မြိတ်တွင် မနက်ဖြန် လျှစ်စစ်ဓာတ်အား ယာယီပြတ်မည်
Dawei Watch
May 31, 2024မြိတ်မြို့တွင်း ရပ်ကွက်များနှင့် မြို့သစ်ရပ်ကွက်များတွင် ဇွန်လ ၁ ရက်နေ့ နေ့လယ်ပိုင်းမှစ၍ လျှစ်စစ်ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ်ကြောင်း မြိတ်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း Petrol & Trans ကုမ္ပဏီကထုတ်ပြန်ထားသည်။ မြိတ်မြို့နယ်တွင်း လျှစ်စစ်အားဖြန့်ဖြူးပေးနေသည့် ဒီဇယ်အင်ဂျင်၏ မိန်းဆာ့ကစ်ဘရိတ်ကာ တစ်လုံးလဲလှယ်ရန်ရှိသည့်အတွက်ကြောင့် နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ မြို့တွင်းဧရိယာတစ်ခုလုံး တစ်နာရီကြာ ဓာတ်အားပြတ်တောက်မည်ဖြစ်သည်။ ယင်းအပြင် မိုးဦးကျရာသီတွင် လျှစ်စစ်အန္တရာယ်ကင်းရှင်းရေး ဓာတ်အားပြတ်တောက်မှု နည်းပါးစေရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်းနှင့်မလွတ်ကင်းသည့် အပင်များကို ခုတ်ထွင်ရှင်းလင်းရန်ရှိသည့်အတွက်ကြောင့် မြို့သစ်ဖီဒါဧရိယာတွင် ယာယီဓာတ်အားပြတ် တောက်နေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။ ထို့ကြောင့် ဇွန်လ ၁ ရက်နေ့လယ် ၁၁ နာရီမှ ၁၂ နာရီအထိ မြိတ်မြို့၊ မြို့သစ်ဖီဒါဧရိယာအတွင်းရှိသော မွန်စုရပ် ၊တရုတ်တန်းရပ်၊ ဘုရားကိုင်ရပ်၊ […]


