်ဖက် ထိုင်းနိုင်ငံသား ၃ ဦးနှင့်အတူ ပြီးခဲ့သောနှစ် စက်တင်ဘာ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို၌ ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့သည်။ အသက် ၅၃ နှစ်အရွယ် ဦးထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ်အထိ ချမှတ်နိုင်သော […]

ကျိုက်ထိုတွင် ဘုရားဖူးကားပေါ် လက်နက်ကြီးကျည်ကျ ၁ ဦးသေ၊ ၇ ဦး ဒဏ်ရာရ

diz_admin

January 26, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းဆုံနေရာတွင် ဘုရားဖူးကားတစ်စီးအပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုဖြစ်ပြီး ဘုရားဖူး ၁ ဦးသေဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။ မကွေးတိုင်း‌ဒေသကြီး နတ်မောက်မှ မွန်ပြည်နယ်သို့ ဘုရားဖူးလာသည့် Light Truck အမျိုးအစားကားသည် မနေ့ (ဇန်နဝါရီ ၂၅) နေ့လယ် ၁၂ နာရီအချိန်ခန့်က မုပ္ပလင်ကျေးရွာ ကားလမ်းဆုံနေရာတွင် ၄၀ မမ ကျည်ကျရောက် ပေါက်ကွဲခဲ့သည်ဟု ဒေသခံများကပြောသည်။ လူ ၁၂ ဦး စီးနင်းလိုက်ပါလာသည့် အဆိုပါ ဘုရားဖူးကားပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသား ၁ ဦး သေဆုံးပြီး၊ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ “ဘုရားဖူးကားပေါ် ကျည်ကျပေါက်ကွဲတဲ့ဖြစ်ရပ်မှာ ဘာတိုက်ပွဲမှမရှိဘဲ လက်နက်ကြီးက ကျလာတာ၊ ဘယ်ကနေ […]