ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်း

ရေး-သံဖြူဇရပ်ကားလမ်းတွင် ကားနှစ်စီးတိုက်၊ ထားဝယ်ဒေသခံ သုံးဦးအပါအဝင် ငါးဦးသေဆုံး

diz_admin

January 28, 2023

မွန်ပြည်နယ်၊ ရေးမြို့နယ် ရေး-သံဖြူဇရပ်ကားလမ်းမပေါ်တွင် Probox ကားနှင့် ခရီးသည်တင် Express ကားတို့ တိုက်မိပြီး ကလေးငယ်တစ်ဦးအပါအဝင် ငါးဦးသေဆုံးသွားကြောင်း လူမှုကယ်ဆယ်ရေးအသင်းများထံမှ သိရသည်။ သံဖြူဇရပ်ဘက်မှ လာသည့် Probox ကားနှင့် ရေးဘက်မှလာသည့် Express တို့သည် ကနင်ကမော့ကျေးရွာနှင့် အောင်သာယာကျေးရွာအကြားတွင် ဇန်နဝါရီလ ၂၇ ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် မျက်နှာချင်းဆိုင် တိုက်မိခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။   Probox ကားပေါ် လိုက်ပါလာသော အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ ယာဉ်အကူနှင့် ယာဉ်မောင်းတို့ အားလုံး ကားထဲညှပ်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။ “Probox ကားပေါ်မှာ ပါလာတဲ့လူအားလုံးကတော့ သေဆုံးသွားတယ်။ […]

တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့်ဗုံးချ တိုက်ခိုက်ခံရ

diz_admin

January 28, 2023

မြိတ်ခရိုင်၊ တနင်္သာရီမြို့ ရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက် ၁၁ နာရီဝန်းကျင်က ရဲစခန်းကို ဒရုန်းဖြင့် ဗုံးချခံရပြီး အထိအခိုက်ရှိသည်ဟု သတင်းထွက်သော်လည်း သေသေချာချ မသိရသေးကြောင်း ဒေသခံများက ပြောသည်။ ဒရုန်းဖြင့် ဗုံးနှစ်လုံးချခဲ့ရာ တစ်လုံးသည် သစ်ပင်ထိမှန်ပေါက်ကွဲပြီး နောက်တစ်လုံးမှာ ရဲစခန်းသို့ ကျရောက်ကာ ရဲတပ်သားနှစ်ဦး ထိခိုက်သွားသည်ဟု ကြားသိရကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ တနင်္သာရီမြို့ခံ အမျိုးသားနောက်တစ်ဦးကမူ “တချို့ကလည်း ထိခိုက်သွားတယ် ပြောသလို အထိအခိုက် မရှိဘူးလို့လည်း ပြောနေကြတယ်။ ကျွန်တော်တို့ကလည်း သွားကြည့်မရဲဘူး” ဟု ပြောဆိုသည်။ ယခုတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လုပ်ဆောင်သည်ဟု ကြားသိရကြောင်း ဒေသခံတို့ထံမှ သိရသည်။ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း […]

Non-CDM များ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးပြည်သူ့ကာကွယ်ရေးအဖွဲ့ထုတ်ပြန်

diz_admin

January 28, 2023

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် မပါဝင်သည့် Non-CDM ဝန်ထမ်းများ ၇ ရက်အတွင်း အလုပ်ထွက်ရန် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ရက်တွင် ထုတ်ပြန်လိုက်သည်။ လောင်းလုံးမြို့နယ်အတွင်းရှိ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ရက်နေ့ နောက်ဆုံးထားပြီး စစ်ကောင်စီကို အမြန်ဆုံးစွန့်ခွာရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းထုတ်ပြန်ချက်မှာ အာဏာသိမ်းပြီး ၂ နှစ်နီးပါးအတွင်း ပထမဆုံးအကြိမ် Non-CDM များကို ဖိအားပေးသည့် ထုတ်ပြန်ချက်ဖြစ်လာသည်။ ယင်းထုတ်ပြန်ချက်အပေါ် ဒေသတွင်းရှိ CDM ဝန်ထမ်းအချို့က ထောက်ခံကြောင်း ပြောဆိုကြသည်။ “ကျွန်မတို့ တောက်လျှောက် စိုးရိမ်သောကတွေနဲ့ နေလာရတာ‌လေ။ အခုလိုမျိုးထုတ်ပြန်တာကိုတော့ အားပေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ဘယ်လိုခံစားခဲ့ရလဲဆိုတာ သူတို့ (Non-CDM များ) ကိုယ်ချင်းစာတတ်စေချင်လို့ပါ” ဟု လောင်းလုံးမြို့နယ်သူ CDM ဝန်ထမ်းတစ်ဦးက ပြောသည်။ ယခင်ကမူ […]

