မြိတ်မြို့တွင် ဖုန်းဆိုင်ဖောက်ထွင်းခံရ၊ အလစ်သုတ်မှုများလည်းဆက်တိုက်ဖြစ်
Dawei Watch
June 25, 2024မြိတ်မြို့တွင် ဇွန်လ ၂၃ရက် ညက ဖုန်းဆိုင်ဖောက်ထွင်းခံရပြီး ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ ခိုးယူခံရကြောင်း ဖုန်းဆိုင်ရှင်အမျိုးသားက ပြောသည်။ မြိတ်မြို့ တိုးချဲ့ဈေးအနီး စေတနာလမ်းတွင်ရှိသည့် ဖိုးကြီးဖုန်းဆိုင် ဖောက်ထွင်းခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ တစ်ပတ်ရစ် ဖုန်းအလုံး ၃၀၊ Power Bank ခုနစ်လုံးခန့်အပါဝင် Hard Disk အပြင် ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ ခိုးယူခံရပြီး တန်ဖိုးကျပ်သိန်း ၃၀ ထက်မနည်း ရှိကြောင်း ဆိုင်ပိုင်ရှင်အမျိုးသားက ပြောဆိုသည်။ “သော့က နှစ်လုံးခတ်ထားတယ်။ တစ်လုံးက သော့တုနဲ့ ဖွင့်ထားပုံရတယ်။ နောက်သော့တစ်လုံးက ရိုက်ဖွင့်ထားတယ်။ ဆာဗစ် အပ်ထားတဲ့ဖုန်းတွေပါ အခုထိ အစနမရသေးဘူး” ဟု ၎င်းက ပြောသည်။ မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း ခိုးမှု၊ အလစ်သုတ်မှုများ အဖြစ်များနေကြောင်း မြို့ခံများထံမှ သိရသည်။ […]