မြိတ်‌ ရေကန်ဘောင်ကန်တွင် အမျိုးသားတစ်ဦးအလောင်းတွေ့

diz_admin

January 28, 2023

မြိတ်မြို့ ကန်ကြီးရပ်ရှိ ရေကန်ဘောင် ကန်တွင် ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက်ပိုင်းက ရေနစ်သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိကြောင်း ကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတို့ထံမှ သိရသည်။ အဆိုပါ ရေကန်ဘောင်အနီး လမ်းသွားလမ်းလာအချို့က ကန်အတွင်းရှိ ရုပ်အလောင်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူတစ်ဦးက ပြောသည်။ “ရေဘယ်လို နစ်သွားလဲဆိုတာ မသိဘူး။ ခုလောလောဆယ် အလောင်းပိုင်ရှင် မပေါ်သေးဘူး” ဟု ၎င်းက ဆိုသည်။ အဆိုပါ အမျိုးသားသည် အသက် ၄၀ နှစ်အရွယ်ရှိပြီး ရုပ်အလောင်းအား ဆယ်ယူပြီး စစ်ကောင်စီတပ်ဆေးရုံရှိ ရင်ခွဲရုံသို့ တင်ပို့ထားကြောင်း ကယ်ဆယ်ရေး‌ဆောင်ရွက်ပေးသူတို့မှ သိရသည်။

တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

diz_admin

January 27, 2023

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဇန်နဝါရီ ၂၁ ရက်နေ့မှ ဇန်နဝါရီ ၂၇ ရက်နေ့အထိ အစ္စရေးစစ်တပ်ရဲ့ ဝင်ရောက်စီးနင်းမှုကြောင့် ပါလက်စတိုင်း ၉ ဦးသေဆုံး ပါလက်စတိုင်းနိုင်ငံ အနောက်ကမ်းခြေ မြောက်ပိုင်းမှာရှိတဲ့ ဂျန်နင်မြို့ကို အစ္စရေးစစ်တပ်က ဝင်ရောက်စီးနင်းသိမ်းပိုက်ခဲ့လို့ အသက် ၆၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး အပါအဝင် ပါလက်စတိုင်း ၉ ဦးအထိ သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်း တိုက်ခိုက်မှုကြောင့် လူ ၂၀ ဒဏ်ရာရရှိခဲ့ပြီး ၄ ဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေ ပြုလုပ်ဖို့ စီစဉ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးဖို့ ယခုလိုစီးနင်းတိုက်ခိုက်ရတာလို့ အစ္စရေးစစ်တပ်က […]

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် ရွာသားနှစ်ဆယ်ခန့် ဖမ်းဆီးနှိပ်စက်ခံရ

diz_admin

January 27, 2023

သရက်ချောင်းမြို့နယ် ကင်းရှေ့ရွာတွင် ဇန်နဝါရီလ ၂၅ ရက်နေ့ညနေပိုင်းက ရွာသူရွာသား နှစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ပြီးနှိပ်စက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများကဆိုသည်။ ကင်းရှေ့ရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်မိုးကို လာရောက်ရှာဖွေစဉ် ကင်းရှေ့ရွာလမ်းတစ်လျှောက် တွေ့ရသည့်ဒေသခံများနှင့် ဦးအောင်မိုး၏ ဆွေမျိုးသားချင်းများကိုဖမ်းဆီးကာ ရိုက်နှက်ထုထောင်းခြင်း၊ သေနတ်ဖြင့်ပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ အဖမ်းခံရသူများတွင် အမျိုးသမီး ဆယ်ဦးခန့်နှင့် အမျိုးသား ဆယ်ဦးကျော်ပါဝင်ပြီး အုပ်ချုပ်ရေးမှူး၏ ညီမဖြစ်သူနှင့် ခယ်မဖြစ်သူကို ပါးနားရိုက်ခြင်း၊ သေနတ်ဖြင့်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုခြင်းများ ပြုလုပ်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ အမျိုးသား ၄ ဦးမှာလည်း ရိုက်နှက်ခံရပြီး ကိုဖိုးပိုက်ဆိုသည့် လူငယ်တစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ ရိုက်နှက်ကန်ကျောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပေါင်မှန်ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ အုပ်ချုပ်ရေးမှူး၏ ခယ်မဖြစ်သူကို အုပ်ချုပ်ရေးမှူးအိမ်လိုက်ပြခိုင်းရာတွင် တခြားအိမ်ကိုလိမ်ပြီး […]

မော်လမြိုင်-ရန်ကုန် ရထားလမ်းပိုင်း မိုင်းခွဲခံရပြီး ရထားခရီးစဉ်များ ဖျက်သိမ်း

diz_admin

January 27, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာအနီး ခလွန်ချောင်းကူး ရထားလမ်းသံတံတား မိုင်းခွဲခံရပြီးနောက် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ ခလွန်ချောင်းကူး ရထားလမ်းသံတံတားသည် ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီခန့်က မိုင်းဖောက်ခွဲခံရပြီး တံတားနံရံ အက်ကွဲတာ၊ ရထားသံလမ်းကွေးကောက်သွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ မုပ္ပလင်ဘူတာနှင့် ကျိုက္ကသာဘူတာကြား ရထားလမ်းတံတားကြံ့ခိုင်မှု အခြေအနေကြောင့် ရထားဖြတ်သန်း၍ မရသဖြင့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ဇန်နဝါရီ ၂၇ ရက်နေ့မှစပြီး ယာယီဖျက်သိမ်းလိုက်ကြောင်း မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။ လက်ရှိတွင် ရထားလမ်းတံတားကို မြန်မာ့မီးရထားက အမြန်ဆုံး ပြင်ဆင်လျက်ရှိပြီး ပြီးစီးသည်နှင့် ရထားပုံမှန်ပြန်လည် ပြေးဆွဲသွားမည်ဟုလည်း မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။ “တံတား ပြင်ပြီးတာနဲ့ ရထားပြန်လည်ပြေးဆွဲသွားမှာပါ။ အခုတော့ ခရီးစဉ်တွေကို ယာယီဖျက်သိမ်းထားတယ်။ […]

ကံပေါက်တွင် အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းနှစ်ဦး ထပ်အဖမ်းခံရ

diz_admin

January 27, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အာယုဒါန အောက်ဆီဂျင်နှင့် အခမဲ့သွေးလှူဒါန်းရေးအသင်းက စေတနာ့ဝန်ထမ်း ဖြစ်သူ ကိုမောင်မောင်နှင့် မသိင်္ဂိစိုး (ခေါ်) မလတီဖွါတို့နှစ်ဦး ထပ်မံအဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်အစောပိုင်းတွင် စစ်‌ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဗိုလ်ချုပ်ရပ်ကွက်မှာ အိမ်သုံးလေးအိမ် ဧည့်စာရင်းစစ်သလို တံခါးတွေ ဖွင့်ခိုင်းပြီး စစ်တယ်။ စစ်ပြီးတာနဲ့ မလတီဖွာကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ကိုမောင်မောင်ကိုပါ ခေါ်သွားတာ” ဟု ဗိုလ်ချုပ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ ကိုမောင်မောင်မှာ ပြီးခဲ့သည့်နှစ်က စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့သူဖြစ်သည်။ မလတီဖွာနှင့် ကိုမောင်မောင်တို့ကို မည်သည့်အကြောင်းအရင်းကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ ကံပေါက်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရပြီးနောက် ဒေသခံများ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရသည်။ […]